Wednesday, December 16, 2015

သည်နှစ်ဟာ အယ်လ်နီညိုနှစ်ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာလည်း လာမယ့်နွေရာသီမှာ စံချိန်တင်အပူချိန်တွေ ဖြစ်လာနိုင်ဖို့ရှိတယ်

Yangon Media Group
‪#‎ပညာရှင်စကား‬


အယ်လ်နီညိုရာသီဥတုကြောင့် ၉၇-၉၈ခုနှစ်ဟာ အပူပြင်းဆုံး နဲ့ အခြောက်သွေ့ဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။
မြို့တိုင်းလိုလိုဟာ အပူချိန်အမြင့်ဆုံးစံချိန်၊ ဒုတိယအမြင့်ဆုံးစံချိန်တွေ နဲ့ အပူချိန်တွေခေါင်ခိုက်ပြီး အပူလှိုင်းတွေကျကျနေခဲ့လို့ အပူဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရတယ်။ မိုးလေဝသစခန်းပေါင်း ၃ဝ ကျော်ဟာ အပူချိန်စံချိန်သစ်တွေ တင်ခဲ့ကြတယ်။
မိုးရွာသွန်းမှုဟာလည်း လျော့ နည်းလွန်းပြီး မိုးခေါင်တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ရတယ်။ မြို့စခန်းပေါင်း ၃၅ ခုမှာ မိုးအနည်းဆုံးစံချိန်တွေ တင်ခဲ့ကြပါတယ်။
အယ်လ်နီညိုဖြစ်ခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံမှာကြုံတွေ့ခဲ့ကြ ရတဲ့ ရာသီဥတုပြောင်းလဲမှုတွေကို လေ့လာဆန်းစစ်ကြည့်တဲ့အခါ အား ကောင်းတဲ့ အယ်လ်နီညိုသာဖြစ်ခဲ့ရင် မုတ်သုံလေရာသီဥတုမှာ တော် တော် သိသိသာသာ အပြောင်းအလဲတွေရှိခဲ့တာကို တွေ့ကြရပါတယ်။ မုတ်သုံအဝင်မှာ နောက်ကျတာတို့၊ အထွက်စောတာတို့၊ မုတ်သုံအင် အားနည်းတာတို့၊ မုတ်သုံမိုးလျော့တာတို့၊ အပူချိန်တိုးတာတို့ စတာ တွေဟာ တကယ်တော့ ရာသီဥတုခန့်မှန်းရေးမှာ အရေးပါလှပါတယ်။
နောက်တစ်ချက်က အယ်လ်နီညိုဖြစ်စဉ်တစ်ခုရဲ့ သက်တမ်း ကာလဟာ ၁၈ လလောက်သက်တမ်းရှိပါတယ်။ ဒီဇင်ဘာလလောက် မှာ အားအကောင်းဆုံးကိုရောက်လာတတ်တဲ့ အယ်လ်နီညိုဖြစ်စဉ်ရဲ့အ မှောင့်ပယောဂဟာ ရှေ့ကိုးလ နောက်ကိုးလလောက် ကြာလေ့ရှိပါ တယ်။ ဒီဇင်ဘာလကိုဗဟိုပြုပြီး ရှေ့နှစ်ရဲ့ကိုးလဟာ မတ်လလောက် က စလေ့ရှိပြီး နောက်ကိုးလကတော့ နောက်နှစ်ရဲ့ စက်တင်ဘာလ လောက်အထိ အယ်လ်နီညိုရဲ့ အကျိုးသက်ရောက်မှုဂယက်ကရှိတတ် ပါတယ်။ အနည်းဆုံး ၁၂ လနဲ့ တွက်ရင်တောင် အားကောင်းတဲ့အယ်လ် နီညိုဖြစ်ပြီဆိုရင် ရှေ့နှစ်ရဲ့မိုးနှောင်းနဲ့ မိုးလွန်ကာလနဲ့ နောက်နှစ်ရဲ့ မိုးကြိုနဲ့မိုးဦးကာလတွေ အကျိုးသက်ရောက်လေ့ရှိပါတယ်။ အယ်လ်နီ ညိုကိုအခြေခံပြီး မိုးလေဝသခန့်မှန်းမယ်ဆိုရင် အားသာချက်ကတော့ အချိန်ကာလ လေးငါးလကြိုပြီး မှန်ကန်မှုရာခိုင်နှုန်းမြင့်မြင့်နဲ့ ခန့်မှန်း နိုင်တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလမှာ အားအကောင်းဆုံးဆိုတော့ ဒီဘက်ပထမ နှစ်မှာထက် ဒုတိယနှစ်မှာ ပိုပြီးသက်ရောက်မှုရှိနိုင်ပါတယ်။ ၁၉၉၇- ၉၈ ခုနှစ်မှာ ကြုံခဲ့ရတဲ့ အပူချိန်ထက်ပိုမပြင်းရင်တောင် ဒီထက်တော့ မလျော့နိုင်ဘူးလို့ ခန့်မှန်းတယ်။
၁၉၈ဝ ပြည့်နှစ်များအတွင်းကတည်းက စတင်ခဲ့တဲ့ ကမ္ဘာကြီး ပူနွေးမှုကြောင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်တွေဟာ ပျမ်းမျှအားဖြင့် ရှစ် လက်မခန့် မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့အပူချိန်များဟာလည်း ဆက်လက်မြင့်တက်နေတဲ့အပြင် ၂ဝ၁၅ ခုနှစ်ဟာလည်း ကမ္ဘာ့မှတ်တမ်း သမိုင်းမှာ အပူဆုံးနှစ်လည်း ဖြစ်လာတော့မှာဖြစ်ပါတယ်။
ဒေါက်တာထွန်းလွင်
(မိုးလေဝသနှင့်ဇလဗေဒပညာရှင်)

No comments:

Post a Comment