သစ်ထူးလွင် |
- ရန်ဇီမြစ်မှာ ၁၄ ဦးကယ်နိုင် ၄၀၀ ကျော်ပျောက်နေဆဲ
- တောင်ငူမြို့နယ်ထဲက ကေတီဗွီဆိုင်ရှေ့မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွား
- အိန္ဒိယမှာ လူကြိုက်များတဲ့ ခေါက်ဆွဲ ကုန်အမှတ်တံဆိပ် စစ်ဆေးခံရ
- ကင်ဆာရောဂါ ကုသဖို့ အလားအလာကောင်းတွေ ပေါ်ထွက်
- မိုးကုတ် မြေပြိုမှု ၄ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ
- ကိုးကန့်ကို ပြည်ပရန်သူအဖြစ် မဆက်ဆံသင့်ဟု ယူအန်အက်ဖ်စီပြော
- ကာကွယ်ရေးစက်ရုံ လက်နက်စမ်းသပ် ဒေသခံတွေ ထိတ်လန့်
- လှေစီးရွှေ့ပြောင်းနေကြသူတွေ IS ရဲ့ ပစ်မှတ်ဖြစ်လာနိုင်
- ဖီဖာ ဥက္ကဋ္ဌ နှုတ်ထွက်ပြီ
- လှေစီးပြေး ရွှေ့ပြောင်းသူအရေး လွှတ်တော်မှာ ဆွေးနွေးဖို့ သဘောတူ
- တယ်လီဖုန်းမှတ်တမ်း အစိုးရစုဆောင်းခွင့် လွှတ်တော်အဆုံးသတ်
- ဆီးဂိမ်းဘောလုံးပွဲ လုပ်ပွဲကစားမှုဖြင့် လူ ၄ ဦးကို တရားစွဲ
- မဲစာရင်း မှားယွင်းမှုများအတွက် ရွေးကောက်ပွဲကော်မရှင် ၀န်ခံ
- ကုန်းပေါ်နေနိုင်တဲ့ငါး သြစီမှာ ပြန့်ပွားမှာကို စိုးရိမ်
- စာရေးဆရာထင်လင်းဦး ထောင်ဒဏ်စီရင်ခံရမှု AI ဝေဖန်
- FIFA အဖွဲ့ချုပ်ဥက္ကဌ ရုတ်တရက်ရာထူးက နှုတ်ထွက်
- အံဒင်ရွာတွင် မီးလောင်မှု ဖြစ်ပွား၊ နေအိမ် ၃ လုံး ပျက်စီး
- ပေ ၂၀၀ ကျော်နက်သည့် ချောက်ထဲသို့ လမ်းကြိတ်စက်ထိုးကျ
- တောင်ကိုရီးယား၌ လူနှစ်ဦး မားစ်ရောဂါဖြင့် သေဆုံးကြောင်း အတည်ပြု
- ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ကိုယ်ဝန်ဆောင် မိခင်များ မွေးဖွားရန် ခွင့်မရ
- တရုတ် နိုင်ငံ ယူနန် ပြည်နယ်တွင် မြေပြင် နှင့် ဝေဟင် ကျည်အစစ်ဖြင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ယနေ့စတင်
- မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တိုင်းရင်းသားခေါင်းဆောင်များ လက်ထဲ၌သာ ရှိဟု ကုလအတွင်းရေးမှူး အကြံပေးပုဂ္ဂိုလ် ပြော
- လှည်းတန်းလမ်းဆုံအနီး ယာဉ်ရှစ်စီးဆင့်တိုက်
- ဆရာတော်ကို တူမီးသေနတ်ဖြင့် ချောင်းပစ်သူအား ဖမ်းမိ
- လော်ခီးလာ အစည်းအဝေး စ
Posted: 03 Jun 2015 03:26 AM PDT
ရန်ဇီမြစ်အောက်ပိုင်း ကီလိုမီတာ ၁၅၀ မှာ ရှာဖွေမှုတွေ လုပ်နေဆဲ (Credit:
Reuters)
တရုတ်နိုင်ငံ ရန်ဇီ မြစ်မှာ နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်က လူတွေကို
ရှာဖွေ ကယ်ဆယ်ဖို့ ကြိုးစားနေကြပေမယ့် ရာသီဥတု ဆိုးဝါးမှုကြောင့်
အခက်အခဲ ဖြစ်နေရဆဲ ဖြစ်ပါတယ်။
လူပေါင်း ၄၅၈ ယောက် တင်ဆောင်လာတဲ့ သင်္ဘောပေါ်က လူ ၁၄ ယောက်ကို
အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီး ၁၈ ယောက် သေဆုံးကြောင်း
အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။
|
Posted: 03 Jun 2015 03:13 AM PDT
တောင်ငူမြို့နယ် ကံရိုးကျေးရွာရှိ felin ktv စားသောက်ဆိုင်မှာ ဒီနေ့
နေ့လည်တနာရီအချိန်က အမည်မသိ ကရင်လူငယ်လေးဦး သီချင်းဆိုစားသောက်ပြီးအပြန်
ဆိုင်အရှေ့ရှိ ခုံတန်းလျားမှာ ထိုင်နေတဲ့ မသူသူဆိုသူ အမျိုးသမီးကို
လူငယ်တွေထဲက တယောက်က သေနတ်နဲ့ တစ်ချက်ပစ်ခတ်ခဲ့ပါတယ်။ မသူသူမှာ
ခြေသလုံးနှစ်ဖက်လုံး ကျည်ဆံထိမှန်ခဲ့ပြီး အခုလက်ရှိ
တောင်ငူပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသထားရပါတယ်။ သေနတ်နဲ့ပစ်ခတ်ခဲ့သူ
လူငယ်တွေ
|
Posted: 03 Jun 2015 02:52 AM PDT
အိန္ဒိယနိုင်ငံမှာ လူကြိုက်များပြီး အလွယ်တကူစားသောက်နိုင်တဲ့ Nestle
ကုမ္ပဏီက ထုတ်တဲ့ Maggi ကုန်အမှတ်တံဆိပ် ခေါက်ဆွဲခြောက်တွေကို စစ်ဆေးမှုတွေ
ပြုလုပ်နေပါတယ်။
အိန္ဒိယ ပြည်နယ်အတော်များများက အာဏာပိုင်တွေက ဒီခေါက်ဆွဲနမူနာတွေကို
စစ်ဆေးကြည့်တဲ့အခါ ခဲဓာတ် ပါဝင်မှုနှုန်းနဲ့ monosodium glutamate (MSG)
လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတွေ၊ မြန်မာအခေါ် အချိုမှုန့်တွေ ခွင့်ပြုထားတာထက်
များနေလို့ ဖြစ်ပါတယ်။
နက်စ်တယ်လ် ဘက်
|
Posted: 03 Jun 2015 02:50 AM PDT
လူ့ခန္ဓာကိုယ်တွင်း ခုခံအား စနစ် immune system ကိုသုံးပြီး ကင်ဆာရောဂါ
တိုက်ဖျက်နိုင်တဲ့ ကုထုံးသစ်တခု ဆေးလောကမှာ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။
ဒီကုထုံးသစ်ဟာ ကိုယ်တွင်း ခုခံအားစနစ်ကို ပိုမိုအားကောင်းလာအောင်
လှုံ့ဆော်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်တာ ဖြစ်ပါတယ်။
ဓာတ်ခွဲခန်းထဲမှာ ပြုပြင်မွမ်းမံထားတဲ့ ပြင်ပ ပဋ္ဋိပစ္စည်းကိုသုံးပြီး
ခုခံအားစနစ်ကို အားကောင်းစေနိုင်တာလည်း ဖြစ်ပါတယ်။
အဲဒီကုထုံးသစ်ဟာ ကီမိုသရပီ ဆေး
|
Posted: 03 Jun 2015 02:44 AM PDT
မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဇွန်လ ၂ ရက်နေ့ မနက်ခင်းက မြေပြိုမှု
ဖြစ်ပွားပြီး ကလေးငယ်တဦး အပါအ၀င် လူ ၄ ဦး သေဆုံးကာ ၂ ဦး
ဒဏ်ရာရသွားပါတယ်။
မိုးသည်းထန်ပြီး အောင်သိဒ္ဓိရပ်ကွက်က အိမ်တအိမ်မှာ ခြံဝင်း
အုတ်နံရံပြိုကျမှုကြောင့် လူတွေ သေဆုံးဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့နယ်
အထွေထွေ အုပ်ချုပ်ရေးရုံး တာဝန်ကျဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မြေပြိုတာက မနေ့မနက် ၆ နာရီလောက်၊ အောင်သိဒ္ဓိရပ်ကွက်က ဦးေ
|
Posted: 03 Jun 2015 02:41 AM PDT
အစိုးရနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကိုးကန့်အဖွဲ့ကို ပြည်ပရန်သူလို
မဆက်ဆံသင့်ဘူးလို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ
(ယူအန်အက်ဖ်စီ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ
ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့
အစည်းအဝေး ဒုတိယနေ့ အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားလိုက်တာပါ။
အလှည့်
|
Posted: 02 Jun 2015 09:12 PM PDT
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်မှာရှိတဲ့ အမှတ် ၂ဝ
ကာကွယ်ရေးပစ္စည်းစက်ရုံက လက်နက်တွေကို စမ်းသပ်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေက
စိုးရိမ်ကြောက်လန့်နေကြပါတယ်။
ဒေသခံတွေကို အသိမပေးဘဲ လက်နက်တွေကို စမ်းသပ်ပစ်ခတ်နေတာဖြစ်တဲ့အတွက်
အပြင်ထွက်ရမှာကို ကြောက်ရွံ့နေကြတယ်လို့ စေတုတ္တရာမြို့နယ် အမှတ် ၂ရပ်ကွက်က
ဦးစိန်မောင်က ပြောပါတယ်။
ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်မှာတော့
မြို့နယ်အုပ်ချုပ်ရေး
|
Posted: 02 Jun 2015 09:10 PM PDT
IS ခေါ် အစ္စလမ်မစ်နိုင်ငံ ထူထောင်ရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့ဟာ အခုအခါ
မြန်မာနိုင်ငံကနေ ထွက်ပြေးနေ ကြတဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေကို
တိုက်ခိုက်ရေး တပ်သားတွေအဖြစ် စည်းရုံး သိမ်းသွင်း စုဆောင်းလာနိုင်တယ်လို့
အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြောင်း
News Week သတင်းက ဖေါ်ပြပါတယ်။
IS အဖွဲ့ဟာ သူ့ရဲ့အင်အားကို အာရှတိုက်မှာ ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့ဖို့
ရည်ရွယ်ဆောင်ရွက် နေတ
|
Posted: 02 Jun 2015 08:44 PM PDT
FIFA ဥက္ကဋ္ဌ အဖြစ် Sepp Blatter ၁၇နှစ်ကြာ ဆောင်ရွက်ခဲ့
FIFA နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ကနေ Sepp Blatter နှုတ်ထွက်
သွားပြီ ဖြစ်ပါတယ်။ အခုအခါ သူ့ကို အမေရိကန် FBI ထောက်လှမ်းရေး အဖွဲ့က
စုံစမ်းစစ်ဆေးနေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က ဟိုတယ်တခုကို FBI က စီးနင်းဝင်ရောက်ပြီး
FIFA တာဝန်ရှိ ပုဂ္ဂိုလ် အတော်များများကို ဖမ်းဆီးခဲ့အပြီး ၆ရက်အကြာမှာပဲ
မစ္စတာ Blatter က အခု
|
Posted: 02 Jun 2015 08:40 PM PDT
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေ
တင်သွင်းတဲ့ လှေစီးပြေး ရွှေ့ပြောင်းသူတွေနဲ့ ပတ်သက်လို့ ပြတ်သားတဲ့
မူဝါဒတရပ် ချမှတ်သွားဖို့ အစိုးရကို တိုက်တွန်းတဲ့ အရေးကြီးအဆိုကို
အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။
လှေစီးပြေးဒုက္ခသည်တွေအရေး ဖြေရှင်းသင့်တဲ့ နည်းလမ်း ၃ ခုကိုကိုလည်း သူက
အကြံပြုတင်ပြသွားပါတယ်။
သူရဲ့ တင်ပြချက်ထဲမှာတော့ ဖမ်းဆီးရရှိတဲ့သူတွေကို ထိန်းသိ
|
Posted: 02 Jun 2015 08:31 PM PDT
အကြမ်းဖက် တိုက်ခိုက်မှု ကာကွယ်နိုင်ရေးမှာ အသုံးချဖို့အတွက်
အမေရိကန်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူနေတဲ့ တယ်လီဖုန်းမှတ်တမ်းတွေ
စုဆောင်းနေမှု အဆုံးသတ်ဖို့ အမေရိကန်လွှတ်တော်က အင်္ဂါနေ့မှာ အရေးယူ
ဆောင်ရွက်လိုက်ပြီ ဖြစ်ပါ တယ်။
တယ်လီဖုန်းမှတ်တမ်း စုဆောင်းတဲ့ကိစ္စကို အစိုးရက ဆောင်ရွက်ရမယ့်အစား
အမေရိကန် ပုဂ္ဂလိက တယ်လီဖုန်းကုမ္ပဏီတွေကို လာမယ့် ၆ လအတွင်း လွှဲပြောင်းဖို့
ဆုံးဖြတ်လိုက်တာပါ။
အောက်လွှတ်တော်က အတ
|
Posted: 02 Jun 2015 08:31 PM PDT
စင်ကာပူက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ
မလေးရှားနဲ့ အရှေ့တီမောပွဲစဉ်မှာ လုပ်ပွဲကစားခဲ့ကြောင်း
ဖော်ထုတ်သိရှိခဲ့တဲ့အတွက် အရှေ့တီမောအသင်း မန်နေဂျာ အပါအ၀င် ၄ ဦးကို
တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။
စွဲဆိုဖမ်းဆီးထိန်းသိမ်းခံထား
|
Posted: 02 Jun 2015 08:29 PM PDT
နေပြည်တော်ကောင်စီ အပါအ၀င် မြို့နယ်တချို့မှာ လတ်တလော ကြေညာထားတဲ့
မဲစာရင်းတွေဟာ အခြေခံမဲစာရင်းတွေ ဖြစ်တဲ့အတွက် အမှားအယွင်းတွေ ရှိနေတာလို့
နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတဦးက ဒီဗွီဘီကို
ဝန်ခံပြောကြားလိုက်ပါတယ်။
မဲစာရင်းအမှားအယွင်း အများကြီး ရှိနေတယ်လို့ ဝေဖန်ခံနေရပြီး ပြီးခဲ့တဲ့
ရွေးကောက်ပွဲတွေမှာ မဲပေးခဲ့သူတွေ မပါတာ၊ လက်ရှိ
လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိ
|
Posted: 02 Jun 2015 07:19 PM PDT
ကုန်းပေါ်မှာ ၆ ရက်ကြာတဲ့အထိ အသက်ရှင် နေနိုင်တဲ့ငါး (Credit: ABC)
ကုန်းပေါ်မှာ ၆ ရက်ကြာတဲ့အထိ အသက်ရှင်နေနိုင်တဲ့ ငါးတစ်မျိုး
သြစတြေးလျနိုင်ငံ မြောက်ပိုင်းကို ရောက်လာနေတဲ့အတွက် သြစတြေးလျက
စိုးရိမ်မကင်း ဖြစ်နေရပါတယ်။
အဲဒီငါးတွေဟာ ပါပူဝါ နယူးဂနီနိုင်ငံကနေ ရောက်လာတာလို့ ယူဆနေကြပါတယ်။
အဲဒီငါးတွေဟာ ကုန်းပေါ်ရောက်ရင် အဆုတ်ကို သုံးပြီး အသက်ရှုနိုင်ပြီး
ပါးဟက်နားက အဆူးတွေကို အသုံြး
|
Posted: 02 Jun 2015 06:56 PM PDT
(ဓာတ်ပုံ - စာရေးဆရာ ထင်လင်းဦး ဖေ့စ်ဘွခ်စာမျက်နှာ)
လွတ်လပ်စွာ ပြောဆိုခွင့်ကို အဟန့်အတား ဖြစ်စေတဲ့ ဘာသာ-သာသနာ
ညှိုးနွမ်းစေမှုဆိုတဲ့ပုဒ်မကို မြန်မာနိုင်ငံမှာ အမြန်ဆုံး
