ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လာလည်တဲ့ ကမ္ဘာလှည့်ခရီးသည်အများစုဟာ Bosang ရွာလေးကို ဝင်ရောက်လည်ပတ်လေ့ရှိကြတယ်
အကြောင်းကတော့ အရောင်အသွေးစုံလင်လှတဲ့ ဝါးခြမ်းထီးလေးတွေကို ဝယ်ယူကြဖို့ပါ
Bosang ရွာဟာ ကမ္ဘာမှာ ထီးမြို့တော်ဟု နာမည်ကျော်ကြားပြီး တစ်ရွာလုံးထီးလုပ်ခြင်းဖြင့် အသက်မွေးကြပါတယ်။
နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း သန်းနှင့် ချီပြီး ဒီရွာလေးကိုလာရောက်လည်ပတ်ပြီး ရောင်စုံထီးများကို အမြတ်တနိုးဝယ်ယူလေ့ရှိကြတယ်။
ဒီနာမည်ကျော် Bosang ထီး ရဲ့အစဟာ မြန်မာပြည်ကလို့ပြောရင် လူတော်တော်များများအံ့ဩကြလိမ့်မယ်။
ဒီ Bosang ထီးရဲ့ အစက သိပ်မကြာသေးပါဖူး။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်တုန်းကပေါ့။
Wat Bo Sang ကျောင်းထိုင်ဆရာတော် pra Inttha ဟာ နယ်လှည့်တရားဟောခဲ့တယ်။
တစ်နေ့ ထိုင်းမြန်မာနယ်စပ် သို့ရောက်ရှိလာပြီး တရားဟောတယ်
တရားနာတဲ့ သူတွေထဲမှာ မြန်မာပြည်ကလူတွေပါဝင်ခဲ့တယ်
အဲဒီမှာ ဆရာတော်ဟာ ထူးဆန်းတဲ့ လှူဖွယ်ပစ္စည်းတစ်ခုကို လက်ခံရရှိခဲ့တယ်။
အဲဒါကတော့ ဝါးနဲ့လုပ်ထားတဲ့ ထီးပေါ့
ဆရာတော်ဟာ အံ့ဩကြီးစွာဖြင့် ထီးကိုဖွင့်ကြည့်ခဲ့တယ်
ဒီလို ထီးကို ဝါးနဲ့လုပ်လို့ရပါလားဟု သိလိုစိတ်တွေပြင်းထန်လာခဲ့တယ်။
ဒါနဲ့ မန္တလေးမြို့နှင့် ပုသိမ်မြို့တို့
ကို သွားရောက်ပြီး ထီးလုပ်တဲ့ပညာကို လေ့လာဆည်းပူးခဲ့တယ်။
ဆရာတော်ဟာ အင်မတန်သဘောကျခဲ့ပြီး ထိုပညာရပ်များကို မိမိဇာတိဖြစ်တဲ့Bosang ရွာကို ပြန်သယ်သွားကာ ရွာသားများကို ပြန်လည်သင်ကြားခဲ့ရာမှ Bosang ထီးပေါ်ပေါက်လာခဲ့တယ်
ယနေ့ဆိုလျှင် Bosang ထီးဟာ ကမ္ဘာအမွေအနှစ်တစ် ခုဖြစ်ခဲ့ပြီး နှစ်စဉ် Bosang
ထီးပွဲတော်ကိုကျင်းပလေ့ရှိတယ်။
ကမ္ဘာအကြီးဆုံးသော ဝါးထီးကြီးပြုလုပ်ကာ ဂရင်းနစ်စံချိန်တောင် တင်ခဲ့ပါသေးတယ်။

No comments:
Post a Comment