ယခုဖော်ပြမှာကတော့ ပင်ဂွင်းငှက်လေးတွေဆီမှ လူတိုင်းသင်ယူသင့်တဲ့အချစ်သင်ခန်းစာ (၁၅) ခုပါပဲ။
၁။ တစ်ကောင်ကိုတစ်ကောင် မျက်စိအောက်က အပျောက်မခံပါဘူး။
ပင်ဂွင်းငှက်များသည် လူသားကဲ့သို့ပင် အသင်းအဖွဲ့နှင့် နေထိုင်ကြပြီး စည်းလုံးညီညွတ်မှုရှိကြပါတယ်။ အစာရှာဖွေရာတွင်လည်း အတူတူရှာဖွေကြပြီး သားရဲတိရာစ္ဆာန်အန္တရာယ်မှ ကာကွယ်ပြီးသား ဖြစ်နေပါတယ်။ ဖိုမစုံတွဲတိုင်း အစာအတူတူရှာဖွေကြပြီး ချစ်ခင်ကြည်နူးဖွယ် ကောင်းလှပါတယ်။
၂။ ပျော်ပျော်နေတက်ကြပါတယ်။
လူသားကဲ့သို့ပင် ပင်ဂွင်းငှက်များသည် အဖော်ခင်ပြီး ပျော်ပျော်နေတက်ကြပါတယ်။ မိသားစုနှင့်အတူ ပျော်ရွှင်စွာ အစာရှာဖွေနေခြင်းသည်လည်း လူသားတို့ အတုယူဖွယ်ပင် ဖြစ်သည်။
၃။ စိတ်ရောကိုယ်ပါ ပေါင်းသင်းတယ်။
ပင်ဂွင်းငှက်များသည် ၄င်းတို့အချင်းချင်း မိတ်ဆွေဖွဲ့ခြင်း၊ကျီစယ်နောက်ပြောင်ခြင်း ပြုလေ့ရှိပြီး တစ်ဦးအခက်အခဲကိုပင် တစ်ဦးက ကူညီလေ့ရှိကြပါတယ်။
၎။ မိမိမျိုးဆက်တွက် တာဝန်ယူကြတယ်။
ပင်ဂွင်းငှက်များသည် အရွယ်ရောက်ပြီဆိုသည်နှင့် မိမိကြင်ဖော်ကိုရှာကာ တောင်ပံကိုဖြန့်ပြီး သံဝါသပြုကြရပါတယ်။ ဒါကလည်း နောက်မျိုးဆက်မတုန်းစေဖို့ပဲ ဖြစ်ပါတယ်။ လူပျိုကြီး၊အပျိုကြီးတွေ အတုယူသင့်ပါတယ်။
၅။ ပတ်ဝန်းကျင်ကို ကူညီကြတယ်။
ပင်ဂွင်းငှက်များသည် မိသားစု၊အပေါင်းအသင်းများနှင့် တစ်စုတစည်းတည်းနေထိုင်ကြပြီး တစ်ကောင်ကိုတစ်ကောင် အမြဲအကူညီပေးကြပါတယ်။ အချင်းချင်းစည်းလုံးလေ့ရှိပြီး မိမိလူမှုပတ်ဝန်းကျင်ကို အထောက်အပံ့ပေးနေတဲ့ အတုယူဖွယ်ငှက်များပင် ဖြစ်ပါတယ်။
၆။ သားသမီးတွေကို ကြင်နာတယ်။
ပင်ဂွင်းငှက်များသည် မိမိတို့ရင်သွေးငယ်များကို အမြဲတစေ အနမ်းပေးလေ့ရှိပါတယ်။ ဒါကလည်း မိဘတိုင်းဟာ သားသမီးအပေါ်ထားတဲ့ ကရုဏာကို ဖော်ညွန်းခြင်းပါပဲ။
၇။ ထာဝရအပြုံးပိုင်ရှင်တွေပါ။
ပင်ဂွင်းငှက်များသည် အမြဲတမ်း ပြုံးရွှင်နေတက်ကြပြီး မြင်ရသူအဖို့ ကြည်နူးဖွယ်ကောင်းပါတယ်။ သူတို့ရဲ့ ဘဝကို အရှူံးမပေးတက်တဲ့ စိတ်ဓာတ်က လေးစားဖွယ်ကောင်းပါတယ်။
၈။ အန္တရာယ်ကို သတိထားတယ်။
ပင်ဂွင်းငှက်များသည် လောကကြီးဟာ အန္တရာယ်အတိဖြစ်သည်ကို လက်ခံထားပုံရပြီး စားသတိ၊နေသတိဖြင့် အသွားအလာအနေအထိုင် ပိရိကြပါတယ်။ လူသားတွေ မိမိရင်သွေးကို လမ်းဖြတ်ကူးရင် ဘယ်ညာကြည့်ကူး သလိုပါပဲ။
၉။အချစ်အတွက် ကြွေးကြော်ကြပါတယ်။
ပင်ဂွင်းငှက်များသည် မိမိကြင်ဖော်များနှင့်အတူ အချစ်အတွက်အော်ဟစ်ပြီး ပျော်ရွှင်ဖွယ် ဖြတ်သန်းကြပါတယ်။ပင်ဂွင်းငှက်များသည် ကြင်ဖော်ကို “ချစ်ပါတယ်” လို့ ကြွေးကြော်တာကို ရှက်စရာလို့ မခံယူထားပါဘူး။လူသားတိုင်း အတုယူဖွယ်ပင်ဖြစ်သည်။
