KG+12
_______
ယခုပညာသင်နှစ်မှာ သူငယ်တန်းကို Grade 1 လို့
ခေါ်ပါတယ်။ ရှေ့လာမယ့်စာသင်နှစ်မှာ သူငယ်တန်းကို KG လို့ခေါ်ပြီး Grade 1 ဆိုတာ ပထမတန်း ဖြစ်သွားပါပြီ။
ဒါကြောင့် ဒီနှစ်သူငယ်တန်း တက်နေတဲ့ ကလေး
အားလုံး ရှေ့နှစ်မှာ ပထမတန်း Grade 1 ကို သင်ရိုးသစ်နဲ့ သင်ကြားရမှာဖြစ်ပါတယ်။
သင်ရိုးဟောင်းနဲ့ သင်ရိုးသစ်( သူငယ်တန်း) ဘာ
ကွာသလဲ ကြည့်ကြရအောင်။
သင်ရိုးဟောင်းသည် မြန်မာစာ အင်္ဂလိပ်စာ
သင်္ချာ သိပ္ပံ စာရိတ္တ ဘဝတွက်တာကျွမ်းကျင်စရာ
စသည့် ဘာသာရပ်များကို အခြေခံထားသော သင်ရိုး ဖြစ်ပါတယ်။
သင်ရိုးအသစ်သည် ကလေးများ၏ အသက်အရွယ်
အလိုက် ဖွံ့ဖြိုးမှုများရရှိအောင် ဆောင်ရွက်ပေးမည့်
သင်ရိုးပုံစံဖြစ်ပါတယ်။
ကျောင်းသုံးဖတ်စာအုပ် အသုံးမပြုဘဲ ကလေးများကိုယ်တိုင် လုပ်ဆောင်ရမည့် ကျောင်းသားကိုင်စာအုပ်များ သင်ထောက်ကူပစ္စည်း KG-Kits ပုံပြင်စာအုပ်
အမျိုးမျိုး ကို အသုံးပြုသင်ကြားမှာဖြစ်ပါတယ်။
တစ်ရက်လျှင်စာသင်ချိန်( ၄ )နာရီ၊ တစ်ပတ်သင်
ချိန်(၂၀)နာရီ၊ သင်ကြားရမည့် ရက်သတ္တပတ်(၃၂)
ပတ်ရှိပြီး တစ်နှစ်လျှင်သင်ချိန် စုစုပေါင်း(၆၄၀)နာရီ
သင်ကြားရမှာပါ။
လက်ရှိ မူကြိုသင်ယူမှု အခွင့်အလမ်းရရှိသူ
ကလေးဦးရေမှာ ၂၃ရာနှုန်းခန့်သာရှိတဲ့ အတွက်
မူကြိုအတွေ့အကြုံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
ကျောင်းသို့ရောက်ရှိလာတဲ့ ၅ နှစ်အရွယ် ကလေး
အားလုံး သင်ယူမှု အခွင့်အလမ်းတစ်ပြေးညီညီ
ရရှိစေပြီး မူလတန်းပညာရေးကို အကူးအပြောင်း
ချောမွေ့စွာ တက်ရောက်သင်ယူစေနိုင်ရေးအတွက်
KG သင်ရိုးသစ်ဖြင့် သင်ကြားစေခြင်း ဖြစ်ပါတယ်။
ကလေးတွေရဲ့ အသက်အရွယ် ဖွံ့ဖြိုးမှုအဆင့်နှင့် လိုက်လျောညီထွေရှိမည့် သင်ယူဖွံ့ဖြိုးမှုနယ်ပယ်(၆)ခုဖြင့် ဖွဲ့စည်းထားပါတယ်။
၁။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း။
၂။ စာရိတ္တ မိတ္တနှင့် စိတ်လှုပ်ရှားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း။
၃။ အပြန်အလှန် ပြောဆိုဆက်သွယ်ခြင်း။
၎။သင်္ချာ အခြေခံများကို စူးစမ်းလေ့လာခြင်း။
၅။ အနုပညာရသ ခံစားမှုနှင့် ဖန်တီးခြင်း။
၆။ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်း။
တို့ဖြစ်ပါတယ်။
ကလေးများ သင်ယူဆောင်ရွက်ရမယ့် အဓိက
လုပ်ငန်း(၃) မျိုး ရှိပါတယ်။
၁။ ပုံမှန်စုပေါင်းချိန်
၂။ ကစားချိန်
၃။ အကြောင်းအရာအခြေပြု၍ဖွံ့ဖြိုးမှုရလဒ်များ
ရရှိရန်သင်ယူချိန် တို့ဖြစ်ပါတယ်။
ကိုယ့်ကလေး ဘယ်နှစ် ဘယ်အတန်းမှာမီမယ်
ဆိုတာကို မိဘများ လွယ်ကူအောင် ပြောပြပါ့မယ်။
ယခု သူငယ်တန်း တက်နေတဲ့ကလေးက
2016-17 မှာ Grade 1ကို စ မီပါမယ်။
ယခု ပထမတန်း တက်နေတဲ့ ကလေးက
2020-21 မှာGrade 6 ကို မီပါမယ်။
ယခု ဒုတိယတန်း တက်နေတဲ့ ကလေးက
2019-20 မှာ Grade 6 ကို မီပါမယ်။
ယခု တတိယတန်း တက်နေတဲ့ကလေးက
2018-19 မှာ Grade 6 ကို မီပါမယ်။
ယခု စတုတ္တတန်း တက်နေတဲ့ကလေးက
2017-18 မှာGrade 6 ကို မီပါမယ်။
ယခု ပဉ္စမတန်း တက်နေတဲ့ ကလေးက
2020-21မှာ Grade 10 ကိုမီပါမယ်။
ယခု ဆဌမတန်း တက်နေတဲ့ ကလေး က
2019-20 မှာ Grade 10 ကိုမီပါမယ်။
ယခု သတ္တမတန်း တက်နေတဲ့ ကလေးက
2018-19 မှာ Grade 10 ကို မီပါမယ်။
ယခုနှစ် သူငယ်တန်းမှ သတ္တမတန်း အထိ ကလေး
များအားလုံး Grade 12 ထိ သင်ယူရမှာဖြစ်ပြီး
အဌမတန်း နဝမတန်း နှင့် ဒသမတန်း ကလေး
များအားလုံး စနစ်ဟောင်းနဲ့သာပြီးဆုံးမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အဆင့် စာမေးပွဲ များကတော့ Grade 5
Grade 9 နှင့် Grade 12 အတန်းများ၌သာ စစ်ဆေးမယ်လို့ လျာထားတယ်လို့ သိရပါတယ်။
ယခုပြောင်းလဲကျင့်သုံးမယ့်စနစ်သစ်ဟာ တစ်နိုင်ငံ
လုံး အတိုင်းအတာနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ပြုလုပ်ပြီးမှ ထွက်ပေါ်လာတဲ့ ရလာဒ်ဖြစ်လို့ ကျွန်မတို့ ကြိုဆိုရမှာပါ။
စနစ်သစ်ကို အတန်းငယ်စဉ်မှာ စောစောမီတဲ့
ကလေးများကတော့ ပိုကံကောင်းပါတယ်ရှင်။
Credit - Thida Theint

No comments:
Post a Comment