Tuesday, October 13, 2015

အမေရိကန်သမ္မတ (အစိုးရ) များ ခံယူကျင့်သုံးကြသော အဂ္ဂမဟာဗျူဟာ (၅) မျိုး

Aung Phyo
 
 (၁)Containment = ထိန်းချုပ်ဟန့်တား၊ တားဆီးခြင်း၊
(၂) Integration =ပေါင်းရုံးစုစည်း၊ တစ်စုတစ်ဝေးတည်းဖော်ဆောင်ခြင်း၊
(၃)Regime Change=အစိုးရအပြောင်းအလဲဖြစ်စေခြင်း၊
(၄)Bargaining=ဈေးဆစ်ကစား၊ အပေးအယူလုပ်ခြင်း၊


(၅)Non-intervention=ဝင်ရောက်ကျူးကျော်၊ စွက်ဖက်မှုမပြုခြင်း ဟူ၍ တွေ့ရှိရပေသည်။ (စာ-၁၉ ၊ ၂၀)
အမေရိကန်တို့၏ အဂ္ဂမဟာဗျူဟာများသည် မဟာဗျူဟာသန့်သန့်များ၏ ပေါင်းစပ်မှုကို အမြဲပြုလုပ်လေ့ရှိသည် ။ ကာလဌာနနှင့် အတိုင်းအရှည်ပမာဏသာ ကွဲပြားကောင်းကွဲပြားမည်။ ထိုမျှမက အမေရိကန်စပ်မျိုး အဂ္ဂမဟာဗျူဟာများသည် ကူးပြောင်းရေး transformational မဟာဗျူဟာနှင့် ဥာဏ်ပညာထက်မြက်၍ သတိလက်မလွတ်သည့် Prudential မဟာဗျူဟာ အခြေခံများကို အောင်ပွဲခံ အမေရိကန်တို့၏ သမိုင်းအတွေ့အကြုံအရ မလွဲမရှောင်သာ ကျင့်သုံးကြပြီး အောင်ပွဲအလီလီသို့ ပို့ပေးလေသည်။ ထို့အပြင် ပထဝီနိုင်ငံရေးအခြေအနေ Geopolitics များက မဟာဗျူဟာအရ အရေးကြီးသောအနေအထားများကို ဖြစ်ပေါ်စေသည်ရှိသော် အမျိုးသားရေး ပြုစုပျိုးထောင်မှုအပိုင်း national culture နှင့် အမျိုးသားရေး ဦးဆောင်မှု national leadership အပိုင်းတို့က ပိုမိုအရေးပါကြသည်။ ဤအခြေအနေတို့သည် အကြင်သမ္မတများ၏ ဝိသေသအရည်အချင်းများနှင့် state craft နိုင်ငံရေးပရိယာယ်၊ နိုင်ငံရေး ဦးဆောင်မှုအပိုင်းအပေါ် တည်မှီပြီး ကောင်းချီးမင်္ဂလာ ဩဘာပေးခြင်း သို့မဟုတ် ကျိန်စာတိုက်ခြင်းတို့ကို ခံစားရစမြဲပင် ဖြစ်ပေသည် ။ ဤတွင် သမ္မတတစ်ဦးနှင့်တစ်ဦးလည်း အရည်အချင်းများ ကွဲပြားခြားနားကြသည်။ ဂုဏ်ယူပြောကြားရလျှင် ဥာဏ်ပညာကြီးမား၍ သတိအရှိဆုံးဖြစ်ပြီး အောင်မြင်ကျော်ကြားသူ၊ ထိရောက်သော မဟာဗျူဟာများ ချမှတ်ဖော်ဆောင်နိုင်စွမ်းရှိ သမ္မတကြီး သီအိုဒိုရူးစဗဲ့သည် အမေရိကန်ပြည်ထောင်စုအား ကမ္ဘာ့အင်အားကြီးထိပ်တန်းနိုင်ငံတစ်ခုအဖြစ်သို့ ပထမဆုံးပို့ဆောင်ပေးခဲ့သူဖြစ်သည်။ ၄င်း မည်သို့ပြောသွားသနည်း?"Speak softly and carry a big stick - ချိုသာသိမ်မွေ့ညင်သာစွာ ချောချောမောမော ပြောဆိုဆက်ဆံပါ ။ ပီယဝါစာ စကားပြောပါ။ သို့သော် တစ်ဖက်ကလည်း တုတ်ကြီးကြီး တစ်ချောင်းကိုင်ထား"ဟူ၍ ဖြစ်ပေသည် ။၎င်း၏ ဆိုလိုရင်းမှာ သည်းခံပါ ။ မထိန်းသိမ်းနိုင်သော နိုင်ငံရေး မိုးသက်မုန်တိုင်းများ မဟာဗျူဟာအရ ချောင်ပိတ်မိ တာဝန်ယူရမှုများကို ရှောင်ပါ ။ သို့သော် ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာအတွက် စွမ်းဆောင်နိုင်မှုများ နှင့် ဖြစ်တန်ရာ ပဋိပက္ခအတွက်လည်း အသင့်ပြင်ဆင်ထား"ဟူ၍ ဆိုလိုပေသတည်း ။ စာ- ၅၈၊ ၅၉
(ဒေါက်တာခင်ဒေါနဝင်း (နိုင်ငံခြားရေး) စုစည်းတင်ပြသည့်"အမေရိကန်၏ နိုင်ငံခြားရေးရာ မဟာဗျူဟာများ"စာအုပ်မှ)

No comments:

Post a Comment