Wednesday, January 20, 2016

တရားခံ မမိရင် ငါတို့လုပ်တာ၊ အစိုးရလုပ်တာတဲ့

Nyein Chan Aung

ဖင်လန်နိုင်ငံမှာ ပျင်းစရာမရှိ၊ အားနေရင် စာဖတ်မလား၊ ဌာနဆိုင်ရာတွေကို သွားပြီး သိချင်တာ မေးမလား၊ မေးခွင့်ရှိသည်၊ မေးနိုင်သည်။ အလုပ်များသော ဌာနများတွင်တော့ အချိန်ယူရသည့် အခက်အခဲ ရှိနိုင်ပါသည်။
-
ဒီနေ့ ညနေ ခဏအားတော့ ရဲစခန်းကို သွားလိုက်သည်။ ရာဇ၀တ်မှု့တွေမှာ တရားခံ မမိရင် ဖင်လန်နိုင်ငံမှာ ရဲဝန်ထမ်းအနေနဲ့ ရဲဌာနအနေနဲ့ အစိုးရအနေနဲ့ ဘယ်လို သဘောထားပါသလဲ ဟု မေးရာ။


-
ဖင်လန်နိုင်ငံတွင် အမှု့တခုကို ၆ လအတွင်း ဖေါ်ထုတ်ရမည်ဖြစ်ပြီး၊ အမှု့ ၃ ခုကို ၆ လအတွင်း မဖေါ်ထုတ်နိုင်ပါက တာဝန်ရှိသူ မြို့နယ်ရဲမှူး၊ တိုင်းရဲမှူး တို့အနေဖြင့် မိမိဂုဏ်သိက္ခာအရ နုတ်ထွက်တဲ့ အလေ့အထ ရှိကြောင်းအပြင် တာဝန်မကျေဘူး ယူဆသဖြင့် တချို့သော သိက္ခာလေးစားသည့် ရဲမှူးများအနေဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု့များပင် ရှိခဲ့ကြောင်း ပြောပြခဲ့ပါသည်။
-
လူထုရဲ့ လုံခြုံရေးတာဝန်ကို ယူထားသည့် ရဲဌာန အနေဖြင့်၊ နိုင်ငံ့ဘဏ္ဍာဖြင့် အသက်မွေးရှင်သန်နေရသူများဖြစ်ကြောင်း။ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းသာယာရေးကို ကျေပွန်စွာစောင့်ရှောက်ပါမည်ဟု နေ့စဉ်နေ့တိုင်း ကတိသစ္စာဆိုထားသူများ ဖြစ်ကြကြောင်း၊ အကယ်၍ ရာဇ၀တ်မှု့များ ဖြစ်ပေါ်ပြီး တရားခံမမိလျှင် မိမိတို့ကိုယ်တိုင် ကျူးလွန်သကဲ့သို့၊ တာဝန်မကျေမှု့အတွက် အရှက်ရကြောင်း၊ ပြည်သူလူထု တယောက် အကြောက်တရား ရင်ထဲရှိလျှင် ရဲ အသုံးမကျလို့၊ ပြည်ထဲရေးဝန်ကြီး အသုံးမကျလို့ ဆိုပြီး ရှက်မိကြောင်း။ရပ်ကွက်အတွင်း ထိတ်ထိတ်လန့်လန့် ဖြစ်ကြလျှင် အစိုးရမှ လူထုကို ချောက်လှန့်သလို၊ လုံခြုံရေးပျက်ပြားအောင် လုပ်ခိုင်းသလို ခံစားရကြောင်းနဲ့ ခံယူထားကြောင်း ရှင်းလင်းပြောဆိုခဲ့ပါသည်။
-
ကဲ အမှု့ ၃ ခု ပေါ်အောင် မလိုက်နိုင်ရင် ရာထူးက ကိုယ့်ဘာသာကိုယ် နုတ်ထွက်တယ်တဲ့၊ ရှက်တတ်တော့ သတ်သေတယ်တဲ့။
-
မြန်မာ့ရဲဝန်ထမ်းများ စရိုက်ကောင်း၊ အကျင့်ကောင်းများကို အတုခိုးနိုင်ကြပါစေ။

No comments:

Post a Comment