ခရမ်းရောင်အာလူးစားသုံးခြင်းက ကင်ဆာရောဂါကို တိုက်ဖျက်နိုင်သည်ဟု အမေရိကန်နိုင်ငံမှ ပညာရှင်များကဆိုသည်။ ခရမ်းရောင်အာလူးတွင် အူအတွင်းရှိ ကိုယ်ခံအားစနစ်များကို မြှင့်တင်ပေးသော ကစီဓာတ်တစ်မျိုးပါဝင်သည်ဟု အမေရိကန်နိုင်ငံ၊ ပန်ဆယ်ဗာနီယားစတိတ်တက္ကသိုလ်မှ ပါမောက္ခ ဂျိုင်ရမ်ဗာနာမာလာက ဆိုသည်။ ခရမ်းရောင်အာလူးကို မီးဖုတ်၍စားခြင်းက ကင်ဆာရောဂါတိုက်ဖျက်ရန် အကူအညီရနိုင်ဖွယ်ရှိသည် ဟုဆိုသည်။
တောင်အာဖရိကဒေသ မှထွက်ရှိပြီး “စူပါအစားအစာ” ဟုခေါ် ဆိုခံရသည့် ခရမ်းရောင်အာလူးတွင် ကင်ဆာအကျိတ်များကို သေစေနိုင်သော ဓာတ်ပစ္စည်းများပါဝင်ကာ အ မေရိကန်ဈေးကွက်တွင် ၀ယ်ယူရရှိနိုင် ပြီဖြစ်သည်။
ဂေါက်သီးအရွယ်ရှိသော ထိုခရမ်းရောင်အာလူးကို ကြွက်များဖြင့် စမ်းသပ်ရာတွင်
အူမကြီးကင်ဆာဖြစ်ပွားမှုကို ရပ်တန့်သွားစေကြောင်း တွေ့ခဲ့ရသည်။ အာလူးတွင်
ပါဝင်သည့်က စီဓာတ်တစ်မျိုးက အူအတွင်းရှိ ကိုယ်ခံအားစနစ်ကို
မြှင့်တင်ပေးပြီး ကင်ဆာဆဲလ်များကို အလိုအလျောက်ပျက် စီးသွားစေသည်ဟုဆိုသည်။
ပါမောက္ခဂျိုင်ရမ်က “ကျွန်တော်တို့ရဲ့ အစောပိုင်းစမ်းသပ်မှုတွေနဲ့
အခြားသုတေသနတွေအရ ခရမ်းရောင်အာလူးအပါအ၀င် အာလူးတွေမှာပါတဲ့ ကစီဓာတ်က
အူအတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေအတွက် အစာဖြစ်စေတာတွေ့ရပါတယ်။
ဘက်တီးရီးယားတွေက ဗျူသိုင်းဟုစ်အက်စစ်ကို ကောင်းမွန်တဲ့ ဖက်တီးအက်စစ်တွေ
ဖြစ်ပေါ်စေပါတယ်” ဟု ဆိုသည်။ ဗျူသိုင်းရစ်အက်စစ်မှာ အူအတွင်းရှိ
ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး နာတာရှည်သွေးကြော ရောင်ရမ်းမှုကို
တိုက်ဖျက်ပေးကာ ကင်ဆာဆဲလ်များကို အလိုအလျောက် သေဆုံးစေသည်။
အခြားသစ်သီးနှင့် ဟင်းသီးဟင်းရွက်များကဲ့ သို့ပင် ခရမ်းရောင်အာလူးအား
အရောင်ဖြစ်ပေါ်စေသည့် ဓာတ်ပစ္စည်းများကလည်း ထိရောက်မှုရှိစေသည်ဟု
ပါမောက်္ခဂျိုင်ရမ်ကဆိုသည်။ ၎င်းက “ကင်ဆာက ရှုပ်ထွေးတဲ့ရောဂါ
တစ်မျိုးဖြစ်တဲ့အတွက် ကင်ဆာမျိုးစုံအတွက် ဆေးတစ်မျိုးတည်းနဲ့
ထိရောက်စွာကုသနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။
The Ladies News Journal
The Ladies News Journal
No comments:
Post a Comment