Wednesday, July 22, 2015

ဟာသပေါင်းချုပ် ( ၂၁-၇ )

သူ့ကိုမုန်းလို့
လူတစ်ယောက်ဟာ သူမွေးထားတဲ့ခွေးကြီးကို ခေါ်ပြီး သူ့မိတ်ဆွေ တိရစ္ဆာန် ဆရာဝန်ဆီခေါ်သွားပါတယ်။ သူ့ခွေးကြီးက အဖိုးတန်ထဲကဖြစ်ပြီး ခွေးထဲမှာ တော်တော့်ကိုလှတဲ့ကောင်လို့ ပြောလို့ရတယ်။ ဟိုရောက်တော့
ဆရာဝန်က . . . ခင်ဗျားခွေး ဘာဖြစ်လို့လဲ ၊ နေမကောင်းလို့လား ဆိုတော့
ခွေးရှင်က . .ဟင့်အင်း .သူ့အမြီးကိုဖြတ်ပစ်ချင်လို့ပါ

၊ ကျေးဇူးပြုပြီးဗျာ အရင်းနားကနေ ဖြတ်ပေးစမ်းပါ.
ဆရာဝန်က ခွေးကိုတစ်လှည့် ခွေးပိုင်ရှင် မိတ်ဆွေကိုတစ်လှည့် တအံ့တသြနဲ့ ကြည့်မိတယ်။

ပြီးမှ…
ဆရာဝန်. . .ဘာလို့ဖြတ်ပြစ်ချင်ရတာလဲခင်ဗျာ၊ သူ့ခမျာ သနားစရာ။ ခင်ဗျားခွေး က ဒေါင်းတင်မောင်းတင်နဲ့ ခန့်ညားတဲ့ကောင်ကြီး၊ အမြီးဖြတ်ပစ်လိုက်ရင် ဘယ်လောက်ရုပ်ဆိုး သွားမလဲ မလုပ်ပါနဲ့ဗျာ ..
ခွေးရှင်က. . . မရဘူးဗျာ၊ ဒီကောင့်အမြီးကို ဖြတ်ကိုဖြတ်ရတော့မယ်၊ မဖြတ်လို့မဖြစ်ဘူး..
ဆရာဝန် . . . ဘာလို့ ဒီလောက်အသည်းအသန်ဖြတ်ချင်ရနေရတာလဲ..
အဲဒီမှာ ခွေးပိုင်ရှင်ပြောလိုက်တဲ့စကားကတော့
မနက်ကျရင် ကျွန်တော့ယောက္ခမကြီး အလည်ရောက်တော့မှာဗျ. ။ အဲဒီအခါကျရင် ကျွန်တော့ခွေးက အမြီးတနန့်နန့်နဲ့ ကြိုဆိုနေမှာကို မကြည့်ချင်လို့ဗျ။ ရှင်းပြီလား။

Credit- Crown Princess


သမက်ရဲ့စေတနာ
“ယောကျာ်ားရေ မေမေကပြောနေတယ်။ ရှင်ပြောတဲ့ဟာသတွေက အရမ်းရယ်ရလွန်းလို့
အူတက်ပြီး သေမတက်ပဲတဲ့”
“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”
Credit-အီဒီယက်


ကြာရင် ဝယ်မိတော့မယ်
တခါက ကြော်ညာလုပ်ငန်းလုပ်တဲ့ ကုမ္မဏီတစ်ခုရှိတယ်။
တခြားလုပ်ငန်းရှင်တွေရဲ့ ကုန်ပစ္စည်းတွေကို နာမည်ကြီးအောင် သူတို့က
အခကြေးငွေယူပြီး တာဝန်ခံကြော်ညာပေးတယ်။

အဲဒီကုမ္မဏီက ကြော်ညာစာရေးမတစ်ယောက်ဟာ တော်တော်လေးလှတယ်။
ဒါပေမဲ့ အဝတ်အစားဝတ်ရင် ကျပ်ရပ်နေအောင်ဝတ်တဲ့အပြင် ဒူးပေါ်၊ ပေါင်ပေါ်၊
ရင်သားဖော်ပြီး ဝတ်လေ့ရှိတယ်။
ဒါကို မျက်စိနောက်နေတဲ့ မန်နေဂျာက တရက်တော့ သူမကို သူ့ရုံးခန်းထဲလာဖို့ခေါ်လိုက်တယ်။
သူမဝင်လာတော့ တခါးပိတ်ခိုင်းလိုက်တယ်။
ပြီးတော့ သူမရဲ့ မပေါ့်တပေါ်ရင်သားတွေကို လက်ညိုးထိုးပြီးမေးတယ်… …
“အဲဒါတွေ ရောင်းမလား”
အမေးခံရတော့ စာရေးမလည်း တော်တော်ရှက်သွားတယ်။ ပြီးတော့ ဒေါသတကြီးနဲ့ ပြန်ဖြေတယ်… …
“အာ..ဆရာကလည်း၊ မရောင်းပါဘူး”
ဒီတော့ မန်နေဂျာက သူ့နားကပ်ပြီး တိုးတိုးလေးပြောတယ်… …
“ဒါဆို ဒီပစ္စည်းတွေကို ကြော်ညာနေတာ ရပ်လိုက်တော့”…တဲ့။
Credit-itmintar

မိမိကိုယ်ကိုယ် သူငယ်ပြန်ပြီဟုဆိုကာ ဆေးခန်းလာပြသော လူကြီးနောက်သို့ ဇနီးသည်လိုက်လာပြီး ဆရာဝန်အား
“သူ တကယ်သူငယ်မပြန်ဘူး ဆရာ”
“ဘာကြောင့်ပြောနိုင်တာလဲ”
“သူ့နာမည်၊ မွေးနေ့၊ မွေးရက်ကအစ သိတယ်။ သူပိုင်ဆိုင်တဲ့ ပစ္စည်းအားလုံးလည်း သိတယ်။ ဒီထက်ခိုင်လုံအောင် ပြောရရင်…”
“ ပြောပါဦး၊ ခိုင်ခိုင်လုံလုံလေး”
“ခါတိုင်းလို ဈေးဖိုးကို နေ့တိုင်း မလောက်မင ပေးနေတုန်းပဲ”
Credit- sai comedy

No comments:

Post a Comment