“ဒီမှာလည်းရှိ ဟိုမှာလည်း ရှိတဲ့သူဆိုတာ ဘာများလဲ ပြောစမ်းပါ”
“မင်းကြီး သင့်နိုင်ငံတွင် သူဌေး သူကြွယ်ပေါများပါ၏လော”
“ပေါများပါသည်”
“ငွေကြေးချမ်းသာသူများသည် အလှူရေစက် လက်နှင့်မကွာ ရှိကြပါ၏လော”
“ငါ့နိုင်ငံအနှံ့ ထမင်းရေချောင်းစီး မောင်းတီးပြီးလှူနေသော အလှူများ မပြတ်ရှိသည်”
“မင်းကြီး ယင်းသူဌေး သူကြွယ်များသည် ဤလောကတွင် စည်းစိမ် ဥစ္စာများလည်း ကြွယ်ဝသည်။ ကာမဂုဏ် အာရုံအပြည့်၊ လောကီစည်းစိမ်ကိုလည်း ခံစားနိုင်ကြသည်။ သူတို့သည် ချမ်းသာရုံမက ဒါန သီလ ကောင်းမှု တို့ကို ထပ်ဆင့် လွန်ကဲလိုက်သည့်အခါတွင် နောင်ဘဝအတွက် ပြင်ဆင်ပြီးသားဖြစ်သွားသည်။ ငွေကြေး ချမ်းသာသူတိုင်း ယခုရှိသော်လည်း နောင်မရှိနိုင်။ ယခုဘဝရှိအောင်လုပ် သလို၊ နောင်ဘဝအတွက် ကောင်းစေရန် ရည်စူးပြီး လုပ်ဆောင်နိုင်မှသာ ဒီမှာလည်းရှိပြီး ဟိုမှာလည်း ရှိနိုင်ပါလိမ့်မည်”
“အလွန်သင့်မြတ်သော အဖြေများ ဖြစ်သည်။ သင်သည် ငါ့ထံတွင် အမှုထမ်းရန် ဆန္ဒရှိပါက ချီးမြှောက်ပေးရန် ဆန္ဒရှိသည်”
“မင်းကြီး သင်ငါ့ကို မည်သည့် ရာထူးပေးမည်နည်း”
“မဟာပညာကျော်ဘွဲ့ပေးပါမည်”
“မင်းကြီး သင့်ထံပါးတွင် ခစားနေသော အမတ်ပေါင်းများစွာထက် မြင့်သောရာထူး အဘယ်ကြောင့် သင်ငါ့ကို ပေးအပ်ရသနည်း”
“ဘီလူးစားမေးခွန်းများကို ပညာရှင်ဘွဲ့ခံများထက် သင်ကဖြေကြားနိုင်သောကြောင့်ဖြစ် သည်”
“မင်းကြီး သင့်အသက်ကို ငါကယ်သည်ဟုပြောလျှင် လက်ခံမည်လော”
“လက်ခံပါသည်။ သင်သည် ငါ၏ အသက်သခင် ကျေးဇူးရှင်သာတည်း”
“ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ငါ့ကို ထီးနန်းကိုမအပ်၊ ဘုရင်အဖြစ် မတင်မြှောက်ရသနည်း”
ဘုရင်က “သယ် .. အလိုလိုက်လို့ အမိုက်စော်ကား ငမိုက်သားအရူး”
“မင်းကြီး အာဏာကိုမက်လွန်းသောကြောင့် သင်သည် ဒီမှာလည်းမရှိ၊ ဟိုမှာလည်းမရှိတော့ပါလား။ သင့်ရာထူးနဲ့ စည်းစိမ် ငါ့ရဲ့ ဟောဒီ အုန်းမှုတ်ခွက်လောက်ပင် တန်ဖိုးမရှိ။ နောင်တမလွန်တွင် ရှိနိုင်စေရန် ကြိုးစားပါမင်းကြီး” ဟုပြောကာ အရူးငတာ နန်းတော်မှ ထွက်ခွာသွားပါတော့တယ်။
၁၇.၁၀.၂၀၁၅

No comments:
Post a Comment