ပယ်ဖျက်ဖို့လိုပြီလို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ
လူအခွင့်အရေး အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင်ဟောင်း စာရေးဆရာ
ထင်လင်ဦးကို ဘာသာ-သာသနာ ညှိုနွမ်းစေမှုပုဒ်မနဲ့
|
Posted: 02 Jun 2015 05:38 PM PDT
FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်အတွင်းက အကျင့်ပျက် ခြစားမှုတွေ
ထွက်ပေါ်လာနေတဲ့အချိန် FIFA ဥက္ကဌ Sepp Blatter ဟာ အင်္ဂါနေ့က ရာထူးကနေ
ရုတ်တရက် နှုတ်ထွက်သွားပါတယ်။
Blatter ဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကပဲ FIFA ဥက္ကဌအဖြစ် ၅ ကြိမ်မြောက်
ပြန်လည် ရွေးကောက် တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အထူး ကွန်ဂရက်အနေနဲ့ ဥက္ကအသစ်ကို
ရွေးချယ်ခန့်အပ်ဖို့နဲ့ အဲဒီရွေးချယ်မှု မပြုနိုင်ခင်အထိ ဥက္ကဌရာထူးကို သူဆ
|
Posted: 02 Jun 2015 05:13 PM PDT
ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် လျာထားခံရသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်
အနောက်ဘက် ဖာလိန်ဒေသ၊ အံဒင်ကျေးရွာတွင် ဇွန်လ ၁ ရက် ညသန်းခေါင်ယံအချိန်က
မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃ လုံးနှင့် အိမ်တွင်းရှိ
ဒေသထွက်ကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း သွားရောက်လေ့လာမှုအရ သိရသည်။
အံဒင်ကျေးရွာနေ ဦးမြင့်သိန်း ခေါ် ဦးရင်တင် ၏ နေအိမ်မှ
မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး၊ ဒေသခံများနှင့် ရေးမြို့မှ မီးသတ်
|
Posted: 02 Jun 2015 05:08 PM PDT
ခမောက်ကြီး ဇွန် ၂
တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့
အမှတ်(၁)ရပ်ကွက်သို့ သွားသည့် လမ်းကြောင်းမိုင်တိုင် အမှတ်
သုံးဖာလုံခန့်နေရာ၌ အမှတ်(၃)ရပ်ကွက် ကျောက်ချောလမ်းခင်းခြင်း
လုပ်ငန်းခွင်သို့ သွားရောက်ရန် မေ ၃၁ ရက် နံနက်ပိုင်းက မောင်ဦး(၃၅နှစ်)
မောင်းနှင်လာသည့် လမ်းကြိတ်စက်ကြီးသည် အဆိုပါနေရာအရောက် စက်ချွတ်ယွင်းကာ
လမ်းယာဘက် ပေ၂ဝဝ ကျော်နက်သည့် လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်
|
Posted: 02 Jun 2015 05:07 PM PDT
ဆိုးလ် ဇွန် ၂
အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းပိုင်းဆိုင်
|
Posted: 02 Jun 2015 05:07 PM PDT
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာ အမျိုးသမီး တစ်ဦးသည်သူ၏
သုံးလအရွယ်ကလေးကို အိပ်ဆေးတိုက်ပြီး မြန်မာနိုင်ငံတွင် နေထိုင်သည့်
