Monday, June 1, 2015

ဘယ်သူအရင်စသလဲ

အလုပ်အတွက် အင်တာဗျူးသည် နောက်ဆုံး ပိုင်းသို့ ရောက်လာသည်။
ကုမ္မဏီ၏ လူမှု ဆက်ဆံရေး အရာရှိက MIT ဆင်း အင်ဂျင်နီယာပေါက်စ
လေးကို အင်တာဗျူးနေခြင်းဖြစ်သည်။ အရာရှိက အင်ဂျင်နီယာလေးအား
နောက်ဆုံးမေးခွန်းကို မေးလိုက်သည်။

"ကဲကဲ . . မင်းရဲ့ မျှော်မှန်း လစာ ဘယ်လောက် ရရမယ်လို့ ဆုံးဖြတ်ထား
သလဲ"

"အင်း . . တစ်နှစ်ကို ဒေါ်လာ တစ်သိန်း နှစ်သောင်း ငါးထောင်လောက်မှန်း
ပါတယ်။ နောက်ပြီး ကုမ္မဏီရဲ့ အမြတ်ငွေပေါ် မူတည်ပြီး ပါစင်းနိတ် လဲလို
ချင်ပါတယ်။"
"ကောင်းတယ်၊ ကောင်းတယ်၊ အော် . . ဒါနဲ့ တစ်နှစ်ကို အားလပ်ရက်အပန်း
ဖြေခရီး ငါးပတ် စီစဉ် ပေးမယ်ကွာ၊ နောက်ပြီး တရားဝင် ပိတ်ရက်က ၁၄ ရက် ရမယ်။
နောက်ပြီး ကျန်းမာရေး အတွက် Medical chack-up, သွားခံတွင်း နဲ့ ပတ်သက်
ပြီး ကုမ္မဏီက အကုန်ကျခံ စစ်ဆေးပေးမယ်။ ပြီးတော့ အငြိမ်းစား ယူရင်
ခံစားခွင့် အတွက် ကုမ္မဏီကပဲ လစာငွေရဲ့ တစ်ဝက်ကို လတိုင်း ထည့်ဝင်
ပေးမယ်။ ပြီး တော့ မောင်ရင် စီးဖို့ ကားတစ်စီးရမယ်။ နှစ်နှစ်တစ်ကြိမ်
အသစ် လဲပေးမယ်။ ဒါဆို မင်းဘယ်လို သဘောရလဲ"
အင်ဂျင်နီယာပေါက်စ အံ့သြသွားသည်။ အံ့သြလွန်းမက အံ့သြ၍ သူ့ခါးကို
မတ်ကာ အရာရှိအား ပြန်မေးသည်။
"၀ိုး . . အတိုင်းထက်အလွန်ပဲ၊ ဒါနဲ့ ဆရာ . . ဆရာ ကျနော့်ကို နောက်
နေတာများလား"
"အေးလေ . . အဲဒါ မင်းပဲ အရင် စခဲ့တာပဲဟာ"
"အမ် !!!"
KZO
30-5-2015

No comments:

Post a Comment