Tin Nyunt
လားရှိုးမှာ စိုင်းမောက်ခမ်းကိစ္စကတော့ ရွေးကောက်ပွဲသမိုင်းမှာ
ရုပ်အဆိုးဆုံးဖြစ်ခဲ့သဗျ။ သူများကို အာဏာရချင်လွန်းသူလို့
လက်ညှိုးထိုးတဲ့သူတွေက အာဏာကို နောက်ဆုံးထွက်သက်အထိ လက်မလွှတ်ချင် တော့
အသည်းအသန် ကြိုးစားနေလိုက်တာ ရုပ်ပျက်ဆင်းပျက်ပါပဲ။
ကျွန်တော်
ဒုသမ္မတရာထူးနဲ့ တာဝန်ထမ်းဆောင်သွားတဲ့ စိုင်းမောက်ခမ်းကို လေးစားပါတယ်။
အရပ်သားဖြစ်လို့ ရယ်၊ တိုင်းရင်းသားထဲက ဖြစ်လို့နေလို့ရယ်၊ ဒေါက်တာဆိုတဲ့
ဘွဲ့ရထားပြီး တိုင်းပြည်ကောင်းကျိုး လုပ်မယ့် သူလို့ ထင်ထားတာ
သူ့သက်တမ်းတစ်လျှောက်လည်းအရုပ်၊ ခုလည်း သိက္ခာကျအောင် ကလဖန်အထိုးခံလိုက် ရတာ
သူ့ကိုယ်စား ရင်နာမဆုံးဘူးဗျ။
ပိုဆိုးတာက
လားရှိုးရပ်/ကျေးကော်မရှင်က မြို့နယ်ကော်မရှင်ကနေ သယ်လာတဲ့ မဲပုံးကို
ဝန်ထမ်းတစ်ဦးက မိတ္တူဆိုင်ကို သယ်သွားပြီးဖွင့်ဖောက်လိုက်တာဟာ သဘောရိုးနဲ့
လုပ်တာပါလို့ ပြောလိုက်တာ ပိုဆိုးသွားတယ်။ ရွေးကော်က မဲပုံးကို
တိုက်ရိုက်သယ်လာရမယ်၊ တစ်နေရာရာကို မဝင်ရဘူးလို့ ဥပဒေမှ ဖော်မပြထားတာ
ကြောင့် ရိုးသားစွာ မဲပုံးကို မိတ္တူဆိုင်ယူသွားပြီး ခိုးဖောက်ခဲ့တာ
ပြစ်မှုမမြောက်ဘူးလို့ တာဝန်ရှိသူ တစ်ဦးက ပြောသွားပါတယ်။
ကဲ …
ကိုတင်အေးရေ … ခင်ဗျား ဥပဒေမှာ အားနည်းချက်ကို ဝန်ထမ်းနဲ့ စိုင်းမောက်ခမ်းက
ကောင်းကောင်း အသုံးချပြီး လားရှိုးမှာ အနိုင်ယူသွားပါပြီ။
ကျွန်တော်တစ်ခုပဲ သိချင်တာက အဲဒီလောက်ကြီးထင်ရှားနေတဲ့ ကလိမ်မဲနဲ့ တက်လာတဲ့
စိုင်းမောက်ခမ်း တစ်ယောက် ပြည်သူတွေရဲ့ အသည်းထဲ နှလုံးထဲက မဲတွေနဲ့
တက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ် စစ်စစ် တွေကို ဘယ်လို လွှတ်တော်မှာ
မျက်နှာချင်းဆိုင်မလဲဆိုတာပဲ။
နှမြောတယ်ဗျာ။ အစိုးရသက်တမ်း ၅
နှစ်လောက် ဒုသမ္မတလုပ်ခဲ့ပြီးချိန်မှာ ရှက်ကြောပြတ်သွားရတာကို အလွန်
စိတ်မကောင်းဘူးဗျာ။ တကယ်ဆိုရင် ကိုယ်တိုင်က အဲဒီလို မတရားတဲ့မဲတွေနဲ့
ငါတက်မလုပ်ဘူးဆိုပြီး သိက္ခာ ရှိရှိနုတ်ထွက်သွားရမယ့်အစား
မျက်နှာပြောင်တိုက်ပြီး လွှတ်တော်ထဲကို တိုင်းရင်းသားဝတ်စုံကြီးနဲ့ဝင်လာမှာ
တိုင်းရင်းသားတွေကိုယ်စား ရှက်လှသဗျာ။
၁၃.၁၁.၂၀၁၅
No comments:
Post a Comment