ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျနိးမာရေးဦးစီးဌာန
၁။ ကိုယ်ဝန်ဆောင်စဉ်မိခင်တစ်ယာက် သွေးဆင်းရင်၊ အရည်ဆင်းရင် နည်းနည်းများများ၊ ကိုယ်ဝန်နုနုရင့်ရင့် ဆေးရုံဆေးခန်းပြသရပါမယ်။
(အချင်းရှေ့ရောက်တာ၊ အချင်းကွာတာ၊ သားပျက်တာဖြစ်နိုင်ပါတယ်။
ရောဂါပိုးဝင်နိုင်ပြီး အရည်ဆင်းများရင် ကလေးအန္တရာယ်ရှိနိုင်ပါတယ်။)
၂။
မွေးချိန်မရောက်သေးဘဲ ဗိုက်နာခါးကိုက်ရင်၊ ထိခိုက်ဒဏ်ရာရရင်၊ အသားဝါရင်၊
ခြေသလုံးက သွေးကြောတွေဖောင်းကြွရင်လည်း ဆေးရုံဆေးခန်း ပြသရမှာပါ။
၃။ ခြေလက်မျက်နှာ ဖောယောင်ရင်၊ ဆီးနောက်ရင်၊ မျက်စိတွေပြာဝေရင်၊ တက်ရင်၊ အလွန်အမင်း အော့အန်လျှင် ဆေးရုံဆေးခန်း ပြသရပါမယ်။
(ကိုယ်ဝနိအဆိပ်တက်ခြငိး ကြောင့် ဖြစ်နိုင်ပါတယ်)
၎။ နေ့စဉ်ကလေးတိုးနေရာက မတိုးဘဲရပ်သွားရင်လည်း ဆေးရုံဆေးခန်းသွားရပါမယိ။
၅။ ဖြူဖတ်ဖြူယော်နဲ့ သွေးအားနည်းနေရင် မူးဝေမောပနိး နေရင် ဆရာမနဲ့ပြပြီး
သွေးအားပြည့်အောင် ဆေးသောက်ရပါမယ်။ (မွေးတဲ့အခါ သွေးသွန်တတ်တယ်၊
နှလုံးရောဂါဖြစ်နိုင်ပါတယ်။
၆။ ကိုယ်ဝန်ဟာ ကြီးထွားသင့်သလောက် မကြီးရင်၊ ဒါမှမဟုတ် ရှိသင့်တာထက်ပိုပြီး သိပ်ကြီးနေလွန်း နေရင်လဲဆေးရုံဆေးခန်းပြသပါ။
၇။ ဖျားရင်၊ ခေါင်းကိုက်ရင် ကိုယ့်သဘောနဲ့ဆေးဝယ်မသောက်ပါနဲ့။
ဆရာဝန်ဆရာမနဲ့ တိုငိပင်ပြသပြီး ညွှန်ကြားမှ ဆေးသောက်ရပါမယ်။
(တစ်ချို့ဆေးတွေဟာ သန္ဓေသားကို ထိခိုက်နိုင်တယိ။ ငှက်ဖျားဖြစ်ရင်
မိခင်ရောကလေးပါ အန္တရာယ်ရှိပါတယ်။
၈။ မွေးဖွားဖို့ ခန့်မှန်းထားတဲ့ရက်ကို တစ်ပတ်လာက်လွန်ပြီး မမွေးသေးရင်လည်း ဆေးရုံအမြန်ပြန်ပြရပါမယ်။
မီးဖွားစဉ်မှာ သတိပြုရမယ့် အန္တရာယ်လက္ခဏာများ။
၁။ ဗိုက်စနာပြီး ၁၂နာရီကျော်လို့ မမွေးသေးရင်
၂။ ကလေးမတိုးရင်၊ မိခင်ညှစ်ပေမယ့် တစ်နာရီလောက်အတွင်း ကလေးထွက်မလာရင်
၃။ မိခင်မောပန်းပြီး ညှစ်အားမရှိရင်၊ မိခင်နေမကောင်းရင် (ဖျားနာ၊
ဖြူဖျော့၊ အသားဝါ၊ ခေါင်းကိုက်၊ တက်ခြင်း၊ သွေးလန့်၊ သတိလစ်ခြင်း စသညိ)
၎။ ကလေးမွေးပြီး တစ်နာရီအတွငိး အချင်းမကျခဲ့ရငိ
၅။ သွေးဆင်းများရင်၊ သွေးဆင်းမရပ်ရင်၊ ပုပ်နံတဲ့အရည်တွေဆင်းရင်
၆။ မွေးလာတဲ့ ကလေး အသက်ရူမမှန်ရင်၊ ပေါင်မပြည့်လမစေ့ရင်မွေးပြီး
သားအိမ်မဝပ်ရင်၊ ဖျားနာရင် ဆေးရုံဆေးခန်းသွားဖို့ကို ဆရာမတွေဆီက
အကူအညီအမြန်ဆုံးရဖို့ ကြိုးစားသင့်ပါတယ်။
ဒါကြောငိ့
ကိုယ်ဝန်ဆောင်ရှိတဲ့ မိသားစုဝင်တွေဟာ ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်မှာ
အရေးကိစ္စပေါ်ခဲ့ရင် ဆေးရုံကို အမြန်ဆုံးသွားပြနိုင်ဖို့
ကြိုတင်ပြင်ဆင်နိုင်မှု ရှိထားရပါမယ်။ ဆေးရုံမှာမွေးဖို့ ဆရာမကညွှန်ကြားရင်
ဆေးရုံမှာ မဖြစ်မနေမွေးဖို့ ကြိုးစားပါ။ မမွေးခင် ကြိုတင်သွားပါ။
အိမ်မှာမွေးဖွားနိုင်တယ်လို့ အကြုံပြုထားရင်လည်း တတ်ကျွမ်းနားလည်တဲ့
သင်တန်းဆင်းဆရာမနဲ့သာ မွေးပါ။ အိမ်မှာမွေးမယ်ဆိုရင် ဆရာမသင်ပြထားတဲ့အတိုင်း
ကိုယ်ဝန်ဆောင်မိခင်နဲ့ ကူညီမယ့်သူတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု၊
မွေးဖို့နေရာ၊ အဝတ်၊ပစ္စည်း၊ ရေသန့်ရှင်းမှု စသည်တို့ကို ကောင်းစွာပြင်ဆင်ပါ။
ရပ်ရွာလူကြီးနှင့် လူမှုရေးအသင်းအဖွဲ့တွေ အနေနဲ့လည်း
အရေးပေါ်ကျန်းမာရေးများအတွက် ငွေရေးကြေးရေး၊ သွားလာရေး၊ဆက်သွယ်ရေးတွေမှာ
ကူညီပံ့ပိုးနိုင်ဖို့ အစီအစဉ် ရှိထားသင့်ပါတယ်။
No comments:
Post a Comment