Wednesday, September 30, 2015

လစာ (သို့) ရက်စာ

Aung Cho

နေ့ပေါင်းသုံးဆယ်
ညပေါင်းသုံးဆယ်
သွယ်ချည်ထားတဲ့နေ့နဲ့ည
ဝန်နဲ့အားမမျှတဲ့ လျှပ်စစ်ဝါယာကြိုးလို
ရှော့စ် (Shock) ခဏခဏဖြစ်


ချွေးလည်းထပ်ညှစ်မရ……
ဈေးလည်း ထပ်ဆစ်မရ……
တစ်လ…တစ်လ
လောက်ငဖို့အရေး
အကြွေးမကျအောင်ကျားကန်
လောကဓံ ကို အပ်ဂရိတ်လုပ်(Upgrade)
နေထိုင်မှုကိုဗားရှင်းမြှင့်(Version)
ချိန်ဆချင့်တွက်
တွက်…တွက်………
ရက်ပေါင်းသုံးဆယ်နဲ့တွက်
ဂဏန်းပေါင်းစက်နဲ့တွက်…
ကွန်ပြူတာနဲ့ ချက်(Check)
အဝင်နဲ့အထွက်
ကြက်ဖဘဲ တွန်တွန်
ကြက်မဘဲ တွန်တွန်
သူ့ခွန်ကိုယ့်အား
လခစား(စစ်စစ်)ဘဝ
ရသမျှ ရောင့်ရဲ
အနေဆင်းရဲပေမယ့်
အမည်း(မဲ)စက်အတင်မခံ
စုန်ဆန်လူးခတ်
နောက်လ……
ထပ် မှတ်ထားလိုက်တော့ ရှင်မရေ ။ ။
(ကိုရွှေကေဇာ)
30-9-2015
1:16 pm

No comments:

Post a Comment