လူတဦးနဲ့ တဦး ရဲ့ စိတ်နေစိတ်ထား
မိမိရဲ့ပတ်ဝန်းကျင်အခြေအနေ တရားနှလုံးသွင်းမှု့
အနည်းအများ မိမိဘဝရဲ့ကံအကျိုးပေး စတဲ့
အခြေအနေတွေဟာ မတူပါဘူး။
လူတဦးဟာ ချမ်းသာဖို့ ကြိုးစားရမှာဖြစ်ပေမဲ့
မချမ်းသာခင်မှာ မိမိရဲ့ လက်ရှိအခြေအနေကိုနား
လည်ရပါမယ် ကံ ဥာဏ် ဝိရိယ စတဲ့ အခြေအနေ
နဲ့ အချိန်အခါကို နားမလည်ရင်တော့ အလုပ်မဖြစ်သေးပါဘူး။
ဥပမာ သူဌေးကြီးဆြာဦးသွင်ဟာ စက်ရုံစတည်တော့ အလုပ်နဲ့ အိမ်ကို လမ်းလျှောက်တယ် နည်းနည်းအဆင်ပြေတော့
စက်ဘီးတစီးဝယ်စီးတယ် များများအဆင်ပြေတော့ ကားတစီးဝယ်စီးတယ်
စက်ရုံစတည်ကာစမှာ ကားဝယ်စီးနိုင်ပေမဲ့ မစီးပဲ
နဲ့  ဝင်ငွေရလာမှ တန်ရာတန်ရာကို ဝယ်စီးတယ်
ကိုယ့်မှာ အခြေအနေနဲ့ အချိန်အခါအရ အရင်းအနှီးမရှိဘူး ဆိုရင် ဖြစ်နိုင်တဲ့အခြေအနေ
ကနေ စလုပ်ရပါမယ် ပြီးမှ တဆင့်ချင်းစီတက်ပြီး
လက်တွေ့ ကြိုးစားအကောင်အထည်ဖေါ်ရပါမယ်
တကယ်တော့ မိမိကိုယ်တိုင် အဆင်မပြေဘူး
ဆိုတာဟာ အခြေအနေနဲ့ အချိန်အခါကို
နားမလည်လို့ ပါ
စီးပွားရေးပဲဖြစ်ဖြစ် လူမှု့ရေးပဲဖြစ်ဖြစ် ဘာအရေး
ပဲဖြစ်ဖြစ်
ဖြစ်ချင်တာကို
ဖြစ်နေတဲ့အခြေအနေနဲ့ ညှိ
ဖြစ်နိုင်လား မဖြစ်နိုင်လား အရင်တွေး
မဖြစ်နိုင်ဘူးဆိုရင်
မဖြစ်ချင်နဲ့ 
ဖြစ်သင့်တာက စလုပ်
တနေ့ ကျရင်
ဖြစ်ချင်တာ ဖြစ်လာလိမ့်မယ်
ဖြစ်ချင်တာ
ဖြစ်နိုင်တာ
ုဖြစ်နေတာ
ဖြစ်သင့်တာ
အဲဒီဖြစ်လေးဖြစ်ကို
နားလည်အောင်ကြိုးစား
ကြက်က ဘဲတောင်ရေကူးတတ်သေးတာပဲ
ငါလည်းသူ့ လိုအတောင်ပံပါတာပဲ ဘာလို့ 
မဖြစ်နိုင်ရမှာလည်း ဆိုပြီး မခံချင်စိတ်နဲ့  ရေဆင်း
ကူးလို့ ကတော့ ယက်ကန်ယက်ကန် နဲ့ ပဲပြီးမယ်
ဘဝပေးအခြေအနေတွေမတူကြဘူး
ကံတွေမတူကြဘူး
သူ့ ကျတော့ဖြစ်ပြီး
ငါ့ကျတော့ဖြစ်ချင်မှဖြစ်တာ
မိန်းမတယောက်က ဘဝအကျိုးပေးကောင်းလို့ 
မိသားစုကိစ္စပျော်ရွှင်ရပေမဲ့
အခြားမိန်းမတယောက်က ဘယ်လောက်ပဲ
ကောင်းအောင်နေနေ အတိတ်ကံမကောင်းခဲ့ရင်
ဒီဘဝမှာ မိသားစုနဲ့ အဆင်မပြေနိုင်ဘူး
ပြောချင်တာက
တဦးနဲ့ တဦး ဘဝပေးကုသိုလ်
မတူညီကြဘူး
လူတွေဘာ့ကြောင့် စိတ်ဆင်းရဲသလိုဆိုတော့
ဖြစ်လေးဖြစ်ကို
နားမလည်လို့  စိတ်ဆင်းရဲနေကြတာပဲ
ဒါ့ကြောင့်
စိတ်ချမ်းသာချင်ရင်တော့
မိမိရဲ့ဖြစ်နေတဲ့ အခြအနေနဲ့ 
အချိန်အခါကို
နားလည်အောင် ကြိုးစားဖို့ လိုတယ်
အဲဒါကို
ယောနိသောမနသီကာရ လို့ ခေါ်တယ်

No comments:
Post a Comment