သစ်ထူးလွင် |
- ရုရှား စစ်တန်းလျား ပြိုကျ၊ ၂၃ ဦး သေဆုံး
- တရုတ် ထောင်အတွင်း တိဘက် ဘုန်းတော်ကြီး ပျံလွန်
- ကော့သောင်းမြို့နယ် စောင်းကောက်ကျွန်း၌ ဘင်္ဂါလီလူမျိုးများ ထိန်းသိမ်းရမိ
- ရခိုင်ပြည်နယ်မှာ Green Card လဲလှယ်သူ မျှော်လင့်တာထက်နည်းပါး
- အသက် ၉၅ နှစ်ကျော် အမေအိုတဦးကို နေပြည်တော်စည်ပင်က ကျူးကျော်ဟု စွပ်စွဲပြီး ပုဒ်မ ၂၆ နှင့် တရားစွဲ
- ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း စာရင်းတွင် သမ္မတဦးသိန်းစိန်မပါ
- ရွေးကောက်ပွဲမတိုင်မီ NCA လက်မှတ်ထိုးနိုင်ရေး ဖြစ်နိုင်ချေ ရှိမရှိ
- အသက် ၆၀ ကျော် တပ်မတော်သားများ အရပ်ဖက်အုပ်ချုပ်ရေးသို့ မရောက်စေရေး ဝန်ထမ်း သက်ပြည့်ပင်စင်ကို အသက် ၆၀ ထားခြင်းဖြစ်ဟု ဆို
- အာရှအဝေးပြေးလမ်း စီမံကိန်းသည် ငြိမ်းချမ်းရေးကို ထိခိုက်စေသည်ဟု KPSN ထုတ်ပြန်
- ဗုံးဒဏ်ကြောင့် ရှေးဟောင်းခံတပ် ပျက်စီး
- ဂရိကယ်ဆယ်ရေး ယူရိုခေါင်းဆောင်တွေ သဘောတူညီမှု ရရှိ
- မာလာလာ ၁၈ နှစ် ပြည့်ပြီ
- လိပ်ကျွန်းလူသတ်မှု DNA စစ်လို့မရတော့
- ဗဟိုဖွင့်ဈေး တစ်ဒေါ်လာ ကျပ်၁၂၀၀ ဖြင့် ယနေ့ စတင်ဈေးဖွင့်
- RCSS/SSA ဗဟိုရုံးစိုက်ရန် တောင်းဆိုထားသည့်ဒေသတွင် ၀ တပ် အင်အားပိုများလာ
- NLD ပညာဒါနကျောင်းများနဲ့ ထူးချွန်သူများကို သိန်း ၃၀၀ ချီးမြှင့်
- ကားတိုက်ခံ၍ လိမ်လည်ငွေညှစ်သူ များလာ၍ ယာဉ်ပိုင်ရှင်များ Car Black Box တပ်ဆင် အသုံးပြုရန် လိုအပ်လာ
- မောင်တောမှာ တုတ်ဓားတွေ လာအပ်ရမယ် ကြေညာနေ
- အမုန်းတရားပြန့်ပွားမှု ဆန့်ကျင်ရေး လူငယ်တွေ အရှိန်မြှင့် ဆောင်ရွက်
- ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ယီမင်နိုင်ငံတွင်း၌ ဗုံးကြဲတိုက်ခိုက်
- ရက်ပ်အဆိုတော် ကာပို သေနတ်ဒဏ်ရာဖြင့်သေဆုံး
- တိုက်ပွဲတွေ ဆက်ဖြစ်နေမှု တိုင်းရင်းသား ခေါင်းဆောင်တွေ စိုးရိမ်
- ကချင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ
- အာရှ လမ်းမကြီးနား တိုက်ပွဲဖြစ်ဆဲလို့ ဆို
- သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ တစ်သောင်းကျော်ရှိ၊ ယခင်နှစ်ထက် ဖြစ်ပွားနှုန်း သုံးဆ မြင့်တက်ဟုဆို
Posted: 13 Jul 2015 07:35 AM PDT
လေးထပ် စစ်တန်းလျား အဆောက်အဦ ညဘက် ပြိုကျခဲ့။
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသက Omsk မြို့မှာ ရှိတဲ့ လေးထပ်
စစ်တန်းလျား အဆောက်အဦ တစ်ခု ပြိုကျလို့ စစ်သား ၂၃ ယောက် အသက်ဆုံးခဲ့ပါတယ်။
အပျက်အစီးပုံအောက် ပိတ်မိနေတဲ့ နောက်ထပ် စစ်သား ၁၉ ယောက်ကိုတော့
အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
