Wednesday, April 20, 2016

❖ ကိုငှက် နဲ့ အောင်ရင် ❖

Music Crazy Te Te Tar Tar
·
`` နာရီပေါ်ကမျက်ရည်စက်များ ´´စီးရီးသွင်းနေဆဲမှာပင် The Aces မှ ကိုပက်ထရစ်၊ ကိုဗစ်တာတို့နှင့် ရင်းနှီးလာ၍ ကျော်မြင့်လွင်ကို ရန်ကုန် ရှိုးပွဲတွေမှာ ထည့်ပြီး ဆိုခွင့်ပေးသည်။
ထိုအချိန်က ရှိုးပွဲများမှာ The Aces အဖွဲ့လည်း ထိပ်ဆုံးကပါသည်။ ကျော်မြင့်လွင်အနေနှင့် ၀င်ဆိုခွင့်ရသည် ဆိုသော်လည်း တက်သစ်စအဖြစ် အားဖြည့် ကြားညှပ်သုံးတာဖြစ်သည်။
အဆိုတော် အကျော်အမော်ဆရာကြီး / ဆရာမကြီးတွေ တက်မလာခင် တီးဝိုင်းစမ်း၊ စက်စမ်းစဉ်ကာလ။ စက်သံ မှန်/မမှန် ချိန်သားညှိဆဲ အချိန်။

