အတူတူ ရှင်းကြတာပေါ့
==============
==============
ကိုဘမောင်တို့လင်မယား အိမ်ထောင်သက်သည်
ဆယ်နှစ် မျှ ရှိလေပြီ။ သူတို့၏ အိပ်ခန်းတွင်း ဆက်
ဆံရေးမှာ အမြဲတစေ မီးမှောင်ချထားလေ့ရှိသည်။
အဘယ်ကြောင့်ဆိုသော်
ကိုဘမောင်တစ်ယောက် ယောက်ျား
တစ်ယောက်၏ အားနည်းချက်ကို ဖုံးကွယ်သည့်
အနေဖြင့် အစားထိုး ပစ္စည်းတစ်ခုကို အသုံးပြုရာတွင်
ဇနီးဖြစ်သူမရိပ်မိစေရန်ဖြစ်သည်။
အစပိုင်းနှစ်များတွင် ဇနီးဖြစ်သူ သည် ဤသည်ကို
မရိပ်မိပေ။ နောက်ပိုင်း မသင်္ကာဖြစ်လာသည်။

ထို့ကြောင့် တစ်နေ့တွင် ရုတ်တရက် မီးကို ဖွင့်လိုက်
ကာ ကိုဘမောင်၏ အဖြစ်ကို အမိဖမ်းလိုက်လေသည်။
"ကဲ . . . တော်တော်အသုံးမကျတဲ့လူ ရှင်းပါအုံး ဒီကိစ္စ"
"ဟမ် . . . မင်းလဲပြောစမ်းပါအုံး ငါတို့ ခလေးတွေ ကိစ္စ"
KZO
ဘေးထိုင် ဘုပြောသူ
=============
=============
ရှေးအခါက အဖြစ်အပျက်တစ်ခု ဖြစ်သည်။ တစ်ချိန်က
ရွာတစ်ရွာရှိ အိမ်တစ်အိမ် မီးလောင်သည်။ တစ်ရွာလုံး
ကလူများ သည် စုပေါင်းပြီး မီးလောင်နေသော အိမ်ကို
ကြိုးစားပမ်းစား မီးငြှိမ်းသတ်ကြသည်။ မီးငြှိမ်းသတ်သူ
များထဲတွင်အသက် ၈၀ အရွယ်ရှိ အဘွားအို တစ်ယောက်
လည်း ပါသည်။ အဘွားအိုသည် မည်မျှ အသက်အရွယ်
အိုမင်းနေသနည်း ဆိုလျှင် လမ်းကောင်းကောင်း လျှောက်
နိုင်သည့် အခြေအနေ မရှိတော့ပေ။ ရေပုံးတစ်ပုံး ဆွဲနိုင်
သည့်အင်အားလည်း မရှိတော့ပေ။ ခွက် ကလေးတစ်
ခွက်ဖြင့် သာ ရေခပ်ပြီး ရေပက်နိုင်သည်။ သူများတကာ
မီးငြှိမ်းသတ်နေသည်ကို ကြည့်နေသော လူငယ်တစ်ယောက်
သည် အဘွားကြီး ရေခွက်ကလေးတစ်ခုနှင့် ရေခပ်လောင်း
နေသည်ကို တွေ့ရသောအခါ -

"အမေကြီး ဘယ်လိုလုပ်နေတာလဲ၊ ဒီခွက်ကလေးနဲ့ ရေ
ခပ်လောင်းနေလို့ မီးဘယ်မှာ ငြိမ်းမှာလဲ" ဟု ပြောလိုက်သည်။

အဘွားကြီးက သူများတကာ မီးငြှိမ်းသတ်နေသည်ကို လေး
ထိုင်ပြီး ကြည့်နေသူ လူငယ်အားပြောပြသည်။
ထိုင်ပြီး ကြည့်နေသူ လူငယ်အားပြောပြသည်။
"သား၊ အဘွားလောင်းနေတဲ့ရေနဲ့ မီးငြိမ်းသွားမှာလား ၊ မသွား
ဘူးလားဆိုတာတော့ အဘွားမသိဘူး။ ဒါပေမယ့် သိတာ တစ်ခု
ကတော့ရှိတယ်။ နက်ဖြန်ခါ ဒီအိမ် မီးလောင်တဲ့ အကြောင်းပြော
ကြရင် တော့ မီးရှို့တဲ့ သူတွေရဲ့ အမည်ထဲမှာ တော့ အဘွားပါမှာ
မဟုတ်ဘူး။ မီးငြှိမ်းသတ်တဲ့ လူတွေရဲ့ အမည်ထဲမှာပဲ ပါလိမ့်မယ်"

ဘေးထိုင် ဘုပြောနေသောလူငယ် သည် အဘွားကြီး ပြောသော
စကားကို ကြားရသောအခါ နားလည် သဘောပေါက်သွားပြီးလျှင်
သူကိုယ်တိုင် ရေပုံးတစ်ပုံး နှင့် ရေခပ်ပြီး မီးငြှိမ်းသတ်နေသည်
ကို တွေ့ရသည်။

(ပါရဂူ - ဧကံသမယံ ၂)
No comments:
Post a Comment