တနေ့တွင် တောရွာက လူတစ်ယောက် မြို့ကိုဈေးဝယ်လာတယ်တဲ့။
လာရင်း လမ်းခုလတ်တွင် ဖိနပ်ကြိုးပြတ်သွားတယ်တဲ့....ဖိနပ်ကို
နှမြောလို့..သတင်းစာစာရွက်လေးနဲ့ ထုတ်ပြီး ယူလာခဲ့ပါတယ်
ဈေအ၀င်ဝ ဈေဆိုင်တစ်ဆိုင်တွင်..အမရေ ဒီဖိနပ်လေးကို ခဏ
ထားခဲ့မယ်နော်..ကျနော် ဈေးကပြန်လာရင်ယူမယ်....ဆိုပြီးထား
ခဲ့ပါတယ်တဲ့...ဈေးကအပြန် ယူသွားလေ၏။။
နောက်တခေါက် မြို့ကိုလာပါတယ် တယောက်တည်းမဟုတ်တော့ပါ
အဖေါ်တစ်ယောက်လည်းပါတယ်....ပါလာတဲ့အဖေါ်က လမ်းတွင်
ဦနှောက်နဲ့ အာရုံကြိုးပြတ်ပြီး ဆုံသွားတယ်တဲ့.....ရွာကို မပြန်သေးပဲ
အလောင်းကို အ၀တ်နဲ့ထုတ်ပြိးထမ်းလာသတဲ့ ....တနေ့က ဖိနပ်စုတ်
အပ်သောဆိုင်တွင် .....အမရေ ကျနော့်သူငယ်ချင်း ရုတ်တရက်
ဆုံးသွားလို့ ရွာမှာပဲ သင်္ဂြိုဟ်မယ် ဈေးခဏ၀င်ပြီး ပြန်ထမ်းသွားမယ်
ဆိုင်မှာ ခဏထားခဲ့လို့ ရမလားလို့...ပြောသတဲ့...
ဆိုင်ရှင်မက...မောင်လေးရေ မရဘူးမရဘူး လက်မခံနိုင်ဘူး
ပြန်ထမ်းသွားပါ ကျက်သရေမရှိ မင်္ဂလာမရှိ ..ဖိနပ်စုတ် လက်ခံမိလို့
ဒီတောသား..နောက်ဘာမှလက်မခံတော့ဘူး..ဗျတ်တောက်
ဗျတ်တောက် အော်ပြောကာ ကျန်ရစ်ပါတယ်။
တောသား တွေးတာက ..လောက လူတွေဟာ မသေခင်သာ
မာနတွေ တက်နေကြတာ ဂုဏ်တွေပြိုင်နေကြတာ သေသွားပြီ
ဆိုလျင် ဖိနပ်စုတ်လောက်တောင်မှ တန်ဖိုးမရှိပါလား...လို့
တွေးပြီး ပြန်ထမ်းသွားသတဲ့....
ဟုတ်ပါတယ် လူတွေဟာ မသေခင် မာနတွေ ဘ၀င်တွေမြင့်
ဂုဏ်တွေမောက်နေကြပေမဲ့...သေသွားပြီဆိုလျင်...ချစ်ပါတယ်ဆိုတဲ့
လင်..မယား သားသမီး ဘယ်သူမှ အိမ်မှာ ကြာကြာမထားချင်ဘူး
အိုးစားတောင်ခွဲလိုက်ကြသေးတယ်....
သေရင် သူများစာမည့်ဟာကို အကုသိုလ်တွေယူပြီး မရှာမိပါစေနဲ့။
အသောကာရာမ-မလေးရှား

No comments:
Post a Comment