သစ်ထူးလွင် |
- ပထဆုံး စတင်အရေးယူခဲ့သည့် နိုက်ကလပ် ကခြေသည် အဖေါ်အချွတ်မယ်များ
- ISIS စစ်သွေးကြွ အဖွဲ့က ဓာတုလက်နက် အသုံးပြု တိုက်ခိုက်သည့် အထောက်အထားများ ရရှိထားဟု ဂျာမနီပြောကြား
- တရုတ်က မောင်းသူမဲ့ဘတ်စ်ကား ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့
- ဂွာတာမာလာ သမ္မတဟောင်း လာဘ်စားမှုနဲ့ စွဲချက်တင်ခံရ
- မြန်မာကာချုပ် အစ္စရေးလ်ခရီးစဉ်
-
သမ္မတနဲ့ တိုင်းရင်းသားခေါင်းဆောင်များေ
တွ့ဆုံ - မြန်မာ့ ရေပြင်အတွင်းရှိ ရေပေါ်ရေအောက် သယံဇာတများနှင့် ငါး၊ ပုစွန် သားပေါက်နှုန်းများ ကျဆင်း
- ကင်ညှာမှာ ဖောက်ခွဲပစ္စည်းတွေ့ရှိမှုနဲ့ မင်္သကာသူ ၃ ဦးကို ဖမ်းဆီး
- ဗြိတိသျှလေကြောင်းလိုင်း လေယာဉ် Las Vegas မှာ မီးလောင်မှုဖြစ်ပွား
- လာ့ဗီးဂတ်စ် မြို့တွင် ဘိုးရင်း ၇၇၇ လေယာဉ် မီးလောင်ကျွမ်းမှုဖြစ်
- အီရတ်တွင် ကလေးငယ် ၁၂၇ ဦး အိုင်အက်စ် ပြန်ပေးဆွဲ
- ဗုံးဖောက်ခွဲသူ ထိုင်းကနေ အစောကတည်းက ထွက်ခွာလို့ဆို
- ရွေးကောက်ပွဲကို ကူညီ စောင့်ကြည့် ကြဖို့ နိုင်ငံ တကာကို ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း
- ရွေးကောက်ပွဲသတင်း ဖေါ်ပြပုံ ဘက်လိုက်မှု ရှိ မရှိ MID စောင့်ကြည့်မည်
-
တိုင်းရင်းသားကိုယ်စားလှယ်လောင်
းတွေ မဲဆွယ်စည်းရုံးမှု အခက်အခဲရင်ဆိုင် - ပြည်ပရောက် မြန်မာတွေ မဲပေးခွင့် အခက်အခဲတွေ့
- ဧရာဝတီမြစ်ကြောင်း တလျှောက် ရေကြီးနိုင်ကြောင်း သတိပေးချက်ထုတ်
- သာယာဝတီထောင် က ကျောင်းသားတွေ သပိတ်မှောက်မည်
- ရေဘေးနဲ့ ရွေးကောက်ပွဲ ဒေါ်လာ ၇၅.၄ သန်း ဂျပန်ကူမည်
- မလေးရှားစခန်းမှာ အခုတလခွဲအတွင်း မြန်မာ ၆ဦးသေဆုံး
- သံလမ်းပေါ်ထိုင်နေသူ ရထားကြိတ်မိ၍ သေဆုံး
- ခြေဥမပြင်ဘဲ အပစ်ရပ် လက်မှတ်ထိုးရင် အစိုးရသာ အကျိုးရှိမယ်လို့ အဖွဲ့စုံ ပြော
- ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားချက် ပြန်ရုပ်သိမ်း
- ရွေးကောက်ပွဲအောင်နိုင်ရေး SNLD ပါတီဝင်များ ပင်လုံမြို့တွင်တွေ့ဆုံ
Posted: 09 Sep 2015 06:58 AM PDT
ထိုင်းနိုင်ငံ ချွန်ဘူရီက ဘန့် လမုံ ရပ်ကွက်က နိုက်ကလပ်တခုကို စက်တင်ဘာ
၉ရက် မနက် ၁နာရီ တွင် ရဲနှစ်ဦး ၀င်ရောက် လာပြီး တဆိုင်လုံးအား မီးဖွင့်
ခိုင်းခဲ့ပါတယ်။
ပြီးမှစင်ပေါ်မှာ အပေါ်ပိုင်း အ၀တ်မပါဘဲ ကနေတဲ့ အမျိုးသမီးသုံးဦးနဲ့ အထိမ်း
မာမာစံ အသက်၄၅နှစ်ကိုပါ ဖမ်းပြီး ရဲစခန်းမှာ မဖွယ်မရာ ကပြ၍ လာရောက်ကြည့်ရူ
့သူများအောင် လိင်အသားပေး အကများနဲ့  ဆွယ်နေခြင်းအတွတ် တရားဆွဲ
ဒဏ်ရိုက်ခဲ့ကြောင်း သိရပါတယ်။
