Saturday, August 15, 2015

ယတြာ


၂၀၀၇ ခုနှစ် စက်တင်ဘာလကဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး၏ ဇနီးသည် ရွှေတိဂုံဘုရားသို့ ယတြာချေရန် ရောက်ရှိလာခဲ့သည်။ သူနှင့်အတူ ဆောင်ယူလာသည့် အဆောင်များကား ခွေးတစ်ကောင်နှင့် ဝက်တစ်ကောင် ဖြစ်သည်။ ကျွန်မအနေဖြင့်ထိုသို့ တိရစ္ဆာန်များကို အဘယ်ကြောင့် ဘုရားသို့ခေါ်လာသည်ဆိုခြင်းကို နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။ နောက်ပိုင်း စဉ်စားကြည့်မှ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအာဏာကို မှေးမှိန်သွားစေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း သဘောပေါက် သွားခဲ့သည်။
ခွေးဆိုသည်မှာ တနင်္လာနံကို ကိုယ်စားပြုသည်။ ဝက်ဆိုသည်မှာ ဗုဒ္ဓဟူးနံဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် အင်္ဂါသမီးဖြစ်သည်။ အင်္ဂါနေ့သည် ဗုဒ္ဓဟူးနှင့် တနင်္လာနေ့နှစ်ခုကြားတွင်ရှိနေသည်။ ဝက်ကိုတစ်ဘက်၊ ခွေးကိုတစ်ဘက် ထားကာ ဘုရားကိုပတ်ခြင်းဖြင့် တနင်္လာသမီးကို မလှုပ်နိုင်အောင် ချုပ်ကိုင်လိုက်ခြင်းသာ ဖြစ်သည်။

အခြားသီအိုရီတစ်ခုကလည်း ဘုရားပေါ်တွင် ခွေးနှင့် ဝက်ကို ပြေးခိုင်းခြင်းဖြင့် ကြောက်နေသည့် ဗိုလ်ချုပ်ကြီးများ ဒုက္ခအပေါင်းက လွတ်ကင်းစေရန်လည်းဖြစ်နိုင်သည်။ တိရစ္ဆာန်နှစ်ကောင်ကို ဗိုလ်ချုပ်မှူးကြီး ကတော်က ဦးဆောင်ခေါ်သွား နိုင်သည် ဆိုခြင်းမှာ သူတို့မိသားစုအပေါ်တွင် ကျရောက်လာမည့် ဘေးဒုက္ခများ ကို ရှောင်လွှဲ နိုင်စေရန် ပြုလုပ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။ အချို့ကလည်း ယင်း ဗိုလ်ချုပ်မှူးကြီးကတော် သည် ဝက်ကိုစီးသည်ဟုဆိုသည်။ မည်သို့ဆိုစေ ယင်းသို့ လုပ်ဆောင်ချက်များသည် အောက်လမ်းနည်းများသာ ဖြစ်ပြီး အာဏာရှင်တို့ကြောက်ရွံ့နေကြကြောင်း ပိုပြီးပေါ်လွင် ထင်ရှား နေတော့သည်။
(ဦးသန်းရွှေ၏ယတြာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်)
၁၅.၈.၂၀၁၅

No comments:

Post a Comment