Wednesday, March 9, 2016

iPhone ဝယ်ချင်လို့ အွန်လိုင်းမှာ ကလေးကို ရောင်းခဲ့တဲ့ စုံတွဲ

သုတဇုန်

သူတို့စုံတွဲက ကလေးရောင်းရငွေဖြင့် iPhone၊ မော်တော်ဆိုင်ကယ်နဲ့ ဖိနပ်အကောင်းစား အပါအဝင် အခြား ပစ္စည်းတွေ ဝယ်ယူဖို့ စိတ်ကူးခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှ စုံတွဲတစ်တွဲက iPhone နဲ့ အခြား ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ၎င်းတို့ရဲ့ အသက် ၁၈ ရက်အရွယ်သာရှိသေးတဲ့ ကလေးကို အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ဖူဂျီအန်းပြည်နယ်မှ စုံတွဲက ၁၈ ရက်သား သူတို့ရဲ့ သမီးကို မြန်မာကျပ်ငွေ သိန်းလေးဆယ်ကျော် (တရုတ်ယွမ်ငွေ ၂၃,၀၀၀) ဖြင့် ရောင်းချခဲ့မှုကြောင့် အမျိုးသားဖြစ်သူကို ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

အမျိုးသားဖြစ်သူက တရုတ် ဆိုရှယ်နက်ဝါ့ခ် ဝက်ဘ်ဆိုက် QQ မှာ ကလေးလိုချင်သူတစ်ဦးနဲ့ ချိတ်ဆက်မိခဲ့ပြီးနောက် ကလေးကိုရောင်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် စုံတွဲဟာ ငွေကြေးအခက်အခဲ ကြုံနေရပြီးနောက် သူတို့ရဲ့ သမီးလေးကိုရောင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့စုံတွဲက ကလေးရောင်းရငွေဖြင့် iPhone၊ မော်တော်ဆိုင်ကယ်နဲ့ ဖိနပ်အကောင်းစား အပါအဝင် အခြား ပစ္စည်းတွေ ဝယ်ယူဖို့ စိတ်ကူးခဲ့ကြပါတယ်။
ကလေးမိခင်ဖြစ်သူမှာ ဝင်ငွေအတွက် အချိန်ပိုင်း အလုပ်အများအပြား လုပ်ကိုင်နေရသူဖြစ်ပြီး ငွေလိုအပ်နေမှုကြောင့် နောက်ဆုံးမှာ ကလေးကိုရောင်းမယ့် သူမအဖော် အမျိုးသားရဲ့ အစီအစဉ်ကို လက်ခံခဲ့ကြောင်း သိရပါတယ်။ အမျိုးသားဖြစ်သူမှာ အင်တာနက် ကဖေးများတွင်သာ အချိန်ကုန်နေသူတစ်ဦးလို့လည်း ဆိုပါတယ်။
မိခင်ဖြစ်သူ အမျိုးသမီးက သူမကိုယ်တိုင်မှာလည်း မွေးစားသမီးဖြစ်ပြီး ၎င်းတို့နေထိုင်ရာ ဇာတိမြို့မှာ ကလေးတွေကို ပိုမိုကောင်းမွန်စွာ ကြီးပြင်းနေထိုင်နိုင်ဖို့ အခြားသူတွေထံ ပေးလေ့ရှိကြောင်းနဲ့ အခုလို လုပ်ရပ်ဟာ တရားမဝင်ဘူးဆိုတာ မသိရှိကြောင်း ပြောပါတယ်။ ၎င်းတို့စုံတွဲမှ အမျိုးသားဖြစ်သူကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး အမျိုးသမီးကိုတော့ ဆိုင်းငံ့ထောင်ဒဏ် ၂ ရက်ခွဲ ချမှတ်ခဲ့ကြောင်း သိရပါတယ်။
Credit: duwun.com.mm

No comments:

Post a Comment