💝 မောင်သိထားရမယ့် ကျွန်မရဲ့လျို့ဝှက်ချက်တွေပေါ့ 💝
❤ခံစားချက်ကြောင့် ဆုံဆည်းရာ ❤
၁။ကျွန်မစိတ်တွေဆိုးပြီး မောင့်ကိုထွက်သွားထွက်သွားဆိုပြီး ထုရိုက်တဲ့အခါ
တကယ်ထွက်မသွားပါနဲ့။
အမှန်တော့ကျွန်မလက်တွေကိုဖမ်းဆုတ်ထားပြီး တင်းတင်းကျပ်ကျပ်ဖက်ထားစေချင်တာပါ။
၂။ကျွန်မစိတ်ဆိုးစိတ်ကောက်နေတဲ့အခါ ကျွန်မကိုစိတ်ပျက်မသွားပါနဲ့။
အမှန်တော့မောင်ချော့တာလေးတွေကိုစိတ်ထဲကကြည်နူးနေချင်တာပါ။
၃။ကျွန်မမောင့်စကားကိုနားမထောင်ပဲ လုပ်ချင်တာလုပ်မိတဲ့အခါ
ကျွန်မကိုမအော်လိုက်ပါနဲ့။
မောင်တခါတလေလူကြီးလေးလိုဆူတာ ပြောတာလေးတွေကြားချင်နေတာပါ။
၎။ကျွန်မနေမကောင်းချင်ယောင်ပြီးဖုန်းဆက်တဲ့အခါ မောင်စိတ်ညစ်မသွားပါနဲ့။
မောင်ဂရုစိုက်တာလေးတွေကိုတောင့်တနေမိတာပါ။
၎။ကျွန်မမောင့်ကိုပြုံးပြုံးလေး စိုက်ပြီးငေးကြည့်နေတဲ့အခါ မောင်မျက်နှာမလွှဲလိုက်ပါနဲ့ မောင့်ဆီကရုတ်တရက်အနမ်းလေးမျှော်လင့်နေတာပါ။
၅။ကျွန်မတို့နှစ်ယောက်ဖုန်းပြောတဲ့အခါ ကျွန်မဘက်ကအသံလေးတိတ်သွားလို့ စကားပြောရတာစိတ်မပါဘူးလို့မထင်ပါနဲ့။
မောင်ရဲ့ဖုန်းထဲကနေ "အာဘွား အာဘွား အရမ်းချစ်တယ်" ဆိုတာလေးကြားချင်နေတာပါ။
(စ ပြီးမတောင်းဆိုရဲလို့ငြိမ်ပြီးစဉ်းစားနေတာပါ)
#မောင့်အတွက်ရည်ရွယ်သော
—
No comments:
Post a Comment