နိုင်ငံဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက် လူမျိုးအတွက် အနစ်နာ ခံနိုင်သူများ၊ ဘ၀ကိုစတေးနိုင်သူများ ပေါများသည်နှင့်အမျှ ထိုနိုင်ငံ ထိုလူမျိုးသည် ကမ္ဘာ၌ ထိပ်တန်းနိုင်ငံ၊ ထိတ်တန်းလူမျိုးဖြစ်မည်မှာ သေချာ၏၊
ဤနေရာ၌ ထိတ်တန်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှု၌ ထိပ်တန်းကို
ဆိုလိုသည်မဟုတ် အတတ်ပညာ ပြည့်စုံမှု၌လည်း ထိပ်တန်းကို ဆိုလိုသည်မဟုတ်။
ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ပြည့်စုံမှု၌သာ ထိပ်တန်းကို ဆိုလိုခြင်းဖြစ်သည်။
အမှန်အားဖြင့် ရင့်ကျက်သော အဖြင်ဖြင့် ကြည့်ပါက ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှုများသည်လည်း မြတ်နိုးဘွယ်ရာမဟုတ်၊ အတတ်ပညာ ပြည့်စုံမှုများသည်လည်း မြတ်နိုးဘွယ်မဟုတ်၊ တကယ်တမ်း မြတ်နိုးဘွယ်ကား "ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံမှု" သည်သာ ဖြစ်၏၊
( ဦးရွှေအောင်၏ ဗုဒ္ဓ၊ လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်)
(၁) ဒေါ်အောင်ဆန်းစုကြည်သည် populism သမား မဟုတ်၊ populism သည် အခြေခံ လူတန်းစားများ၏ မကျေနပ်မှု၊ အကျိုးစီးပွားများကို မိမိအား လူကြိုက်များလာစေရန် သေချာတွက်ချက် ဆွဲဆောင်ကာ ဆောင်ရွက်တတ်သော နိုင်ငံရေး မဟာဗျူဟာတခု ဟု အဓ္ဓိပါယ် ဖွင့်ဆို၍ ရနိုင်သည်၊ ဒေါ်အောင်ဆန်းစုကြည်သည် လူထု၏ အကျိုး၊ တိုင်းပြည်၏ ရှေ့ရေးကို မျှော်ကိုး၍ မည်မျှပင် လူကြိုက်နည်းသွားပါစေ ပြောရဲ လုပ်ရဲ သော လူထုကို ရှေ့မှ ဦးဆောင်လမ်းပြသွားနိုင်သည့် ခေါင်းဆောင်မျိုး၊ လူထု၏ နောက်မြီးဆွဲ သမားတယောက်မဟုတ်။
သင်၏ လက်ဝယ်တွင် ထိုကဲ့သို့ ခေါင်းဆောင်မျိုး ရှိနေပြီ ဖြစ်သည်။
(၂) ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာတ၀ှမ်းရှိ ခေါင်းဆောင်များ၏ လေးစား ယုံကြည်မှုကို ရရှိထားသော statesman တဦး၊ နိုင်ငံအတော်များများ၏ မြန်မာပြည်အပေါ် ထားရှိသော နိုင်ငံခြားရေး မူဝါဒသည် သူမ၏ ထင်မြင်ချက်များကို အခြေခံ၍ တည်ဆောက်ထားကြခြင်းဖြစ်သည်။ ထိုကဲ့သို့ မြန်မာ့သမိုင်းတွင် မကြုံဘူးလောက်အောင် အပြည်ပြည်ဆိုင်ရာမှ တန်ဘိုးထားသည့် ခေါင်းဆောင်မျိုး သင်၏ လက်ဝယ်တွင် ရှိနေပြီဖြစ်သည်။
(၃) အသင့်အား လွန်စွာ မှန်ကန်လှသည်ဟု ဆိုသော ပယောဟိတ်ကြီးတဦးက သင်သည် သားပြစ် မယားပြစ် ကာ အနှစ် ၁၅ နှစ်မှ အနှစ် ၂၀ အထိ အိမ်ထဲတွင်သာ နေနိုင်ရမည်၊ ထို့အတွက် နိုင်ငံခေါင်းဆောင်တဦးဖြစ်ရန် ကား ၅၀% သေချာသည်ဟု ဆိုလာပါက အသင် နေထိုင်နိုင်မည်လော၊ ဒေါ်အောင်ဆန်းစုကြည်ကား ငါ အသက်ရှင်နေသမျှ ကာလပါတ်လုံး တမျိုးသာလုံး မျှော်လင့်တောင့်တနေသည့် လူချင်းတူတူ လူချင်းမျှမျှ နေထိုင်နိုင်ရေး၊ တရားဥပဒေ စိုးမိုးသော လူ့ဘောင်တရပ် ဖွဲ့စည်း ဖြစ်ပေါ်ရေးအတွက် အသက်စွန့် ဆောင်ရွက်သွားမည်ဟု သံဒိဌာန် ချထားသော အမျှော်အမြှင် ကြီးမားလှသော နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ခေါင်းဆောင်တဦး၊
သင်၏ လက်ဝယ်တွင် ထိုကဲ့သို့ ခေါင်းဆောင်မျိုး ရှိနေပြီဖြစ်သည်၊
HSW

No comments:
Post a Comment