Monday, February 22, 2016

သူတော်စင်တို့၏ စိတ်ထား

Khat Hatun

စာအုပ်စာစောင်၊ တွေ့ မရှောင်၊ ဆုံးအောင်ဖတ်ရှုပါ။
မကောင်းရှောင်ပယ်၊ ကောင်းဆောင်ကွယ်၊
မှတ်ဖွယ်သင့်ဝန်တာ။
မစိုးရိမ်တိုက်သစ်၊ ပဓာနနာယကဆရာတော်ဘုရားကြီး ဦးသီရိန္ဒာဘိဝံသမထေရ်မြတ်ကြီးက -
အရှင်ဘုရားတို့ အများနဲ့နေတဲ့အခါမှာေ ကာင်းတဲ့သူရော၊ မကောင်းတဲ့သူရော နှစ်မျိုးလုံး
နဲ့ တွေ့ ရလိမ့်မယ်။ အဲဒီလိုေ တွ့ ရတဲ့အခါမှာ နှစ်ဦးစလုံးကို မိမိဆရာလို့  ချ ည်း မှတ်ရမယ်။

ဘာဖြစ်လို့ လည်းဆိုတော့ ကောင်းတဲ့သူဆီက ကောင်းတဲ့အပြုအမူ၊ အပြောအဆို၊ အကြံ
အစည်တွေကို တွေ့ ရ၊ သိရတဲ့အခါ မိမိသန္တာန်မှာလည်း ဖြစ်အောင်ဆောင်ရတယ်။
ဒါကြောင့် ကောင်းတဲ့သူဟာ မိမိသန္တာန်မှာ ကောင်းတာတွေဆောင်ဖြစ်အောင် သင်ပြသလိုဖြစ်တဲ့အတွက် ဆရာလို့ သတ်မှတ်ရတယ်။ တစ်ခါမကောင်းတဲ့သူဆီက မကောင်းတဲ့၊ သူတစ်ပါး စိတ်ဆင်းရဲရတဲ့ အပြုအမူအပြောအဆို၊ အကြံအစည်တွေကို တွေ့ ရ၊ သိရတဲ့အခါ မိမိသန္တာန်မှာ မဖြစ်အောင်ရှောင်ကြဉ်ရတယ်။
ဒါကြောင့် မကောင်းတဲ့သူဟာလည်း မိမိသန္တာန်မှာ မကောင်းတာတွေ ရှောင်ဖြစ်အောင်
သင်ပြသလိုဖြစ်တဲ့အတွက် ဆရာလို့ ပဲ သတ်မှတ်ရတယ်။
ဟူ၍ တပည့်များကို မကြာခဏ ဆုံးမသြ၀ါဒပေးလေ့ရှိသည်။ ဦးနှောက်တံခါးကိုဖွင့်ထား
ရန် ထိမိစွာ ဆုံးမခြင်းပင်ဖြစ်၏။ ထို့ကြောင့် ပေါင်းသင်ဆက်ဆံရာ၌ဖြစ်စေ၊ စာပေဖတ်ရှု
ရာ၌ ဖြစ်စေ၊ ဘာသာ၊ လူမျိုး၊ နိုင်ငံဟူသော အကန့်အသတ်စည်းရိုးများကို ပယ်ရှားထား
သင့်သည်။ ထိုသို့  ဖယ်ရှားသောကြောင့်သာလျှင် စာရေးသူသည် ဤဆောင်းပါးကို ရေး
သားတင်ပြခြင်းဖြစ်သည်။
ဖေမြင့်ဘာသာပြန်သော နှလုံးသားအာဟာရဟူသော စာအုပ်လေးထဲမှ အမေရိကန်
အမျိုးသားတစ်ယောက်၏ ထူးခြားသော ပရဟိတအပြုအမူလေးမှာ လေးစားစရာကောင်း
လှ၏။ တစ်ခါတွင် နာမည်ကြီးဆက်ကပ်ပွဲကြီးတစ်ခုကြည့်ကြရန် လူပေါင်းများစွာ ရုံဝင်
လက်မှတ်ဝယ်နေကြသည်။ အမျိုးသားကြီးတစ်ဦးသည် သူ့ မိသားစုငါးဦးအတွက် လက်
မှတ်ဝယ်ရန် ငွေကိုထုတ်ယူကြ ည်လိုက်ရာ နှစ်ယောက်စာလိုနေသည်ကို တွေ့ ရသဖြင့်
ပြင်းစွာတုန်လှုပ်သွားသည်။
အိမ်ပြန်ယူဖို့ ကလည်း နေရာကအဝေးကြီး၊ အနီးအနား အသိတွေ့ ပါက ဒေါ်လာငွေ အကူအညီတောင်းရန် လှည့်ပတ်မျက်စေ့ ကစားသော်လည်း တစ်ယောက်မှမတွေ့ ရ။
သားမယားကို တာဝန်ခံခေါ်လာပြီးကာမှ ရုံဝင်လက်မှတ်ခငွေမလောက်သဖြင့် အိမ်ပြန်ခဲ့
ရသောအဖြစ်သည် သူ့ လိုအိမ်ထောင်ဦးစီးတစ်ယောက်အတွက် မည်မျှသိက္ခာထိခိုက်ပါ
သနည်း။
ထိုအချိန်မှာပင် သူ့ နောက်မှ လက်မှတ်တန်းစီးနေသော အမျိုးသားတစ်ယောက်က
သူ့ ပခုံးကို ပုတ်လိုက်ကာ -
" မိတ်ဆွေ ခင်ဗျားအိတ်ထဲက ပိုက်ဆံထွက်ကျသွားတယ်၊ ဟောဒီမှာဆိုကာ မြေကြီးပေါ်မှ
ကုန်းကောက်လိုက်ဟန်ဖြင့် လိုအပ်နေသော နှစ်ယောက်စာလက်မှတ်ခ ဒေါ်လာငွေကို
သူ့ အား လှမ်းပေးသည်။ ထိုလူစိမ်းသည် အခက်အခဲကို သိသွား ၍ သက်သက်မဲ့ ကူညီခြင်း
သာဖြစ်၏။
ထိုသို့ ကူညီရာတွင် မိသားစုရှေ့၌ သူဂုဏ်သိက္ခာကျမသွားစေရန် လျှို့ဝှက်စွာ ကူညီလိုက်
ခြင်းသည်ကား အဟောဝတ သြော် အံသြဖွယ်ကောင်းလေစွ။
မေတ္တာရှင် (ရွှေပြည်သာ) ၏
စာရိတ္တသတ္တိ - စာအုပ်မှ
ဓမ္မဒါနဖြင့် ပူဇော်ပါသည်။ Khat Hatun

No comments:

Post a Comment