ထိုင်း
|
Posted: 09 Sep 2015 05:38 AM PDT
ဘာလင် ၊ ၉-၉-၂၀၁၅အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည်
တိုက်ခိုက်မှုများ အတွင်း အရေပြား လောင်ကျွမ်းစေသည့် ဓာတ်ငွေ့များ
အသုံးပြုခဲ့သည် ဟူသော သက်သေ အထောက်အထား များကို ဂျာမနီနိုင်ငံ
ထောက်လှမ်းရေး အဖွဲ့က ရရှိထားကြောင်း သိရသည်။ဂျာမနီ ပြည်ပ ထောက်လှမ်းရေး
အဖွဲ့ (BND) သည် ISIS စစ်သွေးကြွ များနှင့် တိုက်ခိုက်မှုအတွင်း ဒဏ်ရာ
ရရှိသည့် ကာ့ဒ်တပ်ဖွဲ့ဝင် များ၏ သွေးနမူနာ များကို စုဆောင်း၍ စစ်ဆေးခဲ့ရာမှ
|
Posted: 09 Sep 2015 05:35 AM PDT
ပေကျင်း ၊ ၈-၉-၂၀၁၅
တရုတ်နိုင်ငံမှ ဘတ်စ်ကား ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုသည် ၄င်းတို့ ကုမ္ပဏီက
ထုတ်လုပ်သော မောင်းသူမဲ့ ဘတ်စ်ကားအား နိုင်ငံအလယ်ပိုင်း ဟေနန်ပြည်နယ် ရှိ
လူစည်ကားရာ မြို့တွင်းလမ်း တစ်နေရာတွင် အောင်မြင်စွာ စမ်းသပ် မောင်းနှင်မှု
ပြုလုပ်နိုင် ခဲ့ကြောင်း ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၇ ရက်တွင်
ပြောကြားသည်။
ယုတောင်း ကုမ္ပဏီထုတ် ၁ဝ ဒသမ ၅ မီတာအရှည်ရှိ စနစ်နှစ်မျိုးသုံး အဆိုပါ
မောင်းသူမဲ့ ဘ
|
Posted: 09 Sep 2015 05:25 AM PDT
ဂွာတာမာလာနိုင်ငံတ၀န်း လနဲ့ချီ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဖြစ်စေခဲ့တဲ့
အရှုတ်တော်ပုံကြီးနဲ့ ဆက်နွယ်နေတဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့
ပတ်သက်လို့ ရုံးတင်စစ်ဆေးခံဖို့ သမ္မတဟောင်း Otto Perez Molina ကို
တရားသူကြီးတစ်ဦးက အမိန့်ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတရာထူးက နှုတ်ထွက်ခဲ့တဲ့ မစ္စတာ Perez Molina ဟာ
စီးပွားရေးလုပ်ငန်းရှင်တွေ ဆီကနေ ဒေါ်လာသန်းနဲ့ချီ ယူပြီး သွင်းကုန်အခွန်
လျှော့ပေးတဲ့ လာဘ်
|
Posted: 09 Sep 2015 05:20 AM PDT
(Credit: Thet Lwin Oo)
နေပြည်တော်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား
အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ စစ်တပ်အကြီးအကဲ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အစ္စရေးလ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဟာ အစ္စရေးလ်နိုင်ငံကို ဒီလ ၅ ရက်နေ့က ထွက်ခွာခဲ့ပြီး ၂
နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ်
သွားရောက်ခြင်း
|
Posted: 09 Sep 2015 05:16 AM PDT
သမ္မတနဲ့ တိုင်းရင်းသားခေါင်းဆောင်များေ
|
Posted: 09 Sep 2015 05:09 AM PDT