လွတ်မြောက်လာသူ တပ်သား တစ်ယောက်က သူတို့ အိပ်ပျော်နေစဉ် အဆောက်အဦ
ပြိုကျခဲ့တာလို့ ရုရှား ရုပ်သံကို ပြောပြခဲ့ပါတယ်။
၎ ထပ်
|
Posted: 13 Jul 2015 07:35 AM PDT
ဘုန်းတော်ကြီး Tenzin Delek Rinpoche လွတ်မြောက်ဖို့ ဝိုင်းဝန်း
တောင်းဆိုနေခဲ့ကြ။
တရုတ် နိုင်ငံမှာ အကျဉ်းထောင် အတွင်း ၁၃ နှစ်ကြာ အကျဉ်းချ ခံထားရတဲ့ တိဘက်
ဘုန်းတော်ကြီး တစ်ပါး ထောင်ထဲမှာပဲ ပျံလွန်တော်မူသွားပါတယ်။
သက်တော် ၆၅ နှစ် ရှိပြီ ဖြစ်တဲ့ ဘုန်းတော်ကြီး Tenzin Delek Rinpoche ဟာ
ဗုံးတွေ ခွဲမှုမှာ ပတ်သက်တယ် ဆိုပြီး ၂၀၀၂ ခုနှစ်က တရုတ် အစိုးရရဲ့ သေဒဏ်
ချမှတ်တာကို ခံခဲ့ရပြီး၊ နောက်တော့ ထောင်ဒဏ် ၂၅
|
Posted: 13 Jul 2015 07:35 AM PDT
နေပြည်တော် ဇူလိုင် - ၁၃
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိ စောင်းကောက်ကျွန်း
(ဒေသအခေါ် ဒယ်အိုးကျွန်း)၏ အနောက်မြောက်ဘက် ၂ မိုင်ခန့် အကွာတွင် ဇွန် ၃၀
ရက် ည ၁၀ နာရီခန့်တွင် ဘင်္ဂါလီလူမျိုး ၁ ဦးအား ဆယ်တင်ရရှိခဲ့ပြီး စစ်ဆေး
မေးမြန်းချက်များအရ စောင်းကောက်ကျွန်းဟု ယူဆရသော ကျွန်းပေါ်တွင်
ဘင်္ဂါလီလူမျိုးများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် တပ်မတော်ရေမှ
စစ်ရေယာဉ်များဖြင့် ဇူလိုင် ၂ ရက်မှ စတင်၍
|
Posted: 13 Jul 2015 07:21 AM PDT
ရခိုင်ပြည်နယ်မှာ White Card လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ် အပ်နှံသူ ၄ သိန်းနီးပါး အတွက် နိုင်ငံသားစစ်ဆေးခံရမယ့်သက်သေခံ
|
Posted: 13 Jul 2015 02:37 AM PDT
လွန်လေပြီးသော နှစ်ပေါင်း ၇၀ ကျော် ၁၉၅၀ ခုနှစ်ဝန်းကျင် စာရေးသူတို့
မမွေးမီက လယ်ဝေးမြို့နယ် ရန်အောင်မြင် သစ်တောကြိုးဝိုင်းထဲတွင်
ပျဉ်းမနားခရိုင် 'မဲထီးရွာ'မှ မသန်းကြည်တို့ မိသားစုတွေ နှမ်းစိုက်၊
ပဲစိုက်၊ လယ်ယာမြေမှာစပါးစိုက်ပျိုးပြီး အေးချမ်းသာယာစွာလုပ်ကိုင်စား
သောက်ခဲ့ကြသည်။ ပဲခူးရိုးမထဲ ဗမာပြည် ကွန်မြူနစ်ပါတီအုပ်စိုးစဉ် အသက်
အန္တရာယ် မြူမှုန်တမှုန်စာတောင်မှမထိမခိုက်
|
Posted: 13 Jul 2015 02:20 AM PDT
လာမည့်ေ၇ွးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက
ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် ကိုယ်စားလှယ်လောင်းစာ ရင်းတွင် သမ္မတ
ဦးသိန်းစိန်၏ နာမည်မပါရှိသေးကြောင်း ပါတီဗဟိုကော်မတီဝင် သူရဦး အောင်ကို
ကပြော ပါတယ်။
အခုချိန်ထိကိုယ်စားလှယ်လောင်း စာရင်းတွင် မပါဝင်တော့သဖြင့် လာမည့်ရွေး
ကောက်ပွဲတွင်သမ္မတဦးသိန်းစိန်အေ
|
Posted: 13 Jul 2015 02:20 AM PDT
လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေေ ရွးကောက်ပွဲ
မတိုင်မီတစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်
(NCA)ကို အပြီးသတ် ချုပ်ဆိုနိုင်ရန် ကြိုး ပမ်းသွားမည်ဟု အစိုးရ က
ပြောကြားသလို တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေးအဖွဲ့ အစည်း များကလည်း
လက်ရှိအစိုးရသက်တမ်းအတွင်း NCA ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေး မူဘောင်
ဆွေးနွေးပွဲ ဦးတည်ရန် မူအရ သဘောတူကြောင်း ပြော ဆိုလာ
|
Posted: 13 Jul 2015 02:17 AM PDT
ပြည်ထောင်စု လွှတ်တော်တွင် ဇူလိုင် ၉ ရက်က ဆွေးနွေးအတည် ပြုခဲ့သည့် အသက် ၆၀
ပြည့်လျှင် ပင်စင်ယူရမည်နှင့် ပတ်သက်၍ အသက်ခြောက်ဆယ်ကျော် တပ်မတော်သားများ
အရပ်ဘက် မရောက်စေရန် ပင်စင်သက်တမ်းကို ခြောက်ဆယ်အတိုင်းသာ
ထားခြင်းဖြစ်နိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
“တပ်မတော်သား ကိုယ်စားလှယ် ဖြေသွားတာ သူတို့ဘက်မှာ စစ်တပ်က အုပ်ချုပ်တဲ့ဟာက
တပ်ဥပဒေသီးသန့်ရှိပါတယ်။ အဲဒါနဲ့ အုပ်ချုပ် တယ်ပြော တယ်။ အဲဒါ စစ်တ
|
Posted: 13 Jul 2015 02:14 AM PDT
ဇူလိုင် ၁၂ရက်၊ ၂၀၁၅ခုနှစ်။
ကရင်ပြည်နယ်အတွင်း မြ၀တီမှ ကော့ကရိတ်သို့ သွားလာရန် ဖောက်လုပ်ထားသည့်
အာရှလမ်းမကြီးတွင် ဇူလိုင်လဆန်းက ဖြစ်ပွားခဲ့သည့်
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော
|
Posted: 13 Jul 2015 02:08 AM PDT
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ ရှေးဟောင်းအမွေအနှစ် ခံတပ်တစ်ခုမှာ ဗုံးပေါက်ကွဲလို့ ခံတပ်ရဲ့ နံရံ တစိတ်တပိုင်း ပြိုကျသွားပါတယ်။
ခံတပ်အောက်က မြေအောက် လိုဏ်ခေါင်းထဲမှာ ဗုံးကွဲခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယားအစိုးရလက်ချက်လား သူပုန်တွေရဲ့ လက်ချက်လားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဆီရီးယားအရေး လှုပ်ရှားသူတစ်ဦးကတော့ အဲဒီနေရာဟာ ရှေးဟောင်းနေရာ တစ်ခုအဖြစ် မရှိတော့ဘဲ စစ်ရေးနေရာတစ်ခုအဖြစ် ကျရောက်ေ
|
Posted: 13 Jul 2015 02:07 AM PDT
ဂရိနိုင်ငံကို တတိယအကြိမ်မြောက် ကယ်ဆယ်နိုင်ရေး အစီအစဉ်တွေကို
အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ပြီးတဲ့နောက် သဘောတူညီမှု တခုရရှိပြီလို့
ယူရိုငွေကြေးအဖွဲ့ခေါင်းဆောင်ေ
|
Posted: 13 Jul 2015 02:03 AM PDT
အသက် ၁၈ နှစ် ရှိသွားပြီ ဖြစ်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် မာလာလာ
(Credit: AFP)
နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် Malala Yousafzai က သူ့ရဲ့ ၁၈
