Friday, May 6, 2016

စိန်ခေါ်လိုက်ပါသည်။

Ko Gyi Maung

ပြည်သူ့အတွက်မကြောက်မရွံ့စိန်ခေါ်ပါတယ်
ကျွန်တော်ဟာ ကန့်ဘလူမြို့နယ် ဇီးကုန်း(တ)ကျေးရွာ အုပ်ချုပ်ရေးမှူး
ဇာနည်ကိုကိုအောင်ဖြစ်ပါတယ်။
ဇီးကုန်းဟာစည်ပင်ဥပဒေအရ၃(ခ)အရ သတ်မှတ်ထားတဲ့ဒေသပါ။
စည်ပင်ဥပဒေ by law အရ
ကျေးရွာကို မြို့အဝင်ဘီးကောက်ခံခွင့်ပေးထားတာပါ ဥပဒေအရ အငြင်းမပွားလိုပါ။


သို့သော်
ကျွန်တော်သည် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်နေခြင်းကြောင့်
ကျွန်တော်အုပ်ချုပ်တဲ့ကျေးရွာမှာ
ကျွန်တော်ရဲ့ by LAWအရ
ဇီးကုန်းကျေးရွာဖြစ်သည့်အတွက်
လုံးဝကန့်ကွက်ပါတယ်။
သို့သော် ပြောလိုသည်မှာ
မြို့ဝင်ဘီးခွန်သည် စည်ပင်သာယာဘက်မှ ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးသော
အလုပ်တစ်ခုဖြစ်သည်ဟုဆိုလျှင် အငြင်းမပွားလို့ပါ။
သို့သော် ယ္ခုတတ်လာသောအစိုးရသည်
ပြည်သူတို့ရဲ့ စားဝတ်နေရေး
ဆင်းရဲသာလျှော့ချနိုင်ရေး
ပြည်သူတို့သည် လောကပါလတရားနဲ့အညီနေထိုင်နိုင်ရေးဆိုသည်မှာ
အစိုးရတစ်ရပ်၏ တာဝန်ဖြစ်သည်ဟု သိထားပါသည်။
ယနေ့ မြန်မာနိုင်ငံအရပ်ရပ်
ဒေသအသီးသီးမှ မြို့ဝင်စည်ပင်ဂိတ်များနှင့်ပတ်သတ်၍
စိတ်သောကရောက်ကြရသည်မှာ
ကိုယ့်တွေ့မျက်ဝါးထင်ထင်ဖြစ်ပါသည်။
ဒါကို အစိုးရ တစ်ရပ် သို့မဟုတ် စည်ပင်ဌာနများအနေဖြင့်
ဦးစာပေးဆောင်ရွက်သင့်ပါသည်။
ဒါမှမဟုတ် မြို့အဝင်ဘီးခွန်များဖြင့်
ဝင်ငွေရသည်ဆိုလျှင် ဘီးခွန်အတွက်
အခြားနည်းလမ်းဖြင့်ရှာသင့်ပါသည်
ဘီခွန်ကို လေလံမပေးသင့်ပါ။
လေလံရရှိသောပုဂ္ဂိုလ်သည်။
သူ၏စီးပွားရေးဖြစ်၍
မောက်မာရိုင်းဆိုင်စွာ ကောက်ခံသည်မှာ
သူတို့အတွက် စီးပွားရေးဖြစ်ပါသည်။
ဒါတွေအားလုံးပြေလည်နိုင်သော အကြံတစ်ခုပေးလိုပါသည်
သည်အတွက် စိန်ခေါ်သံဖြစ်ပါသည်။
အခြားမြို့နယ်ဒေသများကိုတော့
အာမ မခံလိုပါ ကျွန်တော်ဇီးကုန်းကျေးရွာအတွက်
အာမခံပါသည်။
ဇီးကုန်းလေလံခွန်သည်။
သိန်း၂၄၀ သိန်းကျပ်ဖြစ်ပါသည်။
၎င်းလေလံခွန်ကို လျှော်ကြေးပေးလိုက်ပါ
ပြည်သူကလဲကျေနပ်စေရပါမည်။
အခွန်ငွေ သိန်း၂၄၀ကျပ်လည်ရစေရပါမည်။
ကျွန်တော်ကို တစ်လပဲ ကောက်ခံခွင့်ပေးလိုက်ပါ
240 သိန်းကျပ်ရစေရပါမယ်။
ကျန်လ တွေအတွက်
ပြည်သူအားလုံးလွတ်လပ်ပျော်ရွင်စွာ
စိတ်ချမ်းသာစွာ သွားလာနိုင်စေရမယ်လို့
စိန်ခေါ်လိုက်ပါသည်။
ဇာနည်အောင် ဇီးကုန်း
3. 5. 2016

No comments:

Post a Comment