Friday, May 29, 2015

၆၇ နှစ်အဘွားရဲ့ လေးစားစရာစိတ်ဓာတ်နဲ့ ယနေ့ခေတ် ကျနော်တို့လူငယ်တွေ အတုယူစရာ

မွန်ပြည်နယ်က အသက် ၆၇ နှစ်အရွယ်အဖွါး တစ်ဦးမှ
ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းကို ကလေးများနှင့်အတူ
သင်တန်းအတူတက်ပြီး စာမေးပွဲဖြေနေတဲ့ ပုံရိပ်အချို့ကို
အံ့သြစွာတွေ့မြင်နေရပါတယ်။ မိမိရဲ့မာနတရားကို နှိမ့်ချပြီး
ကလေးများနဲ့အတူ ဘာသာရေးစာပေများကို လေ့လာသင်ကြား
နေတယ်ဆိုတာ ဗုဒ္ဓတရားနှင့်အညီကျင့်သုံးခြင်းဖြစ်ပါတယ်။





ဘာသာရေး လေ့လာရာတွင် အသက်ဖြင့်တိုင်းတာလို့မရပါ
ဗုဒ္ဓထင်ရှားရှိစဉ်တွင် အသက် ၇ နှစ်ဖြင့် သောတာပန်တည်ခဲ့ကြသည့်
အရိယာများရှိသလို အသက်ကြီးမှ သောတာပန်တည်ကြသည့်
အရိယာများရှိကြ၏။
ထို့ကြောင့် ကျနော်တို့သည် ဓမ္မကိုရှာဖွေရာတွင် စည်းစိမ် ဥစ္စာ ရာထူး
ဂုဏ်သိန် အသက် ဝါဖြင့် မတိုင်းတာအပ်ပေ။
ဒီလေးစားစရာအဖွါးအိုသည် ကျနော်တို့လူငယ်များအတွက် မီးမှောင်းထိုးပြနေ
သော အနာဂတ်ကြယ်ပွင့် လှလှလေးတစ်ခုဖြစ်ပေ၏။
ထို့ကြောင့် ကျနော်တို့လူငယ်တွေ အတုယူစရာအလွန်ကောင်းပေ၏။
-
သူများတော့မသိဘူး ကျနော်ကတော့ အရမ်းလေးစားပါတယ်ဗျာ။
လူတိုင်းအတုယူသင့်ပါတယ် ။။
~
ဓာတ်ပုံ-Keytu Mala

No comments:

Post a Comment