တစ်ခါတုန်းက မြို့ကြီး တစ်မြို့ရဲ့ ကျောင်းတစ်ကျောင်းမှာ ဆရာတော် တစ်ပါး သီတင်းသုံး နေထိုင်လျှက်ရှိတယ်။ တစ်နေ့မှာ မင်းမှုထမ်း တစ်ယောက်ရောက်လာပြီး၊ ဆရာတော်အား မင်းမှုထမ်းများ ပြုလုပ်မယ့် အလှူအတွက် ပင့်ဖိတ်ပါတယ်။ ဆရာတော်က ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာကို လာရမလဲ မေးတော့၊ ၎င်း မင်းမှုထမ်းမှ အလှူ ပြုလုပ်မယ့် နေ့ရက်၊ အချိန်ကိုပြောပြီး၊ အဲဒီ့နေ့မှာ ဆရာတော်ကို လာရောက် ပင့်ဆောင်ပါမည့်အကြောင်း၊ အကြို အပို အားလုံး တာဝန်ယူပါမည့်
အကြောင်း ပြောပြီး ပြန်သွားပါတယ်။
အလှူ ပြုလုပ်မယ့် နေ့ရောက်တော့ ၎င်း မင်းမှုထမ်းရောက်လာပြီး ဆရာတော်ကို ပင့်ဆောင်ပါတယ်။ ဆရာတော်လဲ ကျောင်းပေါ်ကနေ အဆင်း လှေကားထိပ်မှာ ရပ်ထားတဲ့ ကားနက်ကြီးကို မြင်တော့၊ ”ငါ့ကို ဒီလို ကားကောင်းကြီးနဲ့ ပင့်ဖို့ လိုလို့လား”လို့ မိန့်တော့ ၎င်း မင်းမှုထမ်း ”မူ” အရပါ” လို့ ပြန်လျှောက်တယ်။
ဆရာတော်လဲ ခေါင်း တညမ့်ညမ့်နဲ့ မနုဿ တေဇော .... မနုဿ တေဇော .... လို့ ရေရွတ်ရင်း ပင့်ဆောင်ရာသို့ လိုက်ပါသွားတော့တယ်။
ဒီလိုနဲ့ ကားဟာ ခန့်ညားထယ်ဝါလှတဲ့ အလှူ ပြုလုပ်ရာ ခန်းမကြီးရှေ့သို့ ရောက်ရှိလာပါတော့တယ်။ ဒီလောက် ထယ်ဝါ ခန့်ညားတဲ့ အလှူ မျိုး တစ်ခါမှ မတွေ့ဘူးတဲ့ ဆရာတော်က ”အလှူ မင်္ဂလာ ခန်းမကြီးက တယ်လဲ ထယ်ဝါလှချီ့လား”လို့ ဆိုတော့ ”မူ” အရပါ” လို့ လျှောက်ပြန်သတဲ့၊ ဆရာတော်လဲ ခေါင်း တစ်ညမ့်ညမ့်နဲ့ မနုဿ တေဇော .... မနုဿ တေဇော .... လို့ ရေရွတ်ရင်း ခန့်ညားထယ်ဝါလှတဲ့ အလှူ မင်္ဂလာ ခန်းမကြီးထဲ ၀င်သွားပါတော့တယ်။
အထဲရောက်တော့ သံဃာအတော်များများကိုတွေ့ရတယ်။
”မူ” အရပါ” လို့ လျှောက်ပြန်သတဲ့၊ ဆရာတော်လဲ ဘာမှ မပြောတော့ပဲ ခေါင်း တညမ့်ညမ့်နဲ့ မနုဿ တေဇော .... မနုဿ တေဇော .... လို့ ရေရွတ်ရင်း ကျောင်းသို့ ပြန်ကြွလာတယ်။
ဆရာတော်ကို ကျောင်းအရောက်ပို့ဆောင်ခဲ့တဲ့ မင်းမှုထမ်းက ”တပည့် မပြန်ခင် သိလိုတာလေး မေးမြန်း လျှောက်ထားပါရစေ”လို့ ဆရာတော်ထံ ခွင့်ပန်လိုက်ပြီး၊ မနုဿ တေဇောရဲ့အဓိပ္ဗါယ်ကို မေးပါတယ်။ ဒီတော့ ဆရာတော်က မနုဿ ဆိုတာ လူ၊ တေဇော ဆိုတာ မီး၊ မနုဿ တေဇော ဆိုတော့ လူမီး ပေါ့လို့ မိန့်လိုက်တယ်။ မင်းမှုထမ်းလဲ မနုဿ တေဇောရဲ့ အဓိပ္ဗါယ် လူမီး ... လူမီး ... လို့ တဖွဖွ ရွတ်ရင်းပြန်သွားပါတော့တယ်။
ညို (မြန်မာ)
No comments:
Post a Comment