Saturday, May 28, 2016

ဂြိုဟ်တုချန်နယ်ငှားရမ်းသုံးစွဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုး

MOI Webportal Myanmar
·
နေပြည်တော် မေ ၂၈
ပို့ဆောင်ရေးနှင့် ဆယ်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနနှင့် အမေရိကန်နိုင်ငံအခြေ စိုက် (Intelsat Global Sale and Marketing Ltd.)တို့၏ ဂြိုဟ်တု ချန်နယ်ငှားရမ်း သုံးစွဲမှု သဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်း အနားကို မေ ၂၇ ရက် နံနက် ၁ဝ နာရီက နေပြည်တော်ရှိ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ်(၂)ရှိ စုပေါင်း ခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးခင်မောင်သက် က အဖွင့်အမှာစကားပြောကြားရာ တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆက်သွယ်ရေးခက်ခဲသည့် ဒေသများ တွင် ဆက်သွယ်ရေးကွန်ရက်ဖြန့်ကြက် နိုင်စေရန် Intelsat၏ ဂြိုဟ်တု ချန်နယ်များကိုMyanmarSat-1 အမည်ဖြင့် ငှားရမ်းအသုံးပြုသွား မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် ခြင်းကြောင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက်များ သိသာ စွာ ဖွံ့ဖြိုးတိုးတက်လာပြီး မြို့ပြနှင့် ကျေးလက်ဒေသများအထိ ကွန်ရက် Bandwidth များ ကျယ်ပြန့်စွာ ဆက်သွယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနများ၏ ကွန်ရက် ချိတ်ဆက် ဆောင်ရွက်မှုများနှင့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာ ရေး၊ စီးပွားရေး ကွန်ရက်ချိတ်ဆက် မှုများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ် များအတွက် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက်ပါ များစွာအထောက်အကူဖြစ်လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ Intelsat Global Sale and Marketing Ltd. ၏Regional Vice President Asia-Pacific Mr. Terry Bleakleyက နှုတ်ခွန်းဆက် စကား ပြောကြားသည်။ ယင်းနောက် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူး ချုပ်နှင့် Intelsat Global Sale and Marketing Ltd. ၏Regional Vice President Asia-Pacific တို့က သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးကြပြီး စာချုပ်များအပြန်အလှန် လဲလှယ်ခဲ့ကြသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment