Monday, November 23, 2015

'အသစ်လဲချင်'

Thanlay Ko

ကိုဖိုးသန်တစ်ယောက် သူ့ဇနီးနဲ့အတူ အဆင့်မြင့်ဟော်တယ်ကြီးတစ်ခုမှာ ညစာစားနေတယ်။
စားသောက်နေတုန်း လက်ထဲကဇွန်း ပြုတ်ကျသွားတယ်
ပြန်ကောက်ပြီး သုံးမယ်လုပ်တော့ စားပွဲထိုးကပြေးလာပြီး ပြောတယ်... ...
"ကြမ်းပြင်ပေါ်ကျသွားတာကြီး မသုံးပါနဲ့ခင်ဗျာ အသစ်လဲပေးပါမယ်"
... ဆိုပြီး ဇွန်းအသစ်တစ်ချောင်း ထုတ်ပေးတယ်။

ခဏနေတော့ ခက်ရင်းပြုတ်ကျသွားတယ်
ပြန်ကောက်ပြီး သုံးမယ်လုပ်တော့ စားပွဲထိုးကပြေးလာပြီး ပြောတယ်... ...
"ကြမ်းပြင်ပေါ်ကျသွားတာကြီး မသုံးပါနဲ့ခင်ဗျာ အသစ်လဲပေးပါမယ်"
... ဆိုပြီး ခက်ရင်းအသစ်တစ်ချောင်း ထုတ်ပေးတယ်။
တခါဖြစ်ပြန်ရော...
လက်သုပ်ပုဝါပြုတ်ကျတာ။
ပြန်ကောက်ပြီး သုံးမယ်လုပ်တော့ စားပွဲထိုးကပြေးလာပြီး ပြောတယ်... ...
"ကြမ်းပြင်ပေါ်ကျသွားတာကြီး မသုံးပါနဲ့ခင်ဗျာ အသစ်လဲပေးပါမယ်"
... ဆိုပြီး လက်သုတ်ပုဝါအသစ်တစ်ထည် ထုတ်ပေးတယ်။
ကိုဖိုးသန် တစ်ချက်တွေကနဲ စဉ်းစားတယ်။
ပြီးတာနဲ့ သူ့မိန်းမကို ထိုင်ခုံပေါ်က တွန်းချလိုက်ပြီး စားပွဲထိုးကို စောင့်နေလိုက်တယ်... ...
.
.
.
သန်၎ကို - ရမ်းဘာသာပြန်သည်။

No comments:

Post a Comment