ကြည့်မြင်တိုင် စံပြ ငါးဈေးတွင် ငါးအရောင်းအဝယ် လုပ်နေကြစဉ် (ဆင်ဟွာ)
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
မြန်မာ့ ရေပြင်အတွင်းရှိ ရေပေါ်ရေအောက် သယံဇာတများနှင့် ငါး၊ ပုစွန်
သားပေါက်နှုန်းများမှာ တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာသည့် အပြင် ငါး၊ ပုစွန်
ဖမ်းဆီးရေး လုပ်ငန်းများတွင်လည်း ရရှိသည့် ပမာဏမှာ ယခင်ကထက် ၅ဝ
ရာခိုင်နှုန်းကျော် ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်
အမှုဆောင် ဒုတိယဥက္ကဋ္ဌ
|
Posted: 09 Sep 2015 05:09 AM PDT
ကင်ညှာနိုင်ငံ Nairobi မြို့တော်မှာ ဖောက်ခွဲပစ္စည်းတွေ ထည့်ထာတဲ့အိတ်နဲ့
ဈေးရုံတစ်ခုထဲဝင်ဖို့ အမျိုးသားတစ်ဦးက ကြိုးစားခဲ့အပြီးမှာ လူ ၃ ဦးကို
ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
အဲဒီအမျိုးသားကို လုံခြုံရေးအစောင့်တွေက ၀ိုင်းဝန်းထိန်းချုပ်နိုင်ခဲ့
|
Posted: 09 Sep 2015 04:54 AM PDT
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ဦးတည်ပျံသန်းမယ့် ဗြိတိသျှလေယာဉ်တစီးဟာ
အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ် လေဆိပ်မှာ အင်ဂျင်မီးလောင်မှု
ဖြစ်ပွားခဲ့တဲ့အတွက် လေယာဉ်ပေါ်ပါ သူ ၁၇ ၂ ဦးကို အရေးပေါ် လျှောဆင်းတဲ့
ထွက်ပေါက်တွေက ကယ်ဆယ်ခဲ့ရပါတယ်။
ခရီးသည် အနည်းဆုံး ၁၃ ဦးဟာ အနည်းငယ်ထိခိုက် ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံကို
ခေါ်ဆောင်သွားခဲ့ရတယ်လို့ လေယာဉ်ကွင်း အာဏာပိုင်တွေက ပြောပါတယ်။
ခရီးသည် ၁၅၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၃
|
Posted: 09 Sep 2015 04:34 AM PDT
လာ့ဗီးဂတ်စ်ရှိ မက်ကာရန် လေဆိပ် ပြေးလမ်းပေါ်တွင် ဘိုးရင်း ၇၇၇ လေယာဉ်
မီးလောင်ကျွမ်းမှု အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ဗြိတိန် လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ် တစ်စင်းသည် အင်္ဂါနေ့
နေ့လည်ပိုင်းက လာ့ဗီးဂတ်စ်မြို့ ရှိ လေယာဉ် ပြေးလမ်းမှ ထွက်ခွာစဉ်တွင်
မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း ပြည်တွင်း
လေကြောင်းလိုင်း အာဏာပိုင်က ပြောပါသည်။
လန်ဒန်
|
Posted: 09 Sep 2015 04:29 AM PDT
ဆီးရီးယား ကလေးငယ်များ သောက်သုံးရေ ဖြည့်နေကြစဉ် (ဆင်ဟွာ)
ဘဂ္ဂဒတ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
အစ္စလာမ်မစ် နိုင်ငံတော် (Islamic State) စစ်သွေးကြွများသည် ၎င်းတို့၏
အကြမ်းဖက်အဖွဲ့ဝင်အဖြစ် သင်တန်း ပေးရန် ကလေးငယ် ၁၂၇ ဦးအား အိုင်အက်စ်
