Thursday, July 30, 2015

လွှမ်းမိုးမှုများနှင့် ကောလိပ်နှစ်များ


ဘွန်းတက္ကသိုလ်ကိုတတ်နေတဲ့ ရက်တွေမှာ နိရှေးဟာ ၀ီဟမ်း ရစ်ရှ်ရဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့တယ်။ ရစ်ရှက ဖီလိုလော်ဂျီနဲ့ ဂန္ထ၀င်မှာ ထင်ရှားတဲ့ ပါမောက္ခတစ်ဦးပဲ ။ ရစ်ရှ်က နောက်ထပ် ဖီလိုလော်ဂျီ ပါမောက္ခတစ်ဦးနဲ့ အငြင်းပွား ပြီး တော့ တက္ကသိုလ်ကထွက်ပြီး လစ်ဘဇစ်တက္ကသိုလ်ကို ရောက်သွားတယ်။ နိရှေးလည်း သိပ်မကြားဘူး သူ့ဆရာ နောက်ကို လိုက်သွားတယ်။ ရစ်ရှ်က နိရှေးရဲ့ ခေါင်းကိုင်ဆရာတစ်ဦး ဖြစ်လာတယ်။ နိရှေးရဲ့ အသိပညာကို ရစ်ရှ်က
“ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်မျက်စီအောက်မှာ လုပ်သက် သုံးဆယ့်ကိုးနှစ်အတွင်း အရည်အသွေးရှိတဲ့ လူငယ်များ စွာ ဖွံ့ဖြိုးလာတာကိုမြင်ခဲ့ပြီးပြီ ဒါပေမယ့် ဒီလို လူငယ်မျိုးကိုတော့ မသိခဲ့ဘူး။ ကျွန်တော့်ရဲ့နယ်ပယ်အတွင်း သူ့ကို ကူညီဖို့ ရာ အကောင်းဆုံးလုပ်ခဲ့တယ်။ နစ်ရှေးလို ငယ်ရွယ်ပြီး စောစောစီးစီးရင့်ကျက်လာတဲ့ လူငယ်မျိုး မတွေ့ခဲ့ဖူးဘူး။ တကယ် လို့များ ဘုရားသခင်က သူ့ကို လုံလုံလောက်လောက် အသက်ရှည်ခွင့်ပေးထားမယ်ဆိုရင် တစ်နေ့မှာ သူဟာ ဂျာမန် ဖီလို လော်ဂျီပညာရပ် ရှေ့ဆုံးတန်းအဆင့်မှာ ရပ်တည်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ရဲ့တယ်။

သူစာ အတွေးအခေါ်တွေ ကိုတင်ပြတာ ၊ လွတ်လပ်စွာ စကားပြောဆိုတာ ၊ အရည်းအသွေးရှိရှိနဲ့ ရှင်းရှင်းလင်းလင်းပြောဆိုပြီး တည်ငြိမ်တာ စတဲ့ မဖြစ်မနေရှိရမယ့် အစွမ်းအစတွေကို ပိုင်ဆိုင်သူတစ်ဦးဖြစ်တယ်။ သူဟာ လစ်ပဇစ်မှာရှိတဲ့ ဖီလိုလောဂ်ျီ လူငယ်မျိုးဆက် ပညာရှင်တွေအားလုံးရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူအပေါ်လေးစားကြည်ညိုကြတယ် ။ ”
ရစ်ရှိဟာ ဖီလိုလော်ဂျီ ဂျာနယ်မှာ နိရှေးရဲ့ ဆောင်းပါးတွေ ပုံနှိပ်ထုတ်ဝေနိုင်အောင် အကူအညီပေးခဲ့တယ်။ နိရှေးကိုယ် တိုင်ကလည်း သူ့ရဲ့ ဘွဲ့ကို သီအိုလိုဂျီ ကနေ ဖီလိုလော်ဂျီဆီပြောင်းခဲ့တယ်။ သူ့ရဲ့ အရေးအသားတွေက သူဟာ လူသာယန် တစ်ဦးအဖြစ် ပြုစုပျိုးထောင်ခံရကနေ ဘုရားမဲ့ဝါဒီတစ်ဦးရဲ့ အမြင်တွေ ရှိလာပြီဆိုတာကို ပြနေတယ်။ သူ့ရဲ့ ကောလိပ်တတ်တဲ့ နှစ်တွေ ( ၁၈၆၅ -၁၈၉၆ ) အတွင်းမှာ နိရှေးဟာ သူ့ဘ၀ကိုပြောင်းလဲသွားစေမယ့် အဖြစ်အပျက်တွေနဲ့ ကြုံတွေခဲ့တယ်။ ဒီအထဲမှာ ရှိုပင်ဟောင်ဝါ (Schopenhauer ) ရဲ့ အရေးအသားတွေကို ဖတ်ခဲ့ရတာ၊ ဆစ်ဖလစ်ရောဂါရခဲ့တာ ၊ နောက် စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့တာ ၊ ရစ်ချတ် ၀တ်နာနဲ့ ပတမဆုံး ဆုံတွေခဲ့ တာ တွေပဲ။

No comments:

Post a Comment