Friday, May 20, 2016

စုံ အချက်ပြမီး



  • ·
    သိန်း မြင့်

    လမ်းဆုံ လမ်းခွ ၊ မီးပွိုင့်များတွင် အတည့်သွားမည့်ကားသည် စုံ အချက်ပြမီး (ဘယ်/ညာ နှစ်ဖက်စလုံး အချက်ပြ) သုံးဖို့လိုလား-
    အဖြေကတော့ No ပါ။
    စုံ အချက်ပြမီးရဲ့ အခေါ်အဝေါ်ကိုတောင် မသိသူများမည်ဟုထင်ပါသည်။ ထိုတြိဂံ ပုံလေးရဲ့ နာမည်မှာ Hazard Warning Light / Hazard Light ဖြစ်ပါတယ်။

    ကားမောင်းသူ အချို့သည် ဘယ် (သို့) ညာ ကွေ့ရာတွင် လိုအပ်သော လက်ကိုင်နှင့် အနီးဆုံး အချက်ပြမီးကို တော့ အသုံးမပြုကြပဲ လက်ကိုင်နှင့်ဝေးသော Hazard Light ကိုမူ လွှဲမှားစွာ အသုံးပြုကြပါတယ်။
    Hazard Light ကို ယာဉ်မောင်းသူသည် ကားကိုမောင်းနှင်နေစဉ် မိမိကားရှေ့တွင် အန္တရာယ်ရှိသော အနေအထားရှိနေသည်ဟု မိမိ၏နောက်ကားကို သိစေလိုသောအခါမျိုးတွင် အသုံးပြုခြင်းကို နိုင်ငံအတော်များများတွင် လက်ခံထားကြသည်။
    သေချာတာ တခုကတော့ အတည့်သွားမည့်ကားများ လုံးဝ အသုံးမပြု့ခြင်ပင်ဖြစ်ပါသည်။
    အရှိန်ပြင်းပြင်းခရီးနှင်ကြရာဝယ် (သိပ္ပံစာရေးဆရာဦးကိုကိုအောင်) ၏ စာအုပ်မှ ကောက်နှုတ်ချက်-
    နိုင်ငံတကာ ၎င်းအချက်ပြမီးကို လမ်းဆုံ လမ်းခွများ၌ဖြစ်စေ၊ ကုန်းတက်၊ ကုန်းဆင်းများ၌ဖြစ်စေ၊ တည့်တည့် မောင်းနှင်မည့် ကားများသည် မည်သည့် အချက်ပြကိုမျှ ပြရန် မလိုအပ်ပါ။
    Hazard Light ကို အောင်ပါ အခြေအနေများ၌သာ ဖွင့်၍ မောင်းနှင် ကြရမည် ဖြစ်သည်။
    (၁) လမ်းမပေါ်၌ ကားပျက်နေစဉ်
    (၂) ခေတ္တရပ်၍ ပစ္စည်းတင်/ချ ပြုလုပ်နေစဉ်
    (၃) ကားဘီးပေါက်၍ လဲလှယ်ရန် Jack ဖြင့်ထောက်မထားစဉ်
    (၄) စက်ပျက်နေသော ကားကို ဆွဲခေါ်လာစဉ်
    (၅) တစ်ဖက်ပိတ်လမ်း၏ အဆုံး၌ ရပ်ထားစဉ်
    (၆) ချောက်ကမ်းပါးနှင့် နီးကပ်သော နေရာ၌ ရပ်နားထားစဉ်
    (၇) အန္တရာယ်ဇုန်အနီး၌ ရပ်ထားစဉ်
    (၈) အရေးပေါ် ထိခိုက်ဒဏ်ရာ ရထားသူကို ကူညီတင်ဆောင်လာစဉ်
    (၉) မီးငြိမ်းသတ်ရန် မောင်းနှင်လာစဉ်
    (၁၀) မီးလောင်ပေါက်ကွဲနိုင်သော ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်
    (၁၁) တိရ စ္ဆာန်များ တင်ဆောင်မောင်းနှင်လာစဉ်
    (၁၂) ထုထည် ကြီးမားကျယ်ပြန့်သော စက်ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်
    (၁၃) ယန္တရားများ လုပ်ငန်းဆောင်ရွက်နေစဉ်
    (၁၄) အုပ်စုအလိုက် ယာဉ်တန်းဖြင့် မောင်းနှင်လာစဉ်
    (၁၅) ဘေးအန္တရယ် ကျရောက်နေသော နေရာအနီးမှဖြတ်၍ ဖြည်းညှင်းစွာ မောင်းနှင်နေစဉ်
    (၁၆) လုံခြုံရေးအခြေအနေအရ အရေးကြီးပုဂ္ဂိုလ်၏ ယာဉ်ကို စောင့်ရှောက် လိုက်ပါမောင်းနှင်လာစဉ်
    Crrdit>>

No comments:

Post a Comment