Friday, May 22, 2015

ကိုယ်ဘဝ ကိုယ်ပျော်အောင် နေ

နှစ်ယောက်တည်းရှိတဲ့အချိန် မှာ အရင်ကထက် ပြောစရာ စကားတွေ နည်းပါးလာတယ်။ အေးလေ ငယ်ငယ်ကလို ချစ်သူရည်းစားတွေမှ မဟုတ်တော့တာ ဆိုပြီးစိတ်လျော့ခဲ့ရ။
ညနေခင်းလေညှင်းခံရင်း လက်တွဲ လျှောက်တဲ့ အချိန်တွေ နည်းပါးလာတယ်။ အေးလေ ငယ်ငယ်ကလို ချစ်သူရည်းစားတွေမှ မဟုတ်တော့တာ ဆိုပြီးစိတ်လျော့ခဲ့ရ။

တခါတလေ ကိုယ်က ကလေးဆန်ဆန် ချစ်ချစ်ခင်ခင်လေး ပြုမူ မိတာတွေတောင် သူ့ရဲ့ အေးစက်စက် အမူအရာ တွေကြောင့် ကိုယ့်ကိုယ်ကို ရှက်လာမိတယ်။ အေးလေ ငယ်ငယ်ကလို ချစ်သူရည်းစားတွေမှ မဟုတ်တော့တာ ဆိုပြီးစိတ်လျော့ခဲ့ရ။
စိတ်ဆိုး စိတ်ကောက်သွားပေမယ့်လည်း လိုက်ချော့ဖို့ စိတ်ကူးရှိပုံမပေါ်ဘူး။ အေးလေ ငယ်ငယ်ကလို ချစ်သူရည်းစားတွေမှ မဟုတ်တော့တာ ဆိုပြီးစိတ်လျော့ခဲ့ရ။
ပြောသမျှ စကားတိုင်း ကို ဘောလုံးပွဲ တပွဲလောက် ဂျာနယ်တစောင်လောက် သူ့ဆော့နေကျ ဖုန်း game computer game လောက် စိတ်ဝင်တစား မရှိတော့ပါဘူး။ အေးလေ ငယ်ငယ်ကလို ချစ်သူရည်းစားတွေမှ မဟုတ်တော့တာ ဆိုပြီးစိတ်လျော့ခဲ့ရ။
ကိုယ့်ကိုယ်ကို ကြည့်ကောင်းအောင်အဆင်ပြေအောင် ကြိုးစားပမ်းစားပြင်ဆင်နေပေမယ့်လည်း ကျွန်မ လှနေလား ရုပ်ဆိုးနေလား သူစိတ်မဝင်စားတော့ဘူး။ အေးလေ ငယ်ငယ်ကလို ချစ်သူရည်းစားတွေမှ မဟုတ်တော့တာ ဆိုပြီးစိတ်လျော့ခဲ့ရ။
အဲဒီလိုမျိုး သူများနှာခေါင်းပေါက်နဲ့ အသက်ရှုနေမိ နေတဲ့ စိတ်ပျက်အားလျော့နေတဲ့ sis တို့ရေ
ဖောက်ပြန်နေတဲ့ ယောက်ျား တစ်ယောက်လည်း မဟုတ်ခဲ့ဘူး ဆိုရင် သူ့ကို ယုံကြည်စိတ်ချစွာ လွတ်လပ်ခွင့်ပေးလိုက်ပါ။ အဲ့ဒီလို စိတ်လေး ပြောင်းလိုက်တာနဲ့ ကိုယ့်အတွက် လွတ်လပ်ပေါ့ပါးမှု ဆိုတဲ့ စိတ် တခု ရသွားနိုင်ပါတယ်။
ဒါကြောင့် ဒီနေ့ကစ
ကိုယ့် ကိုယ်ကို လှအောင်နေ
ကိုယ့်အတွက် အကျိုးရှိမယ့် အလုပ်တွေလုပ်
ကိုယ်ဘဝ ကိုယ်ပျော်အောင် နေ
ဒီလိုလုပ်တာ ကိုယ့်ခင်ပွန်းကို စော်ကားတာတာလည်း မဟုတ်ပါဘူး ဖောက်ပြန်တာလည်း မဟုတ်ပါဘူး ။
ကိုယ့်သားသမီးတွေအတွက် ခေတ်မီ ပြီး တက်ကြွ ပျော်ရွှင် နေတဲ့ မေမေ များ
အရာရာ မှာ ကောင်းမွန်တဲ့ ရှေ့ဆောင်လမ်းပြ မေမေ ဖြစ်အောင် ကြိုးစားကြည့်ကြ ပါလား လို့
ကျွန်မဆီ စာရေးပြီး ရင်ဖွင့် ကြတဲ့ ညီမလေး များ အတွက် . . . . .

No comments:

Post a Comment