ယာဉ်တိုက်မှုတစ်ခု ဖြစ်တယ်ကြားလို့၊ သတင်းဦးရချင်တဲ့ သတင်းထောက်တစ်ယောက် အပြေးအလွား ရောက်လာတယ်။
တိုက်တဲ့ကားဘေးမှာ ထုံးစံအတိုင်း လူအုံနေတာပေါ့။
ရှေ့ကို ခြေဖြားထောက်ကြည့်တယ် မမြင်ရဘူး။
ဒါနဲ့ ဘေးနားက လူတစ်ယောက်ကို မေးကြည့်တယ် ... ...
'ဘာဖြစ်တာလဲဗျ'
'ကားနဲ့တိုက်မိလို့'
'ဘယ်လိုဖြစ်တာလဲ'
'သူကလမ်းဖြတ်အကူး အရှိန်နဲ့မောင်းလာတဲ့ ကုန်ကားက တိုက်ချလိုက်တာ'
'ဘယ့်နှယ့်နေသေးလဲ'
'သေသွားပြီ'
'ဟာ...ဟုတ်လား '
သူဓါတ်ပုံရိုက်ဖို့ ကြိုးစားတယ်။
လူအုပ်ကြီးနဲ့ ပိတ်နေတော့ ဘယ်လိုမှဝင်မရဘူး
ဒါနဲ့...
သူ အကြံထုတ်လိုက်ပြီး အော်လိုက်တယ်... ...
'လမ်းနည်းနည်း ပေးပါခင်ဗျာ၊ ကျနော်က အတိုက်ခံရတဲ့သူရဲ့ အမျိုးပါ'
... ဆိုတော့ လူတွေက အံ့သြတဲ့မျက်နှာနဲ့ သူ့ကိုလှည့်ကြည့်ပြီး လမ်းဖယ်ပေးကြတယ်။
ရှေ့ဆုံးကိုရောက်လို့ ကြည့်လိုက်တော့... ...
ကားနဲ့တိုက်မိတာက 'နွားကြီး'
တုံးလုံးကြီးလဲလို့... ။
No comments:
Post a Comment