၁၀။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အဓိကထားတယ်။
ပင်ဂွင်းငှက်များသည် မကြာခဏရေချိုးကြပြီး အသန့်ကြိုက်တဲ့ငှက်ထဲမှာပါဝင်ပါတယ်။ ရေထဲကို ပြေးဆင်းကြပြီး ပျော်ရွှင်စွာ ရေကူးကစားကြကာ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးပေးကြပါတယ်။
၁၁။ ကြင်ဖော်ကို သစ္စာရှိကြတယ်။
ပင်ဂွင်းငှက်များသည် တစ်လင်တစ်မယားစနစ်ကျင့်သုံးလေ့ရှိပြီး မိမိကြင်ဖော်ကိုပဲ ရိုးမြေကျလက်တွဲကြပါတယ်။”ပေမှာ တစ်သီး၊ကျီးမှာ တစ်သား” အချစ်မျိုးပါ။ အကြောင်းအမျိုးမျိးကြောင့် ကြင်ဖော်တစ်ကောင် သေဆုံးသွားသည့်တိုင် နောက်ထပ်ကြင်ဖော်မရှာဖွေတော့ဘဲ သေဆုံးသည့်တိုင် တစ်ကောင်တည်းသီးခြားနေထိုင်သွားပါတော့တယ်။ ယနေ့ခေတ်လူငယ်များသည်လည်း ပင်ဂွင်းငှက်များကို အတုယူသင့်ပါတယ်။
၁၂။ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတယ်။
ပင်ဂွင်းငှက်များသည် မိမိတို့ ပတ်ဝန်းကျင်နှင့်အတူ သက်တမ်းတစ်လျောက်ပျော်ရွှင်စွာ ကုန်ဆုံးလေ့ရှိပြီး စိတ်ဖိစီးသောက ကင်းဝေးတဲ့ငှက်များပင် ဖြစ်ပါတယ်။
၁၃။ မိဘတာဝန်ကို ကျေပွန်တယ်။
ပင်ဂွင်းငှက်များသည် မိမိတို့ ရင်သွေးငယ်များကို အစာရှာနည်း၊နေထိုင်နည်း၊ပေါင်းသင်းဆက်ဆံနည်း စသည်တို့ကို သင်ကြားပေးတက်ပါတယ်။ “လက်ဦး ဆရာမည်သော မိနှင့်ဖ” ပင်ဖြစ်သည်။
၁၄။ ချစ်ခြင်းမေတ္တာကို ဖော်ပြကြတယ်။
ပင်ဂွင်းငှက်များသည် မိမိကြင်ဖော်နှင့် ချစ်ရည်လူးကာ ပျော်ရွှင်စွာ ကခုန်ကြပါတယ်။ အချစ်ကိစ္စမှာ တကယ်ပွင့်လင်းလှသော ချစ်စရာငှက်များပင်ဖြစ်သည်။လူသားတို့သည်လည်း မိမိတို့အချစ်ကိစ္စကို အမုန်းတရားဘေးဖယ်ကာ ကြင်နာမှုအပြည့်နှင့် ရှေ့ဆက်သင့်ပေသည်။
၁၅။ ပြဿနာတစ်ခုကို ပြေပြေလည်လည် ဖြေရှင်းကြတယ်။
ပင်ဂွင်းငှက်များသည် ပြဿနာတစ်ခုကို ခေါင်းချင်းဆိုင်ပြီး မတူတာတွေ ဘေးချိတ်ကာ တူတာလေးတွေ ထပ်တူပြုပြီး အပြုသဘောဆောင် ဖြေရှင်းကြပါတယ်။ ကျွန်တော်တို့လူသားများသည်လည်း ချစ်သူရည်းစားများကြားတွင် ပြဿနာတစ်စုံတစ်ခုပေါ်လာတိုင်း ခေါင်းအေးအေး စဉ်းစားဆုံးဖြတ်သင့်ပေသည်။
www.yourtango.com မှ Dr. Charles & Dr. Elizabeth Schmitz ၏ 15 Love Lessons Everyone Should Learn From Penguins ကို ဘာသာပြန်ပါတယ်။
Myanmar Knowledge Bank မှ
https://www.facebook.com/myanmarknowledgesharer
No comments:
Post a Comment