ကိုချူချာ ZOO သို့  ရောက်လာသည် ။ ဆင်ရုံအနား ရောက်သော် ဆင်ကြီးကို ကြည့်ပြီး ပြောသည် ။
" အားပါး ..များလိုက်တဲ့ အသား..တစ်ရွာလုံး ကျွေးတောင် ကုန်မှာ မဟုတ်ဘူး "
စပါးကြီးမြွေထားရာ လှောင်ချိုင့်အနား ကပ်သွားသည် ။
" အင်း..ဒီ တီကောင်နဲ့ သာ မျှားလိုက်ရင် ဝေလငါးတောင် မိနိုင်သေးရဲ့  "
မျောက်မကြီးရှိရာဘက် ရောက်သွားသောအခါ ကိုချူချာ အံ့သြတစ်ကြီး ပြောသည် ။
" အမေ ( ယောက်ခမကြီး ) ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲဗျ..ဟင်.."
Credit- TUN Aye
" ကျနော်လည်း ကြောက်တယ်.."
မိုးရာသီရောက်တိုင်း ကိုဘမောင် တစ်ချိန်လုံး ထိပ်ထိပ်ပျာပျာ ဖြစ်လေ့ရှိသည် ။ အကြောင်းရင်းမှာ
မိုးခြိမ်းသံကို သူ အလွန်ကြောက်သောကြောင့် ဖြစ်သည် ။ နောက်ဆုံးတွင် မိတ်ဆွေများ၏ တိုက်တွန်းချက်အရ စိတ်ရောဂါကု
ဆရာဝန်ထံ သွားသည် ။ ဆရာဝန်က ၄င်းကို နားထောင်ပြီးနောက် ပြောသည် ။
" မိုးခြိမ်းသံကိုများ ကြောက်ရတယ်လို့ ဗျာ..ရယ်စရာကြီး..
ဒါ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ သဘာဝပဲ..ဘာမှ ကြောက်စရာမလိုပါဘူး..
မိုးခြိမ်းသံကို ကြားတယ်ဆိုရင် ကျနော့်လို လုပ် ..
ခေါင်းအုံးအောက်ကို ခေါင်းကို ၀ှက်ထားလိုက် ဘာမှ မဖြစ်ဘူး..စိတ်ချ.."
Credit- Tun Aye
" လူကြီးလူကောင်း နှင့် ပတ်သက်သော မှတ်ချက်များ '
* လူကြီးလူကောင်း ဆိုသည်မှာ ပိုကောင်းတဲ့ နေရာကို ရဖို့ အတွက် ကိုယ့်နေရာကို အမြဲတမ်း ဖယ်ပေးတတ်သူ ။
* လူကြီးလူကောင်း ဆိုသည်မှာ နှစ်ယောက် သွားလို့ မရတဲ့လမ်းဆိုရင် အမျိုးသမီးကို အမြဲတမ်း လမ်းဖယ်ပေးတဲ့သူ ။
* လူကြီးလူကောင်း ဆိုသည်မှာ ခွင့်မလွှတ်နိုင်တဲ့ဟာကို မလုပ်ခင် ခွင့်လွှတ်ဖို့  အမြဲတမ်း ပန်ကြားတဲ့သူ ။
* လူကြီးလူကောင်း ဆိုသည်မှာ သူ့ ဆီက ဘာမှ မတောင်းဆိုဘူးဆိုရင် ပေးဖို့  မငြင်းတတ်တဲ့သူ ။
* လူကြီးလူကောင်း ဆိုသည်မှာ ကိုယ့်အမျိုးသမီး ဘာကြိုက်သလဲဆိုတာ သိအောင်လုပ်ထားပြီး အဲ့ဒါ ၀ယ်လို့ 
ရမဲ့နေရာကို ရှောင်တဲ့သူ ။
* လူကြီးလူကောင်းဆိုသည်မှာ အမျိုးသမီးကို ဘယ်တော့မှ မပစ်ဘူး . သူ့ ကို ပစ်သွားအောင်ပဲ လုပ်တဲ့သူ ။
Credit- TUN AYE

No comments:
Post a Comment