အခြေစိုက် မိုဆူးမြို့တွင် ပြန်ပေးဆွဲထားကြောင်း အီရတ်သတင်း မီဒီယာတွင်
အင်္ဂါနေ့က ဖော်ပြထားသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပြန်ပေးဆွဲ ခံရသော ကလေးငယ် ၁၂၇ ဦးသည် အသက်အ
|
Posted: 09 Sep 2015 04:24 AM PDT
ဘန်ကောက်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဟိန္ဒူဘုးရားစင် (Credit:
Reuters)
ဘန်ကောက်မြို့ ဗုံးပေါက်ကွဲမှုမှာ အဓိက ပါဝင်တဲ့လူဟာ
ဗုံးမပေါက်ကွဲခင်မှာ ထိုင်းနိုင်ငံကနေ ထွက်ခွားသွားခဲ့တယ်လို့
သိရပါတယ်။
လူသွားလူလာများတဲ့ ဟိန္ဒူ ဘုရားတစ်ခုမှာ သြဂုတ်လတုန်းက
ဗုံးပေါက်ကွဲခဲ့တာကြောင့် လူ အယောက် ၂၀ သေဆုံးပြီး ၁၃၀
ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလောလောဆယ် နိုင်ငံခြားသား နှစ်ယောက်ကို ရဲတွေက ဖမ်း
|
Posted: 08 Sep 2015 09:35 PM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၈
ရက်နေ့က ရွေးကောက်ပွဲ အတွက် ပြည်သူတွေကို Facebook ကနေတဆင့်
မိန့်ခွန်းပြောကြားစဉ်။ Photo: NLD Facebook
လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှုတွေ စက်တင်ဘာလ ၈ ရက်
မနေ့က စတင် ခဲ့ရာမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က တကယ့် အပြောင်းအလဲကို ဖန်တီးးနိုင်မယ့်
ရွေးကောက်ပွဲဖြစ်လို့ ပြည်သူအားလုံး
|
Posted: 08 Sep 2015 09:08 PM PDT
ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ စက်တင်ဘာလ ၈ ရက်နေ့က MID အဖွဲ့
သတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ်။ Photo: May Thadar/RFA
လာမယ့် နိုဝင်ဘာလ ၈ရက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေအနေနဲ့
ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားဘဲ ဘက်မလိုက်တဲ့ ရေးသားဖေါ်ပြကြဖို့အတွက် Myanmar
Institute for Democracy (MID) အဖွဲ့က စောင့် ကြည့်လေ့လာပြီး
အစီရင်ခံစာထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့ Summit Parkview
|
Posted: 08 Sep 2015 09:08 PM PDT
ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးမှု စတင်တဲ့ အင်အားကြီး ပါတီတွေ
အကြိတ်အနယ် မဲဆွယ်စည်းရုံး လှုပ်ရှားနေကြပြီ ဖြစ်ပေမဲ့ လူနည်းစု
တိုင်းရင်းသား ပါတီတွေကတော့ မဲဆွယ်စည်းရုံးရေးကို ကျယ်ကျယ်ပြန့်ပြန့်
မလှုပ်ရှားနိုင်ကြသေးပါဘူး။
ချင်းပြည်နယ်လို သဘာဝဘေး အန္တရာယ်ခံရတဲ့ ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး
အခက်အခဲ ရှိနေသလို ကချင်၊ ရှမ်း၊ ရခိုင်ပြည်နယ်တွေက တချို့ပါတီငယ်တွေ
