Stacy Chan (ရိုးရာလေး)
www.yoyarlay.com
#stacy_yyl
#article_yyl
(unicode version)
ကိုယ်ပိုင်ငွေ
မိမိ ရှာဖွေ ရရှိထားသော ငွေကြေး ဥစ္စာတိုင်း မိမိ ပိုင်ပြီဟု ထင်နေကြပါသလား? မုန့်ဟင်းခါး ဝယ်စားလျှင် မုန့်သည်၏ငွေ၊ အကျႌဝယ်လျှင် အဝတ်ဆိုင်ရှင်၏ငွေ၊ ဖျားနာလျှင် ဆရာဝန်၏ငွေ စသည်ဖြင့် အမျိုးမျိုး အဖုံဖုံသောပုံစံဖြင့် သင်၏ အိတ်ကပ်ထဲမှ ငွေများသည် တခြားသူ အိတ်ကပ်ထဲသို့ လျောဆင်းနေကြသည်။ အထွေထွေ အသုံးစားရိတ် ဖယ်ပြီး စုဆောင်းထားသော ငွေကြေး အစုအပုံတို့သည်လည်း ဟိုဟာလိုချင်၊ သည်ဟာလိုချင် စသည်ဖြင့် ပြန်ရရန် လမ်းစမရှိသော "ချင်" များဖြင့် ဘဏ်စာအုပ်ထဲမှ ပျောက်ပျောက်သွားကြရပြန်တယ်။ ထို့အပြင် ပြန်ရရန် ခက်ခဲသော အမျိုးတို့ကိုလည်း အားနာစိတ်ဖြင့် မပြတ်မသား ချေးဌားကြပြန်တယ်။ တစ်နှစ်သာ ကုန်ဆုံး၍ မိမိ၏ ပိုင်ဆိုင်မှုကို ပြန်ကြည့်လျင် ရရန်ရှိ စာရင်း စာအုပ်နှင့် လှောင်ပြောင်နေသည့် ငွေကြေး အစအနများသာ တွေ့ရှိနိုင်ပါတယ်။
သင့်ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းလောက် မည်သည့် အကြောင်းအရာကြောင့်မှ အပျက်အစီး မခံဘဲ သင် စုမိပါရဲ့လား။ လုပ်ငန်း အတွေ့အကြုံ မကျွမ်းကျင်ကြသော သင်၏ ဆွေမျိုး၊ မိတ်ဆွေ၊ အိမ်နီးနားချင်းများမှ ချေးဌားရန် အလို့ငှာ ပြောဆိုလာလျင် ဆုံးပြီဟု သတ်မှတ်ပြီးသာ ချင့်ချိန် ချေးငှားသင့်ပါတယ်။ အားနာရာမှ မိမိပါ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်နေသည်ကိုလည်း သတိရကြပါစေ။ မိမိ မကျွမ်းကျင်သော လုပ်ငန်းတို့တွင် မရင်းနှီး မမြှုပ်နှံ သင့်ပါ။ အမြတ်အစွန်း ပမာဏကို ဖြစ်သင့်သည်ထက် အလွန်အမင်း လိုချင်ခြင်းကလည်း လူလိမ်၊ လူညာတို့အား သင်၏ ငွေကြေးများကို လာယူသွားကြပါဟု ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်စေသည်။ လုပ်ငန်းခွင်တွင် ကျွမ်းကျင် လိမ္မာသော သူများထံမှ အကြံပေး စကားများကိုလည်း ဂရုတစိုက် မှတ်သားပြီးမှသာ ရင်းနှီးမြှုပ်နှံ သင့်ပါတယ်။
Red: George Samuel Clason - The richest man in Babylon, ဆရာဖေမြင့် - ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်
Stacy Chan (ရိုးရာလေး)
No comments:
Post a Comment