Thursday, July 30, 2015

ဖြစ်မှ ဖြစ်ရလေ


အဘဘုန်းကျော်သည်ကား မုဆိုးဖို အငြိမ်းစား အရာရှိ ကြီးတစ်ယောက်ဖြစ်သည်။
အသက်က ၇၀ ကျော် မျှ ရှိပြီ။ နောက်အိမ်ထောင်မရှိဘဲ တစ်ကိုယ်တည်း နေခဲ့သည်
မှာ ကြာပြီဖြစ်သည်။
အဖွား မတင်ရွှေ သည် လည်း မုဆိုးမ အသက် ၇၀ ကျော်အရွယ်ဖြစ်သည်။ သူတို့
နှစ်ယောက် အရပ်ထဲမှ အဖွဲ့အစည်းတစ်ခုက ကြီးမှူးကျင်းပပေးသော အဖိုးအဖွား
တိုအား နေ့လည်စာ ကျွေးမွေးပွဲ တစ်ခုတွင် မျက်နှာချင်းဆိုင် ဆုံမိကြသည်။

အရင့်
အရင်က လည်း သူတို့နှစ်ယောက် တစ်ရပ်တည်း အတူတူနေသူများပီပီ အတန်ငယ် မျက်မှန်း တန်းမိ နေကြသူများဖြစ်သည်။ ယခုတော့ တစ်ယောက်နှင့် တစ်ယောက်
ထွေရာလေးပါး ပြောကြရင်း ဘဘုန်းကျော်တစ်ယာက် အဖွားမတင်ရွှေ ကိုကြည့်ရင်း
ချစ်စိတ်တွေ ၀င်လာမိသည်။ သို့နှင့် အဖွားမတင်ရွှေကို ရည်စားစကားပြောမိသည်။
"မတင်ရွှေ . . ကျုပ်ခင်ဗျားကို မြတ်မြတ်နိုးနိုးချစ်တယ်။ ကျုပ်ကို လက်ထပ်ပါလား"
အဖွားမတင်ရွှေကလည်း စက္ကန့်၆၀ ခန့် လေးလေးနက်နက်စဉ်းစားပြီး ပြန်ဖြေသည်။
"ကောင်းပြီလေ။ ကျမ လက်ခံပါတယ်။"
ဤသို့နှင့် ပွဲအပြီး ဘိုး ဘွားတို့ အိမ်ပြန်ကြသည်။ ဘဘုန်းကျော်တစ်ယောက် အိမ်
ပြန်အရောက် တရေးအိပ်သည်။ သူနိုးလာသော အခါ အဖွားမတင်ရွှေကို ချစ်ရေး
ဆိုခဲ့သည်ကို မှတ်မိသည်။ သို့သော် ဟိုက ဘာပြန်ဖြေသည်ကို သူမမှတ်မိတော့။
သူ့ကမ်းလှမ်းချက်ကို ဖွားတင်ရွှေ လက်ခံသည်လား လက်မခံသည်လား သေချာမသဲ
ကွဲ။ ပြန်မေးရမှာ လဲ သူ ရှက်နေသည်။ နောက်ဆုံး အရဲ စွန့်ပြီး ဖွားမတင်ရွှေ ဆီသို့
ဖုန်းဆက်လိုက်သည်။
"မတင်ရွှေလား ။ ကျုပ် ဘုန်းကျော်ပါ။ . . ဟိုလေ . . ကျုပ် မတင်ရွှေကို ချစ်တယ်
လို့ပြောလိုက်တော့လေ . . မတင်ရွှေ ကျုပ်ကို လက်ခံတယ်လို့အဖြေပေးတာလား။
လက်မခံဘူးလို့ အဖြေပေးတာလား။ အဲဒါ ကျုပ် မမှတ်မိတော့လို့ ပြန်မေးတာပါ . .
အဲဒါ . . မတင်ရွှေ . .အခု ထပ်ပြောပြပါလားဟင် . ."
အဖွား မတင်ရွှေဆီက ဖုန်းပြန်လာသည်။
"အော် ကိုဘုန်းကျော်ရယ် ဖြစ်မှ ဖြစ်ရလေ . . ကျမ လက်ခံပါတယ်လို့ ပြောလိုက်
ရဲ့သားနဲ့ . . .ပြန်မေးရတယ်လို့ . .။ အင်း လေ . . ဒါပေမဲ့ ရှင့်ကို တော့ ကျေးဇူး
တင်ပါတယ်။ ကျမလဲ အိမ်ရောက်တော့ ပြန်စဉ်းစားနေတာ . . ကျမကို ချစ်ရေးဆို
တာဘယ်သူလဲလို့ . . မှတ်ကိုမမှတ်မိတာ . . ခုမှ ရှင်ဖြစ်နေတာသိတော့တယ်။
ဒါပဲနော် . . တာ့တာ"
ခ်ခ်
KZO

No comments:

Post a Comment