Saturday, October 31, 2015

ဗျိုင်းဟောတဲ့တရား

Su Mg


တောရွေးကောက်ပွဲမှာ
ဗျိုင်းက မဲဆွယ်တယ်
သူသာ အဖြူစင်ဆုံးပါတဲ့။

ကျီးကန်းတို့ ဇရက်တို့ ကျားတို့ ဆင်တို့
ဘာမှမပြောသာဘူးလေ
ဗျိုင်းလောက်ဖြူစင်တာ မရှိတော့သလိုလို။


တကယ်တမ်းကျ ဗျိုင်းအကြောင်းတော့
ချောင်းစပ်က ငါးကလေးတွေပဲသိတယ်။


စုမောင်မောင်
credit ဒေါင်းနွယ်ဆွေ မောင်ဒီ

No comments:

Post a Comment