နည်းစနစ်ကျကျအတွေးအခေါ်
မိမိ၏ ခင်ပွန်းဟာ ဖခင်ကောင်းနဲ့ တူညီနေမယ်ဆိုရင် မိမိဘဝအတွက် ယုံကြည်စိတ်ချ တကယ်ကို အာကိုးလို့ ရပါပြီ။ ခင်ပွန်းမဖြစ်ခင် ချစ်သူရည်စား ဘဝကတည်းက ဖခင်တစ်ယောက်နဲ့ တူ မတူကိုလည်း ခန့်မှန်းနိုင်ပါတယ်။

၁) မိမိကိုယ် အချိန်တိုင်း ဂရုစိုက်နေခြင်း
ဖခင်များ သူ၏ သားသမီးတွေကို ဂရုစိုက်သကဲ့သို့ မိမိ၏ ခင်ပွန်းဟာလည်း အချိန်ပြည့် မိမိအပေါ်မှာ ဂရုစိုက်နေမယ်ဆိုရင် ဖခင်ကောင်းတစ်ယောက် တူပါတယ်။
အချိန်တိုင်း စိတ်ပူပြီး ဂရုစိုက်နေတဲ့ ခင်ပွန်းကို လေးစားတန်ဖိုးထားပါ။
၂) ချစ်မြတ်နိုးခြင်း
ခင်ပွန်းဟာ မိမိအပေါ်မှာ တကယ်မေတ္တာသက်ဝင် ချစ်မြတ်နိုးတယ်ဆိုရင် အလွန်ပင် ကောင်းမွန်ပါတယ်။ ခင်ပွန်း၏ ချစ်ခြင်း မေတ္တာကြောင့် ဇနီးသည်ဟာလည်း အချိန်တိုင်းပျော်ရွှင်နေရမှာပါ။
၃) စိတ်ချမ်းသာအောင်ထားခြင်း
ဖခင်တွေဟာ သားသမီးတွေကို အချိန်တိုင်း စိတ်ချမ်းသာစေချင် သကဲ့သို့ မိမိ၏ ခင်ပွန်းဟာလည်း မိမိကိုယ် စိတ်ချမ်းသာအောင် ထားရှိခြင်းဟာ ဖခင်တစ်ယောက်နဲ့ တူညီလှပါတယ်။
၎) ပြဿနာတွေကို ရှေ့ကနေ ရင်ဆိုင်ဖြေရှင်းပေးခြင်း
ကိစ္စတစ်ခုခုဆိုတာနဲ့ သူကနေ ရှေ့ကထွက်ပြီး မားမားမတ်မတ် ရပ်တန့်ပေးပါတယ်။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းပေးတဲ့ ခင်ပွန် ယောင်္ကျားများကို ဖခင်ကောင်းတစ်ယောက်နဲ့ တူညီပါတယ်။
Credit to: ပစ်တိုင်းထောင်

No comments:
Post a Comment