တောင်ပံဖြန့်
ခြောက်လှန့် ခိုင်းဖို့မဟုတ် ။
ခြောက်လှန့် ခိုင်းဖို့မဟုတ် ။
ခေါင်းကိုမော့
ကန်တော့ ခိုင်းဖို့မဟုတ် ။
ရင်ကိုမောက်
ဇွတ် ကြောက်ခိုင်းဖို့ မဟုတ် ။
ခြေကိုလှမ်း
တက် ကြမ်းခိုင်းဖို့မဟုတ် ။
နှုတ်သီးဟ
အာဏာ ပြဖို့မဟုတ် ။
အမောက်ထောင်
ရန်စောင်ခိုင်းဖို့ မဟုတ် ။
ဒီမယ်…
အရွယ်စုံ
အတောင်တစ်စုံစီနဲ့
အအုံအသင်းလည်းမဖွဲ့
ခြုံခို အတင်းလည်းမဖဲ့တတ်ပေမယ့်
တစ်ကောင်ချင်း…
ကိုယ်ပိုင်အရည်အချင်းနဲ့
လိုအပ်ရင်…
ခွပ်တတ်……
က တတ်……
လှပ တတ်တာလည်း
ဒေါင်း တွေပါ ဘဲ ။ ။
(ကိုရွှေကေဇာ)
ကလောဂျီတီအိုင်
10-3- 2016
12:56 Pm
ကန်တော့ ခိုင်းဖို့မဟုတ် ။
ရင်ကိုမောက်
ဇွတ် ကြောက်ခိုင်းဖို့ မဟုတ် ။
ခြေကိုလှမ်း
တက် ကြမ်းခိုင်းဖို့မဟုတ် ။
နှုတ်သီးဟ
အာဏာ ပြဖို့မဟုတ် ။
အမောက်ထောင်
ရန်စောင်ခိုင်းဖို့ မဟုတ် ။
ဒီမယ်…
အရွယ်စုံ
အတောင်တစ်စုံစီနဲ့
အအုံအသင်းလည်းမဖွဲ့
ခြုံခို အတင်းလည်းမဖဲ့တတ်ပေမယ့်
တစ်ကောင်ချင်း…
ကိုယ်ပိုင်အရည်အချင်းနဲ့
လိုအပ်ရင်…
ခွပ်တတ်……
က တတ်……
လှပ တတ်တာလည်း
ဒေါင်း တွေပါ ဘဲ ။ ။
(ကိုရွှေကေဇာ)
ကလောဂျီတီအိုင်
10-3- 2016
12:56 Pm
No comments:
Post a Comment