Thursday, February 18, 2016
အဘ ပြောပြချင်တဲ့ ဆီးကျောက်တည် ဆေးနည်းလေး
အနာဂတ် အလင်းရောင် 
ဒီကနေ့အဘ ပြောပြချင်တဲ့ဆေးနည်းလေးကတော့
လူတိုင်းတမေးထဲမေးနေကြတဲ့ ဆီးကျောက်တည် လို့ ဆီးအတွက်
ဒုက္ခများနေကြတဲ့ ဝေဒရှင်များအတွက် ဒီနေရာ
တဆင့် အားလုံးဖြေကြားပေးလိုက်ပါရစေ..
အဘရဲ့ ဆေးဆောင်းပါးတွေကို ဖတ်ရူ့ ပြီး မေးလာကြတဲ့ သူများကို
CB ကတဆင့်ဖြေကြားပေးရင်မပြည့်မစုံမှာစိုးလို့
မေးသူတဦးသာမက အားလုံးသိရှိစေရန်ရည် ရွယ်ပါတယ်ကွယ်...
တကယ့်တော့ အဘတို့ မြန်မာ့လူဘောင်မှာ ဆိုရိုးစကားရှိရဲမဟုတ်လား
"ယောက်ကျားမှာ ဆီး မိန်မမှာမီး "
ရှေ့သမားတော်ကြီးများက
" ပညာသေရွာ မယူသွားစတမ်း"
ဆိုတဲ့ထုံး နှလုံးမူလို့ ဆေးနည်းများစွာ လက်ကမ်းလို့ ထားခဲ့ကြတယ်။
ဆီးဆေးဆိုတာ အမျိုးမျိုးရှိသည်အနက် လူသိများကြတာကတော့....
၁။ သံမနိုင် ကျောက်မနိုင်
၂။ ကြက်သွန်နှင့်အသုံးပြုနည်း...
၃။ သံပု ရာသီး အသုံးပြုနည်း စသည့်ဖြင့် လူသိများသောဆေးနည်တွေပါပဲ...
အေး...အဘကတော့ တကယ့်
ရွှေနန်းသုံးဆေးတော်ကြီး တမယ်ကို ငွေကုန်ကြေးကြ သက်သာစွာနဲ့
ဝေဒနာ သက်သာစေဖို့ ဆေးနည်းတသွယ် ရေးပေးလိုက်ပါတယ်...
ဆေးနည်းကတော့...
ကြက်ဆူ{၂}မျိုးရှိတယ်။ ပိုရှင်းအောင်ပြောရ င်
တမျိုကတော့
လောင်စာကြက်ဆူ ခြံစည်းရိုးကြက်ဆူ သန်းရွှေကြက်ဆူ
လို့ခေါ်ကြတဲ့ ကြက်ဆူမဟုတ်ဘူး...
အင်ဂျင်ဆီပြုလုပ်သော အရိုးနီ ကြက်ဆူကိုသာ
ဆေးအဖြစ်သုံးပြုနိုင်ကြပါတယ်။
အသုံးပြုပုံ
**********
ကြက်ဆူရွက်ကို ရေနွေးဖျော်ပြီး ဓားဖြင့်ဖြင့်ပါးပါး
ရိတ်ရိတ်လှီးညှပ်၍ မြေပဲဆံ နှမ်း ပဲမှုန့် ကြက်သွန်
ဖြူ / နီကျော်တို့ဖြင့်သုတ်စားပေးပါ။
မည်သို့စားစား ရပါတယ်။
မိမိသုတ်စားပြီး ၂၄နာရီအတွင်း ကျောက်များကြေပျက်သွားသည်ကို
လက်တွေ့စားကြည်ကသိပေလိမ့်မည်...
၎င်းဆေးစားပြီးဆီးသွားပါကဆီကို အိုးခွက်တခုခုဖြင့်
ခံယူထားပြီး ကြည့်ပါကဆီးကျောက်များ ကြေ
ပျက်သွားသည်ကို တွေ့မြင်ရပါလိမ့်မည်။
လူအေတာ့္မ် ားမ် ားကေတာ့ ဝမ်းနှတ်ဆေးကိုသာ လူသိများကြပြီ.
ဆီးနှတ်ဆေး ဆီးသန့်စင်ဆေးကို သိပ်မသိကြပါ.
အဲ့ဒါကြောင့် အဘဖေါ်ပြပေး လိုက်တာပါ။
##‪#‎မှတ်ချက်‬.....
ဥပမာ...ယနေ့ ၄ နာရီမှာစားရင်...
နောက်တနေ့ ၄ နာရီ မှာ ကျောက်ကြွေ
သွားတာတွေ့ ရပါလိမ့်မယ်။
အဘ..ဦးဝင်းမောင်
တိုင်းရင်သမားတော်ကြီး
ဖုန်း..09785987552
သို့မရှင်းလင်းပါက
မေးမြန်းနိုင်ပါတယ်။
No comments:
Post a Comment