နှစ်ပြည့် မွေးနေ့ပွဲကို ဆီးရီးယား အမျိုးသမီးငယ်တွေအတွက်
ကျောင်းတစ်ကျောင်းဖွင့်ပြီး ကျင်းပလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံမှာ ရှိပြီး ဆီးရီးယား ဒုက္ခသည်တွေအတွက် ဖွင့်လှစ်တဲ့
စာသင်ကျောင်းရဲ့ ဖွင့်ပွဲကို ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။
မာလာလာဟာ
|
Posted: 13 Jul 2015 02:01 AM PDT
လိပ်ကျွန်းမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုကို ထိုင်းရဲတွေ စစ်ဆေးစဉ် (Credit: AFP)
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်တဲ့ DNA
အထောက်အထားတွေကို ပြန်လည် စစ်ဆေးလို့ မရတော့ဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ဟာ ဗြိတိန်နိုင်ငံသား
David Miller နဲ့ Hannah Witheridge တို့ကို သတ်ပစ်မှုနဲ့
တရားစွဲဆိုခံထားရပါတယ်။
ထိုင်းရဲတွေကတော့ မုဒိမ်းကျင့်
|
Posted: 13 Jul 2015 01:58 AM PDT
ရန်ကုန်၊ဇူလိုင်၁၃ရက်(ဆင်ဟွာ)
ယနေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယခင် တစ်ဒေါ်လာကို ၁၁၂၅ ဖြင့်
ဈေးဖွင့်ရာမှာ ယနေ့တွင် တစ်ဒေါ်လာကို ကျပ် ၁၂၀၀ ဖြင့် ဈေးမြှင့်၍
ဖွင့်လိုက်ကြောင်း ဗဟိုဘဏ်၏ ၀က်ဆိုက်တွင်ဖော်ပြထားသည်
။ဒေါ်လာဈေးကွက်ကို စောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “သောကြာနေ့ကအထိ
ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၁၂၅ ကျပ်နဲ့ပဲ ဈေးဖွင့်ခဲ့တယ်။ ဒီနေ့မှာ သူက
ပြင်ပပေါက်ဈေးနဲ့ မတိမ်းမယိမ်းဈေးဖွင့်ခဲ့တာြ
|
Posted: 13 Jul 2015 01:54 AM PDT
ဂျူလိုင်လ ၁၃ ရက် ၂၀၁၅
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကော
|
Posted: 12 Jul 2015 08:33 PM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပညာရေး ကွန်ရက်ရဲ့ ပညာဒါနကျောင်းတွေကနေ
တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ တဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့
ရန်ကုန်တိုင်း အတွင်းက ပညာဒါနကျောင်းတွေအတွက် ထောက်ပံ့ငွေကျပ် သိန်း ၃၀၀
ကျော် ပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ
ကျင်းပခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ညှိုနှိုင်းရေးမှုး
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပညာဒါနေ
|
Posted: 12 Jul 2015 08:24 PM PDT
ရန်ကုန် ၊ ၁၃-၇-၂၀၁၅
ရန်ကုန်မြို့တွင်း ရှိ မြို့နယ် အများစု၌ လူသုံးဦးမှ ငါးဦးအထိ
အုပ်စုဖွဲ့၍ ကားတိုက်ခံကာ လိမ်လည် ငွေတောင်းယူ မှုများမှာ ယခု
