Friday, September 18, 2015

ယောက္ခမရိုသေ




တက္ကသိုလ်ကျောင်းသားလေ့လာရေးအဖွဲ့တစ်ဖွဲ့သည် ကျေးရွာတစ်ခုသို့
လေ့လာရေးခရီးထွက်လာကြစဉ် နွားသိုးကြီးတစ်ကောင်
သည် နွားတင်းကုတ်မှပြေးထွက်လာကာ တွေ့ရာမြင်ရာကို လိုက်ဝှေ့နေ၏ ။ ထို့ကြောင့် ကျောင်းသားများလည်း ခြေဦးတည့်ရာကို ထွက်ပြေးကြရသည်။
သို့သော် နွားမတစ်ကောင်ကိုနို့ ညှစ်နေသော လယ်သမားကြီးတစ်ဦးမှာကား ဣနြေ္ဒမပျက် ဘယ်မှထွက်မပြေးပဲနွားနို့ဆက်ညှစ်နေသည် ။ နွားသိုးကြီးက လယ်သမားကြီးအနီးသို့ရောက်သောအခါ မဝှေ့ရဲပဲ အခြားတစ်ဖက်သို့ လှည့်ပြေးလေသည်။
ကျောင်းသားများက တအံ့ တဩနှင့် လယ်သမားကြီးအား ဝိုင်းမေးကြရာ ......................
`ဒီနွား ဝှေ့ဖို့မပြောနဲ့ အနားတောင်ဘယ်ကပ်ရဲပါ့ မလဲ ၊
 ကျုပ်နို့ညှစ်နေတဲ့ နွားမဟာ သူ့ယောက္ခမလေ'

Credit- Lu Soe Lay

No comments:

Post a Comment