ထမင်းထုပ်၊ ဟင်းထုပ်ဘ၀နှင့် ၀င်ဆိုရတာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဤလမ်းကလေးလောက် ပွင့်လာဖို့ အရေးကိုက လွယ်လှသည် မဟုတ်။ ၀င်ဆိုခွင့်ရတာကိုပဲ ကျေးဇူးတင်ရသည်။ ရန်ကုန် ပရိသတ်နှင့် အထိအတွေ့ရလာသည်။
တီးဝိုင်းရှိရာကိုတော့ ဘတ်စ်ကားစီးပြီး လာရသည်။ လာကြိုလိမ့်မည်ဟူ၍ စိတ်ကူးအိပ်မက်၊ မက်၍မရ။ ဟိုကျတော့လည်း ကိုယ့်အလှည့်ရောက်အောင် အကြာကြီး ထိုင်စောင့်ရသည်။
တစ်ကြိမ်မှာတော့ ဂန္ဓီခန်းမတွင် န၀ရတ်ရေစင်က ကမကထလုပ်ပေးသော အကျော်အမော်နှစ်ဦး၏ Two Men Show ကြီးမှာ အဖြည့်ခံ ဆိုပေးခွင့်ရရှိခဲ့သည်။
အဆိုပါ အခွင့်ထူးအတွက် ကံကောင်းလှပြီဟူ၍ မှတ်ယူခဲ့ရလေသည်။ ဤသို့သော ထမင်းထုပ်၊ ဟင်းထုပ် ကာလမှာပင် ဘ၀တူအဆိုသမား အောင်ရင်နှင့် တွေ့ခဲ့ကြလေသည်။
ထိုအချိန်တွင် အောင်ရင်က စီးရီးထွက်ပြီးပြီ။
သို့သော် ထင်ရှား ကျော်ကြားခြင်း မရှိသေး။
တစ်ခါကျတော့ အောင်ရင်သီဆိုဖို့ ရည်ရွယ်စီစဉ်ထားသည့် သီချင်းကို နာမည်ကျော်အဆိုတော် တစ်ဦးက သိသိနှင့် ရှေ့ကပိတ်ဆိုသွားခဲ့သည်။
ကျော်မြင့်လွင်က အောင်ရင့်ကိုယ်စား မခံချင်။
သို့ဖြင့် ထိုသီချင်းကို သူက ထပ်ဆိုမည်လုပ်သည်။
နာမည်ကျော်တစ်ယောက် ဆိုသွားပြီးသားကို နောက်က လိုက်ဆိုရမည့်အလုပ်မှာ အန္တရာယ်လွန်စွာ များလှသည်။ သို့သော် The Aces အဖွဲ့ကလည်း သူဆိုချင်ဆို။ ခွင့်ပြု ပေးလိုက်သည်။
ကျော်မြင့်လွင် စိတ်ရှိလက်ရှိ တက်ဆိုလိုက်တော့ ရှေ့ကလူနှင့် တခြားစီ ဖြစ်သွားသည်။ ပရိတ်သတ်ကလည်း တစ်ခဲနက်ပင် အားပေးခဲ့ကြလေသည်။
ထိုအဖြစ်အပျက်နောက်ပိုင်းတွင် အောင်ရင်နှင့် ကျော်မြင့်လွင်တို့လည်း လွန်စွာခင်မင်ရင်းနှီးသွားကြသည်။
အောင်ရင်က မနက်မိုးလင်းလျှင် သူတို့အိပ်သော သထုံဆောင်သို့ ကားကလေးနှင့် ရောက်လာတတ်သည်။
လှည်းတန်းက အမေ့အိမ်ထမင်းဆိုင်မှာ တစ်ခါပြင် နှစ်ကျပ်ခွဲနှင့် ထမင်းစားကြသည်။ ကျောင်းထဲက ဦးချစ်ဆိုင်မှာလည်း ထိုင်ကြသည်။ အောင်ရင်ရောက်လာလျှင် သူတို့အားလုံး ပါးစပ်စိုသည်။
ကျန်သည့်အချိန်ကတော့ တကယ်ကို ကြည့်နေရသည်။ တစ်ခါတစ်လေများဆို ငှက်ပျောသီးစား၊ ရေသောက်ပြီး ဗိုက်မှောက်နေရသည်။
စီးရီးသွင်းနေဆဲ တစ်လလောက်အတွင်း အားလုံးပြတ်စလပ်စပြုပြီ။
တစ်နေ့ခွဲတမ်းအရ ဖီးကြမ်းငှက်ပျောသီးဝယ်လျှင် ခြောက်လုံးရ၍ ကိုဝင်းဦးနှင့် ကျော်မြင့်လွင်တို့ တစ်ယောက် သုံးလုံးစီဖြစ်သည်။ မနက် တစ်လုံးခွဲ၊ ညနေတစ်လုံးခွဲ ဖြစ်လေသည်။ ကျော်မြင့်လွင်က ငှက်ပျော်သီးကို တစ်ဝက်စားပြီး ကျန်တစ်ဝက်ကို အခွံနှင့် ပြန်ပိတ်ထားတတ်သည်။ ကယ်တင်ရှင် တစ်ယောက်ယောက်သာ
ရောက်မလာလျှင် အငတ်ဘေး ဒုက္ခ ရောက်လာရတော့သည်။ သို့သော် နှုတ်ပိတ်ရေငုံ။ ဘာတစ်ခုမျှ မပြောပဲ ကြိတ်မှိတ် ကျော်ဖြတ်ကြသည်။
တေးစီးရီးအမည်က "နာရီပေါ်မှ မျက်ရည်စက်များ" ဖြစ်လေရာ တကယ်တော့ အချိန်နှင့်အမျှ အခက်အခဲ အမျိုးမျိုးကို အံခဲကျော်ဖြတ်ဖန်တီးရခြင်းဖြစ်၍ "နာရီပေါ်က သွေး၊ ချွေး၊ မျက်ရည်နှင့် ဒုက္ခများ" ဟုပေးရမည်ဖြစ်သည်။ လူတွေ မသိသောပင်ပန်းဆင်းရဲမှုတွေကို ခါးစည်းဖြတ်သန်းခဲ့ရသည်။
အောင်ရင်ကတော့ နှစ်ရက်ခြား၊ သုံးရက်ခြားလောက် ၀င်ဝင်လာတတ်သည်။ ကျော်မြင့်လွင်က သီချင်းဆိုပြပြီး ကြိုက်လျှင်ယူသွား၊ လက်မှတ်ထိုးပြီး ပေးလိုက်သည်။
ရန်ကင်းမှ ညီညီသွင်၊ မောင်မောင်သွင်တို့ ညီအစ်ကိုနှင့်လည်း သိကျွမ်း၍ သူတော်ချင်းချင်း၊ သီတင်းလွေ့လွေ့၊ ပေါင်းဖက် တွေ့မိသွားကြသည်။ စိုးလွင်လွင်နှင့်လည်း သိကျွမ်းလာသည်။ သို့ဖြင့် ရန်ကင်းထဲသို့ သွားလိုက် လာလိုက်၊ အ၀င်အထွက်ဖြစ်လာသည်။
ကိုငှက် နဲ့ အောင်ရင် တို့ ၂ယောက်အတူထွက်ခဲ့သော `` အကြင်နာအိမ်မက် ´´
1.ချ စ်တယ်ထင်တယ် - အောင်ရင်
https://my.pcloud.com/publink/show
2.ချ စ် -အောင်ရင်
https://my.pcloud.com/publink/show
3.အကြင်နာအိမ်မက်- ထူးအိမ်သင် ..စိတ်ကူးပျော်ရာကပါ
https://my.pcloud.com/publink/show
4.မင်းသဘော - အောင်ရင်
https://my.pcloud.com/publink/show
5.အမေ့အိမ် - ထူးအိမ်သင်
https://my.pcloud.com/publink/show
6.အခါလွန်တဲ့မိုး - အောင်ရင်
https://my.pcloud.com/publink/show
7.ပျော်သလိုနေပါကွယ် - အောင်ရင်
https://my.pcloud.com/publink/show
8.ရင်ခုန်ရင်အချ စ်- အောင်ရင်+မေဆွိ
https://my.pcloud.com/publink/show
9.စိမ်းရက်လေအား - ထူးအိမ်သင်
https://my.pcloud.com/publink/show
10.ကိုယ့်ရင်ထဲ - အောင်ရင်
https://my.pcloud.com/publink/show
11.မဆုံးတဲ့သီချ င်း - အောင်ရင်+ ထူးအိမ်သင်
https://my.pcloud.com/publink/show
12.မင်းမရှိတဲ့နောက် - အောင်ရင်
https://my.pcloud.com/publink/show
13.သက်ငြိမ် - ထူးအိမ်သင်
https://my.pcloud.com/publink/show

No comments:

Post a Comment