သူ့ကို ၁၈၉၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ရစ်ခ်ျမွန်ဒ် မြို့နယ်လေးမှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက နန်းတွင်းထဲမှာတင်မှာပဲ ကြီးပြင်းခဲ့ရတဲ့
သူတစ်ယောက်ဖြစ်ပါတယ်။ အခြားကလေးတွေနည်းတူ ကစားဖော်သူငယ်ချင်းတွေနဲ့
စော့ကစားရခြင်းမရှိခဲ့သလို အပြင်လောကနဲ့လည်း အဆက်သွယ် ပျက်နေခဲ့တဲ့ ဖခင်
ခမည်းတော် သေဆုံးရင် ထီးနန်းကို ဆက်ခံရမဲ့ ဘုရင်လောင်းလျာလေးပါ။
သူ့နာမည်ကတော့ Edward လို့ခေါ်ပါတယ်။ သူဟာ ငယ်ရွယ်စဉ် အောက်စ်ဖို့ဒ်မှာ
ကျောင်းတက်အပြီးမှာ ပထမကမ္ဘာစစ်ကြီးကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်သူဟာ
စစ်ကြီးအတွင်းမှာ ခံစားခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ဆင်းရဲသားတွေကို
အများကြီးမြင်တွေ့ခဲ့ရပါတယ်။ သူဟာ စစ်ဘေးခံဒုက္ခသည်တွေကို ကူညီဖို့အတွက်
သူ့အဖေ ဘုရင်ကြီးရဲ့ ညွှန်ကြားချက်အတိုင်း နိုင်ငံအသီးသီးက ကို ခရီးထွက်ပြီး
အားပေးစကားပြောကာ ဒုက္ခသည်တွေအတွက် စိတ်သက်သာရာ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်
သူ့ကို ဘုရင်အဖြစ် ဖခင်ရဲ့ ထီးနန်းကို ဆက်ခံဖို့ လူအများက
ထောက်ခံအားပေးခဲ့တာဖြစ်ပါတယ်။
Edward ဘုရင်နေစဉ် အချိန်ကာလ ၁၉၃၆ ခုနှစ်တွင်ပင် သူ့လက်အောက်မှာ
နိုင်ငံအနံ့အပြားရှိခဲ့ပါတယ်။ အဲ့ဒီနိုင်ငံတွေထဲမှာ အာရှမှ မလေးရှား ၊
စင်ကာပူ တို့အပြင် မြန်မာနိုင်ငံလည်း အပါအ၀င်ဖြစ်ပါတယ်။ ဒါပေမဲ့
ငယ်စဉ်ကတည်းက နန်းတွင်းထဲမှာ ကြီးပြင်းခဲ့တဲ့အပြင် အားလုံးရဲ့ အမြင်မှာ
လေးစားမှု ရအောင် မိမိကိုယ်ကို ချုပ်ချယ်နေခဲ့ရတဲ့ Edward ဟာ သူ့ရဲ့
နန်းတော်ထဲကိုလာရောက်တွေ့ဆုံတဲ့ Wallis Simpson ဆိုတဲ့ အမျိုးသမီးကို
ချစ်ကြိုက်ခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးဟာ Edward နဲ့မတွေ့စဉ်အချိန်နဲ့
တွေ့ပြီး အချိန်မှာ တင် ယောက်ျား တစ်ယောက်စီနဲ့ အိမ်ထောင်ကျတဲ့ သူလည်း
ဖြစ်ပါတယ်။ ဒါပေမဲ့ အချစ်မှာ မျက်စိမရှိဘူးတဲ့ စကားကြောင့်ပဲလား ၊
နန်းတွင်းထဲမှာ တင် အချိန်ကုန်နေတဲ့ ဘုရင် Edward ရဲ့ စိတ်ကစားမှု
ကြောင့်ပဲလား မပြောပြတတ်အောင်ပင် Wallis ကိုမှ စိတ်ဝင်စားမိခဲ့ပါတယ်။
ဒါကို သိကြတဲ့ နန်းတွင်းမှ ဆွေးမျိုးအသိုင်းအ၀ိုင်းများသာမက
သူအုပ်ချုပ်နေတဲ့ ပြည်သူပြည်သားများကပါ Edward ကို တားကြပါတယ်။
သို့ပေမဲ့လည်း ဘုရင်ဟာ Edward ဟာ သူ့ရဲ့ ချစ်သူကိုသာ ရွေးချယ်ခဲ့ပြီး
လက်ရှိ အုပ်ချုပ်နေဆဲ ပြည်သူများနဲ့ နန်းတွင်းက
ဆွေမျိုးအသိုင်းအ၀ိုင်းတို့ကိုပါ စွန့်ပစ်ကာ သူ့ညီကို အပြီးအပိုင်
လွှဲပေးထားခဲ့ပါတယ်။
တကယ်တမ်း လက်ထပ်လိုက်တဲ့ အချိန်မှာ Wallis
ဟာလည်း သူ့ရဲ့ ရှိရင်းစွဲ လင်ယောက်ျားကို အကျိုးအကြောင်းခိုင်လုံစွာနဲ့
ပြတ်ဆဲခဲ့ပါတယ်။ Edward နဲ့ Wallis တို့ဟာ နယ်မြို့လေး
တစ်မြို့မှာအတူတူနေထိုင်သွားပြီး 1968 ခုနှစ်မှာပဲ Edward ဟာ
ဆုံးသွားခဲ့ပါတယ်။
Ref : The Love Of The King
အောင်ကိုထက် (ရိုးရာလေး)
#aungkohtet_yyl
#knowledge_yyl
www.yoyarlay.com
No comments:
Post a Comment