အတွက်လည်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ေ
|
Posted: 08 Sep 2015 09:07 PM PDT
လာမယ့်နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲပေးချင်တဲ့ နိုင်ငံခြားရောက်
မြန်မာနိုင်ငံသားတွေ မဲပေးခွင့်ရဖို့ လျှောက်လွှာတင်ရာမှာ အခက်အခဲတွေ
ကြုံခဲ့ရပါတယ်။ ဒါဟာ နိုင်ငံသားတွေ ရသင့်တဲ့ အခွင့်အရေး
ဆုံးရှုံးမှုဖြစ်တယ်လို့ နိုင်ငံခြားမှာ ရှိနေသူတချို့က သုံးသပ်ပါတယ်။
ဒီအကြောင်းကို ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားဦးရေဟာ ၂
သန်းထက်မနည်း ရှိနေပေမယ့် မဲေ
|
Posted: 08 Sep 2015 07:13 PM PDT
မြစ်ရေတက်နေတဲ့အတွက် ရေနစ်မြုပ်နေတဲ့ အိမ်တချို့ကိုတွေ့ရစဉ်။ Photo: RFA
ဧရာဝတီမြစ်ကြောင်း တလျှောက်မှာရှိတဲ့ ညောင်ဦး၊ ပခုက္ကူ၊
ဟင်္သာတမြို့နယ်တွေမှာ ဒီတစ်ပတ်အတွင်း ရေလွှမ်းမှု ဒဏ်ခံရနိုင်တာကြောင့်
ဒေသခံတွေ အနေနဲ့ သတိထား နေထိုင်ကြဖို့ မိုးလေ၀သနဲ့ ဇလဗေဒ
ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ သတိပေးကြေညာထားပါတယ်။
လက်ရှိ ချင်းတွင်းမြစ်ရေက မြင့်တက်နေဆဲဖြစ်တဲ့အတွက် ဧရာဝတီမြစ်ရေက
တိုးလာနိုင်တာကြောင့် သတိထားဖို့ လိုအ
|
Posted: 08 Sep 2015 07:13 PM PDT
အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို စက်တင်ဘာလ ၈
ရက်နေ့က သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်။ Photo: Aung Thain
Kha/RFA
လက်ပံတန်းကျောင်းသားသပိတ်စခန်း
|
Posted: 08 Sep 2015 07:08 PM PDT
စေတုတ္တရာမြို့နယ် ရေဘေးဒုက္ခသည်များ ကူညီရေးပစ္စည်း စောင့်နေစဉ်။
(ဓာတ်ပုံ-ကိုသာကူ)
မြန်မာနိုင်ငံက ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့်
ရွေးကောက်ပွဲ စောင့်ကြည့်ရေးတို့မှာ အသုံးပြုဖို့အတွက် အမေရိကန်ဒေါ်လာ ၇၅.၎
သန်းနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၉ ဘီလီယံ ကူညီမယ်လို့ ဂျပန်နိုင်ငံက
ပြောပါတယ်။
အဲဒီအထဲက ထက်ဝက်နီးပါးဖြစ်တဲ့ ယန်း ၄ ဘီလီယံကိုတော့ ဇူလိုင်လအတွင်း
ဖြစ်သွားခဲ့တဲ့ မိုးသည်း ရေကြီးမှုေ
|
Posted: 08 Sep 2015 07:03 PM PDT
ထိန်းသိမ်းရေး စခန်းမှာ အမည်မသိ ရောဂါကြောင့်
သေဆုံးသူတွေ ရှိနေ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရှိတဲ့ တရားမဝင်
နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားတဲ့ KLIA Camp
ထိန်းသိမ်းရေး စခန်းမှာ အမည်မသိတဲ့ ရောဂါနဲ့
လူသေဆုံးမှုတွေ ရှိနေရာမှာ မြန်မာနိုင်ငံသားတွေလည်း
