Saturday, October 17, 2015

ရည်းစားထားတာ ယောက်ျားလေးတွေနစ်နာတယ် - ၂

Mya Zaw Tun to အလင်းပျိုးခင်း

ဘယ်ထောင့်က တွေးတွေးပါဗျာ
ယောက်ျားလေးတွေက ခံဘက်ကချည်းပဲ
တွေ့စကလည်း ကိုယ်ပဲစ'ချစ်ရတယ်
အဖြေတောင်းတော့လည်း မူသေးတယ်
တနည်းအားဖြင့် သက်သက်ညင်းဆဲတာဗျ


အဖြေကမပေးရသေးဘူး
စည်းကမ်းက ထုတ်ပြီ
ဟိုလိုစောင့်ကြည့်မယ်
ဒီလို စောင့်ကြည့်မယ်နဲ့
ရည်းစားထားတာ သခင်တစ်ယောက်ဝယ်ရသလို သူတို့ပြောသမျှနာခံနေရတာ
နည်းနည်းလေးပြန်ပြောမယ်ဆိုလည်း
နူတ်ခမ်းလေးကစူပြီး
မျက်စောင်းစစ်တပ်ကြီးနဲ့ ခြိမ်းခြောက်ပြန်ရော
အဖြေရပြန်တေ့လည်းကြည့်
ချစ်ရင် ဒီလိုမလုပ်ရဘူး ဟိုလိုမလုပ်ရဘူးနဲ့
နောက်တိုးစည်းကမ်းတွေက အမျိုးမျိုး
သူတို့ထားသလိုနေရတယ်
သူတို့ပြောဆိုမှ ပြောရတယ်
ကိုယ့်ကိုယ်ကို အရုပ်ဖြစ်မှန်းမသိဖြစ်လို့ . . .
အပြင်သွားလို့ချိန်းတွေ့ရင်လည်း
သူတို့တစ်နာရီလောက်နောက်ကျရင် အာဘွား ဘွာတေး
ကိုယ်တွေကို 3 မိနစ်လောက် စောင့်ရပြီဆို
ပွစိပွစိက မပြီးတော့ဘူး
လိုင်းပေါ်မှာ စကားပြောလည်းဘာထူးသလဲ
သူတို့အိပ်ချင်ပြီဆို ချက်ချင်း goodnight
ကိုယ်ဆွေအိပ်ချင်လို့ night ရင် ဘာလဲမချစ်တော့တာလား
အချိုးပြောင်းတာလားနဲ့ စွတ်စွဲချက်တွေက တရပ်စက်
ချစ်သူရပြီဆိုတာနဲ့
ဟိုသူငယ်ချင်းမိန်းကလေးကို စာမပြန်နဲ့
ဟိုကောင်မလေးကို အန်ပစ်နဲ့ ဂျစ်တိုက်သေးတာ
ရည်းစားစကားပြောမိတဲ့ထဲမှာ ငါ့ကိုကြိုက်သလိုထိန်းချုပ်ပါလို့
ထည့်ပြောမိသလားလို့ ပြန်စဉ်းစားရတော့မလိုလို
သည်ထက်ဆိုတာ
မြင်ကရာ ကောက်တယ်
တွေ့ကရာ ကောက်တယ်
ကောက်စရာမရှိရင် ရှာကြံကောက်တယ်
ခေါင်းထဲပေါ်လာသမျှ စွတ်စွဲပြီးကောက်တယ်
ကိုယ်တွေမှာ မမှားပဲလိုက်ချော့နေရတဲ့ဘဝ
မနက် နေ့လည် ည
သူ့အတွက် သံပတ်နာရီတစ်လုံးလို အချိန်မှန်ဖုန်းဆက်ရသေးတယ်
သူတစ်နေရာရာသွားချင်ပြီဆို
ကိုယ်ကအဆင့်သင့်အားနေပေးရသေးတယ်
အိမ်ထောင်များကျသွားလို့ လူကြီးဆန်သွားမယ်မထင်နဲ့
ကောက်သေးတာဗျ ..
မလှရင် ထားခဲ့မှာကြောက်လို့ဆိုတဲ့ ဆင်ခြေနဲ့အလှချည်းထိုင်ပြင်နေပြန်ရော
သည်ကြားထဲ ကိုယ့်ကိုအမျိုးမျိုးစစ်ဆေးနေတာက
တရားရုံးကတရားခံတစ်ယောက်လို
ဟူး
စဉ်းစားကြည့်
ယောက်ျားလေးတွေ ရည်းစားထားတယ်ဆိုတာလေ
လူတစ်ဖက်စာကျောက်တုံးကြီးကို ရွှေရည်စိမ်ပြီးလည်မှာဆွဲထားတာနဲ့တူတယ်
အများအမြင်မှာတော့ တောက်ပြောင်နေတယ်ပေါ့
ကိုယ့်ခံစားနေရတဲ့ ဒုက္ခကိုတော့ကိုယ်ပဲသိနိုင်တယ် ။

No comments:

Post a Comment