ရက်ပိုင်းအတွင်း ဆက်တိုက် ဆိုသလို ဖြစ်ပွား လာသည့်အတွက် မော်တော်ယာဉ်
မောင်းနှင် သူများ အနေဖြင့် အထူး ဂရုပြုသင့်ကြောင်း ကိုယ်တွေ့ကြုံ
ခဲ့ရသူများက ပြောသည်။
ယခုရက်ပိုင်း အတွင်း ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ကျောက်တံတား
အစရှိသည့် မြို့နယ်များတွင် အဆိုပါ
|
Posted: 12 Jul 2015 08:21 PM PDT
ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်မှာ တုတ် ဓား လက်နက်ရှိသူတွေ ၇ ရက် အတွင်း
လာရောက် အပ်နှံရမယ်၊ ပျက်ကွက်သူတွေကို အရေးယူမယ်ဆိုပြီး အာဏာပိုင်တွေ က
အသံချဲ့စက်တွေနဲ့ လိုက်လံ ကြေညာခဲ့ပါတယ်။
မောင်တောခရိုင် ရဲမှူုးကြီး ဦးရွှေသန်းကတော့ ဒါဟာ တတိုင်းပြည်လုံးမှာ
လိုက်နာဖို့ ပြည်ထဲရေး ဝန်ကြီးဌာန ကနေ လတ်တလော ထုတ်ပြန်ထားတဲ့အမိန့်
ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့် ရခိုင် ပြည်နယ်ထဲက တခြား မြို့နယ်တွေမှာေ
|
Posted: 12 Jul 2015 08:18 PM PDT
မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် အမုန်းစကားတွေကြောင့်
အကြမ်းဖက် ပဋိပက္ခတွေ ထပ်မံမဖြစ်ပေါ်ရအောင် မြန်မာကျောင်းသား လူငယ်တွေကနေ My
Friend Campaign ကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ ဘာသာပေါင်းစုံ၊
လူမျိုးပေါင်းစုံ ပါဝင်တဲ့ ကျောင်းသားလူငယ်တွေဟာ တနင်္ဂနွေနေ့က
ရန်ကုန်မြို့မှာ ဘာတွေလှုပ်ရှားခဲ့ကြသလဲ ဆိုတာကိုတော့ မအင်ကြင်းနိုင်က
တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုနဲ့ အမုန်းစ
|
Posted: 12 Jul 2015 07:41 PM PDT
ဆာနား ဇူလိုင် ၁၂
ယီမင်နိုင်ငံ၏မြို့တော် အပါအဝင် နိုင်ငံတွင်းရှိ အခြားမြို့ကြီးများကို
ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်သော ညွန့်ပေါင်းလေတပ်ဖွဲ့က ကုလသမဂ္ဂ
ဦးဆောင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်ရောက်မှု နှစ်နာရီကြာအတွင်း
ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
ယီမင်နိုင်ငံမြို့တော် ဆာနား၏ အရှေ့ဘက်ရှိ စစ်ရေးအခြေစိုက်စခန်းများနှင့်
၎င်းနိုင်ငံ၏ တတိယအကြီးဆုံးမြို့တာဇစ်
|
Posted: 12 Jul 2015 07:38 PM PDT
နာမည်ကျော်ရက်ပ် အဆိုတော် တစ်ဦး ဖြစ်သည့် ကာပိုသည် သေနတ်ဒဏ်ရာဖြင့်
သွေးအိုင်အတွင်း လဲကျ သေဆုံးနေ သည်ကို ဇွန် ၁၁ ရက်က ချီကာဂို
တောင်ပိုင်းတွင် တွေ့ ရှိခဲ့ရကြောင်း သိရ သည်။
ချီကာဂိုရဲများ၏ ပြောကြား ချက်အရ ကာပိုသည် အဆိုပါနေ့ မွန်းလွဲ ၂ နာရီခန့်က
အသက်ဆုံးရှုံးသွားခဲ့ ရခြင်းဖြစ်ကာ ကျောကုန်းနှင့်ပေါင်တို့တွင်