ပါဝင်တယ်လို့ သိရပါတယ်။
အခု ဒီတလခွဲအတွင်း ဆေး
|
Posted: 08 Sep 2015 05:09 PM PDT
နေပြည်တော် စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး ပဲခူးဘူတာ ဝန်းအနီး စက်တင်ဘာ ၄ ရက် နံနက် ၄ နာရီခွဲက
အမျိုးသားတစ်ဦး ရထားကြိတ်ခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးမြို့ ကျွန်းသာယာ ရပ်ကွက် မီးရထားဝင်းနေ စိုးနိုင်
(၃၂)နှစ်သည် အမှတ်(၁ဝ)ရထား သံလမ်းပေါ်တွင် ထိုင်နေရာ အမှတ် (၉၄)အဆန်
မလွှကုန်း-မြစ်ကြီးနား ကုန်ရထားမှ ရှန်တိန်ပြုလုပ်စဉ် ရထားဖြင့် ကြိတ်မိ၍
ဒဏ်ရာများရရှိ သေဆုံးသွားကြောင်း သိရသည်။
(ကြေးမုံ)
The
|
Posted: 08 Sep 2015 04:50 PM PDT
ပြင်တွင်းငြိမ်းချမ်းရေး အမြင်သဘောထား ဖလှယ်ပွဲကို စက်တင်ဘာလ ၇ ရက်နေ့က
ရန်ကုန်မြို့ မင်္ဂလာရာမ ပါဠိတက္ကသိုလ်မှာ ကျင်းပခဲ့စဉ်။ Photo: Wai Mar
Tun/RFA
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘဲ တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြမယ်ဆိုရင်
အစိုးရအတွက်သာ အကျိုးရှိမှာဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင်တွေနဲ့
အရပ်ဘက်အဖွဲ့တွေက သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့ မင်္ဂ
|
Posted: 08 Sep 2015 04:50 PM PDT
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ ကျောက်တိုင်ကွင်းမှာ စက်တင်လာလ ၆
ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဆိုင်ရာတွေ ဟောပြောစဉ်။
Photo:Khun Yazar/ RFA
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အချိန်မတိုင်ခင် မဲဆွယ်စည်းရုံးတယ်ဆိုပြီး
ကော်မရှင်မှာ တိုင်ကြားထားတာ ကို ပြန်လည်ရုပ်သိမ်းသွားတယ်လို့ နေပြည်တော်
ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
နေပြည်တော်ကနေ တသီး ပုဂ္ဂလအနေနဲ့ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော်ကိုယ်
|
Posted: 08 Sep 2015 04:49 PM PDT
စက်တင်ဘာလ ၈ ရက် ၂၀၁၅
စက်တင်ဘာလ ၈ ရက်မနက်ပိုင်းက သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်
ပင်လုံမြို့၌ သျှမ်းတိုင်း ရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီအောင်
နိုင်ရေးသင်တန်းနှင့် လူထုတွေ့ဆုံပွဲ စည်းရုံးရေး လုပ်ငန်းဆိုင်ရာဆွေးနွေး
ပွဲကျင်းပရာ အနယ်နယ်အရပ်ရပ်က ပါတီဝင်အင်အား ၁၅၀၀ ခန့် တက်
ရောက်ခဲ့ကြောင်းသိရသည်။
လူထုတွေ့ဆုံပွဲကို ပိဋိကတ်ဟုန်းထမ်းကျောင်းတိုက်တွ
|
No comments:
Post a Comment