အမျိုးများဆီသွားပို့ပေးရန် အမျိုးသားတစ်ဦးကို ငှားရမ်းခိုင်းစေ
ခဲ့သည်ဟုဆိုသည်။ သည်အချက်သည် အလုပ်ပြုတ်မည်ကို စိုးရိမ်စိတ်ဖြင့်
အလုပ်လာလုပ်နေကြသော ကလေးအမေများတွင် ထုံးစံဖြစ်နေသော ဝန်ဆောင်မှုတစ်ခု
ဖြစ်သည်။
ယခုအပတ်ဗုဒ္ဓဟူးနေ့ကထုတ်ပြန် ခဲ့သော ရွှေ့ပြောင်းလုပ်သားများကို သုတေသ
|
Posted: 02 Jun 2015 04:46 PM PDT
ယူနန် ပြည်နယ်တွင် မြေပြင် နှင့် ဝေဟင် ကျည်အစစ်ဖြင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု မှ အမြောက် တပ်သား အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာ
|
Posted: 02 Jun 2015 04:35 PM PDT
ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ(Mr. Vijay Nambiar)
ဇွန် ၂ရက်၊ ၂၀၁၅ခုနှစ်။
မြန်မာနိုင်ငံ၏ အနာဂါတ် ငြိမ်းချမ်းရေးရရှိရေးသည် လော်ခီးလာအစည်းအဝေးသို့ တက်ရောက်သည့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးထိပ်
|
Posted: 02 Jun 2015 04:25 PM PDT
ရန်ကုန် ဇွန် ၂
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီးတွင် ယနေ့ နံနက် ၇
နာရီခွဲခန့်က ယာဉ်ရှစ်စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ အင်းစိန်မှ ဆူးလေ ဘက်သို့ အင်းစိန်လမ်းမအတိုင်း ယာဉ်မောင်း
ဦးခင်မြင့် မောင်းနှင်လာ သည့် စစ်မှုထမ်းဟောင်း ယာဉ်လိုင်းမှ ခရီးသည်တင်
မီနီဘတ်စ် အပြာရောင် ယာဉ် 2G/ . . . သည် ကမာရွတ် မြို့နယ် စံရိပ်ငြိမ်(၂)
လမ်းထိပ် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ
|
Posted: 02 Jun 2015 04:15 PM PDT
ရေတာရှည် ဇွန် ၂
မေ ၂၉ ရက် နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ နယ်
ကျွဲရိုင်းပြင်ကျေးရွာအုပ်စု ကရင် ချောင်း သစ်တောကြိုးဝိုင်း သက္ကယ်
ကျင်းကျေးရွာ တောင်ဘက် တစ်မိုင်ခန့်အကွာရှိ တောရ ကျောင်းတွင်တစ်ပါးတည်း
သီတင်း သုံးနေထိုင်သော ဆရာတော်အား တူမီးသေနတ်နှင့်
ချောင်းပစ်ခံရ၍ပျံလွန်တော်မူခဲ့
|
Posted: 02 Jun 2015 05:31 PM PDT
UPWC နဲ့ NCCT တို့ NCA မူကြမ်း လက်မှတ် ထိုးခဲ့
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ UPWC နဲ့ တိုင်းရင်းသား
အဖွဲ့ တွေရဲ့ ကိုယ်စားလှယ် NCCT တို့ရဲ့ NCA အပစ်ရပ် မူကြမ်း ကို ဆွေးနွေး
ပြီး ပြင်ဆင် ဖြည့်စွက် ချင်တာ တွေ ဆောင်ရွက် နိုင်အောင် KNU လော်ခီးလာ
ဌာနချုပ် မှာ တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင် တွေရဲ့ ထိပ်သီး အစည်းဝေးပွဲ
ကို အင်္ဂါ နေ့က စ ကျင်းပ ပါတယ်။
အခု ကျင်းပတဲ့ ထိပ်သီး အစည်းအဝေး
|
No comments:
Post a Comment