သေနတ်ဒဏ်ရာများတွေ့ရှိရ ကြောင်းသိရသည်။ အသက်(၂၂)နှစ်အရွယ် အဆိုတော်၏
အလောင်းကို ချီကာဂိုဆေးရုံ
|
Posted: 12 Jul 2015 11:58 AM PDT
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ မြန်မာအစိုးရတပ်တွေက အာရှလမ်းသစ်နဲ့
၁၀ မိုင်အကွာလောက်မှာရှိတဲ့ ဒီကေဘီအေရှိနိုင်တဲ့နေရာတွေကို
လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ ဒီကေဘီအေအပါအ၀င်
တိုင်းရင်းသားနယ်မြေတချို့မှာ အခုလို ထိုးစစ်ဆင်နေတာတွေဟာ တနိုင်ငံလုံး
အပစ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးမှာ ထိခိုက်နိုင်ကြောင်း
တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စုစည်းထားတဲ့အဆင့်မြင့်
ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့
|
Posted: 12 Jul 2015 11:57 AM PDT
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်ဒေသမှာ အစိုးရတပ်တွေနဲ့ KIAတပ်တွေ မနေ့က
တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့မှာလည်း မနက်အစောပိုင်းကတည်းက အစိုးရ
ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KIA စစ်မဟာဗျူဟာဌာန က RFAကို
ပြောပါတယ်။
မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အစိုးရဘက်က တိုက်လေယဉ်နဲ့
နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက် ပွဲတွေမဖြစ်ပွားခင်
ဇူလိုင်လ ၁၀ ရက်နေ့၊ ညနေ ၅ နာရီက ဆွမ်ပရာဘွမ်မှာရှိတဲ့ KIA စခန်း
|
Posted: 12 Jul 2015 11:57 AM PDT
အာရှလမ်းမကြီးနား တိုက်ပွဲတွေ ဖြစ်နေလို့ဆို
မြဝတီ ကော့ကရိတ် အာရှ အဝေးပြေး လမ်းသစ်နဲ့ လမ်းဟောင်း ကို အစိုးရက
ထိန်းချုပ်နိုင်ပြီလို့ ကြေညာ ခဲ့ပေမယ့် ဒီနယ်မြေမှာ ဆက်ပြီး တနင်္ဂနွေ နေ့ထိ
တိုက်ပွဲတွေ ဆက်ဖြစ် နေပါတယ်။
အာရှ လမ်းမကြီးနဲ့ တမိုင်ကျော်လောက် ဝေးတဲ့ ဒီကေဘီအေ ကလော့ထူးဝါး အခြေစိုက်
စခန်းနားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ လို့ ဒီကေဘီအေ က တပ်မှူး တယောက်က
ဘီဘီစီ ကိုပြောပါတယ်။
ဒီကေဘီအေ နဲ့
|
Posted: 12 Jul 2015 11:57 AM PDT
သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-
MOI)
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း
ယခုနှစ်တွင် တစ်သောင်းကျော်ရှိပြီ ဖြစ်ပြီး၊ သေဆုံးသူ ၆၀ ခန့်ရှိကြောင်း၊
သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းသည် ယခင်နှစ်ထက် သုံးဆ မြင့်တက်လျှက်
ရှိသည့် အတွက် ခြင်ကိုက်မခံရန် သတိထား နေထိုင်သင့်ကြောင်း လုပ်ငန်းခွင် ကျ
|
No comments:
Post a Comment