Sunday, January 10, 2016

အမြှုပ် ထွက်နေတဲ့ ရေချိုးခန်းထဲက လူသတ်သမား...

သိန်း မြင့်

ဆပ်ပြာ... ခေါင်းလျှော်ရည်... သွားတိုက်ဆေး ...စတာတွေမှာ
SLS ( Sodium Lauryl Sulphate) ဆိုတဲ့ ဓါတုပစ္စည်း ပါလေ့ရှိပါတယ်..

SLS ဆိုတဲ့ သူ့အစွမ်းက အမြှုပ်တွေ တစီစီထွက်စေတဲ့အပြင် အဆီတွေကို
သန့်စင်ပေးနိုင်တာပါဘဲ..
SLSဟာ အဆီ ကြေးညှော်တွေညသန့်စင်ရုံမက အရေပြားထဲက
အဆီတွေကိုပါ တိုက်စားပစ်နိုင်တာမို့ တကယ်တမ်းကျတော့ အမြှုပ်ထွက်တိုင်းမကောင်းပါဘူး..

သိပ် အန္တရာယ်ကြီးလှပါတယ်..
ဒါ့ပြင် အခန့်မသင့်ရင် အလာဂျီ ( Allergy) ဖြစ်တတ်ပါတယ်...
ဒီထက်ဆိုးတာက အမျိုးသမီးတွေဆိုရင်
ရင်သားကင်ဆာ ဖြစ်နိုင်ပြီး အမျိုးသားဆိုရင်တော့ မျိုးမအောင်တာ
ဖြစ်နိုင်တယ်လို့ ဆိုပါတယ်..
ဒီ SLS က ခန္ဓာကိုယ်ထဲ ၀င်သွားပြီးရင် ပြန်မထွက်တော့ပါဘူး..
ဒါ့ကြောင့် SLS ကို
ရေချိုးခန်းထဲက လူသတ်သမား( Killer in Bathroom) လို့ ခေါ်ကြပါတယ်..
ဒ့ါကြောင့် အခုနောက်ပိုင်း ဆပ်ပြာ သွားတိုက်ဆေး ..ခေါင်းလျှော်ရည်..
အလှပြင်ပစ္စည်း စတာတွေမှာ SLS Free ဆိုတဲ့ အာမခံစာတမ်းကို
သုံးစွဲသူတွေ အန္တရာယ်ကင်းကင်းနဲ့ စိတ်ချစွာ
အသုံးပြု ၀ယ်ယူနိုင်စေဖို့ ရေးထည့်ထား ပေးကြပါတယ်..
မိမိသုံးမယ့် အသုံးအဆောင်ထဲက SLS ဟာ
မိမိအတွက် ဘယ်ရွေ့ဘယ်မျှ အန္တရာယ်ရှိနေတယ်ဆိုတာ သိထားပြီးတဲ့နောက်
ဝယ်သုံးရတော့မယ်ဆိုရင် SLS Free ဆိုတဲ့ စာတမ်းလေးများ
တွေ့လိုတွေ့ငြား သတိထား ရှာဝယ်ပေးကြပါလို့
တိုက်တွန်းအသိပေးပါရစေ..။ ။
အားလုံး ကျန်းမာ အသက်ရှည်ကြပါစေ..

ကိုးကား..
ဒေါက်တာ ဦးကျော်ကျော်
အရေပြားအထူးကုဆရာဝန်ကြီး

No comments:

Post a Comment