Yangon Media Group
နွယ်ဇင် ၊ ရန်ကုန်၊ ဖေဖော်ဝါရီ ၂ဝ
ယခုနှစ် နွေရာ သီတွင် ယခင်နှစ်များကထက် အပူချိန် ပိုမို မြင့်မားလာမည်ဟု မိုးလေဝသပညာရှင်များ က ခန့်မှန်းထားသောကြောင့် အပူကြီး၊ အ ပူရှပ်၊ အပူလေသင်တုန်း(Heat Stroke) လူနာများအတွက် ဆေးရုံ၊ ဆေးခန်းများ တွင် အရေးပေါ် ကုသခန်းများ ပြင်ဆင်ကြ ရန် ညွှန်ကြားထားကြောင်း ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ သိရသည်။
ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှဆေးရုံ၊ ဆေးခန်းများကိုံနအှေအမသုန နှင့်ပတ်သက်၍ လိုအပ်သည့် ဓာတ်ခွဲမှုစနစ်၊ ဆေးဝါးများ၊ ကြိုတင်ပြင်ဆင်မှုများနှင့် ပြည် သူများအား ပညာပေးလုပ်ငန်းများ ဆောင် ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
''ံHeat Stroke နဲ့ပတ်သက်လို့ ဆေးရုံ၊ ဆေးခန်းတွေကို အရေးပေါ်လူနာ ရောက်လာလို့ရှိရင် ကုသဆောင် သီးသန့် ထားရှိရမယ်။ အဲဒီကုသဆောင်မှာလည်း လိုအပ်တဲ့ ဆေးဝါးတွေ၊ ပန်ကာ၊ လေအေး ပေးစက်တွေနဲ့ ကုတင်တွေ လုံလုံလောက် လောက်ဖြစ်အောင် စုဆောင်းနေပါတယ်။ Heat Stroke ဖြစ်လို့ ဆေးရုံရောက်လာရင် တော့ အရေးမကြီးတော့ဘူး။ ဆေးရုံမရောက် ခင်ကာလမှာသာ စိုးရိမ်စရာရှိတယ်''ဟု ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းအောင်က ပြောသည်။
ထို့အပြင် အပူချိန်မြင့်တက်မှု ကြောင့် Heat Stroke ဖြစ်ပါကြ<ွကက်တက် ကာ အားအင်ကုန်ခမ်း နွမ်းလျခြင်းမှ တစ် ဆင့် ပိုဆိုးသည့်လက္ခဏာ ၁ဝ၄ ဒီဂရီဖာရင် ဟိုက်အထက် ဖြစ်လာပါက ဂနာမငြိမ်ဖြစ် ခြင်း၊ ခေါင်းမူးဝေ စိတ်ရှုပ်ထွေးခြင်း၊ အရေ ပြား ခြောက်ကပ်ပူလောင် နီရဲလာခြင်း၊ အ သက်ရှူမြန်ခြင်း၊ သွေးခုန်နှုန်းမြင့်ခြင်းနှင့် သတိမေ့မြောခြင်းတို့ ဖြစ်ပေါ်တတ်သည်။
ယင်းကဲ့သို့ Heat Stroke ဖြစ် သည့် လူနာကို ရှေးဦးပြုစုနည်းအနေဖြင့် အေးသည့်နေရာတွင် ထား၍ ခြေထောက် ကို တစ်ပေအမြင့်တွင် မြှောက်ထားရမည် ဖြစ်ပြီး ရေအေးဖြင့် တစ်ကိုယ်လုံးကို ရေ ပတ်တိုက်ကာ ဓာတ်ဆားရည်ကို ၁၅ မိနစ် လျှင် ဖန်ခွက်တစ်ခွက် ဝင်အောင်တိုက်ပေး ရမည်ဖြစ်သည်။ြ<ွကက်တက်လျှင် တစ်ကိုယ် လုံးကို ညင်သာစွာ နှိပ်နယ်ပေးရမည် ဖြစ် ကြောင်း သိရသည်။
''အဓိက,ကတော့ နေပူထဲမှာ အ လုပ် လုပ်ရတဲ့သူတွေ သတိထားဖို့လိုပါတယ်။ ရှောင်ကြဉ်ရမယ့် အချက်တွေကို သိထားရ မယ်။ ပြီးတောံ့နအှေအမသုန ဖြစ်တယ်ဆို တာ ရေဓာတ်ကုန်ဆုံးလို့ ဖြစ်တာဆိုတော့ ရေဓာတ် ဖြည့်တင်းဖို့လိုအပ်တယ်။ သက် ကြီးရွယ်အိုတွေ အများဆုံး ဖြစ်တတ်ကြ တယ်''ဟု ယင်းက ဆက်ပြောသည်။
(Flower News Journal, 12-8)

No comments:
Post a Comment