ညက နိုင်ငံတော်ပိုင်သတင်းမီဒီယာ ရုပ်သံကနေ ဒေါ်အောင်းဆန်းစုကြည်ပုံကြီးကို ထင်ရှားအောင်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ အမျိုးသားဒီမိုကရေစီင်္အဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ပြီဆိုတဲ့ သတင်းကို ထုတ်ပြန် ကြေညာသွားသဗျ။
ပြန်ဝန်တို့လည်း ခုမှပဲ စိတ်ချလက်ချ ဖားနိုင်တော့တယ်ဗျာ။ ဟုတ်ကဲ့
ခင်ဗျားတို့ နိုင်ငံတော်ပိုင် မီဒီယာတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ရုပ်ပုံနဲ့စာတွေကို နှိပ်ကွပ်ပြီး
ဆင်ဆာ လုပ်ထားခဲ့တာ နှစ်ပေါင်း ၂၀ ကျော် ကြာသွားပြီပေါ့။
နဝတ/ နအဖတွေခေတ်က ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး နှိပ်ကွပ်ပြီး မှိုချိုး မျှစ်ချိုးရေးခဲ့ကြတာလည်း ခင်ဗျားတို့ အစိုးရမီဒီယာတွေပဲဗျ။ အောင်တန်းကျ ပါတယ်ဆိုတဲ့သူတွေတောင် မသုံးလောက်တဲ့ ညစ်ပတ် စုတ်ပြတ်တဲ့ စကားလုံးတွေနဲ့ အမျိုးမျိုး နှိမ်ပြီးတော့ ခေါ်ခဲ့ သုံးခဲ့ကြတာ မှတ်မိသေးရဲ့လားတော့ မသိဘူး။
ကျွန်တော် အခုတောင် အဲဒီစကားလုံးတွေကို သုံးကြည့် ရေးကြည့်ဖို့ မဝံ့မရဲဖြစ်နေသေးတယ်။ အဲဒါတွေကို အစိုးရအဖွဲ့က ကလောင်စွမ်းထက်တဲ့ ဗိုလ်တွေနဲ့ အစိုးရအလိုတော်ရိ လက်ပေးသင်ထားတဲ့ အဖိုးကြီးတွေ ပေါင်းပြီး နေ့တိုင်း သတင်းစာတွေကနေ ကလိခဲ့၊ ရိခဲ့ဆိုတာ သမိုင်းတွေပါ။ အဲဒီသမိုင်းတွေ မပျောက်သေးဘူး။
ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာမယ်ဆိုတော့မှ ခင်ဗျားတို့ သောက်ရှက်မရှိ အစ်မတွေ၊ အမေတွေ၊ ဒေါ်တွေတပ်ခေါ်ပြီး ရှေ့တန်း ထွက်လာရင် ကျွန်တော်ကတော့ အဲဒီကောင်တွေဟာ တစ်ချိန်က ဒေါ်အောင်ဆန်း စုကြည်ကို ဘယ်လိုစော်ကားတဲ့စာတွေ ရေးခဲ့တယ် ဆိုတာ ပြန်ပြီးတော့ ဖော်ထုတ် ဖို့ စောင့် နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်သူ့အပေါ်မှာမှ အာဃာတထားမှာမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။ ဒါပေမဲ့ သာကူးတွေအတွက် နေရာမရှိဘူးဆိုတာ သိစေချင်လို့ သာကူးများကို ဝိုင်းဝန်းဖော်ထုတ်တဲ့ “သာကူးစစ်ဆင်ရေး” တစ်ရပ်ကို ပြည်သူတွေ ဝိုင်းဝန်းလုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ရှက်တတ်ရင် စောစောကတည်းက ရှောင်နေကြပေါ့ဗျာ။
၁၄.၁၁.၂၀၁၅

No comments:
Post a Comment