Thursday, May 28, 2015

နှစ်ပေါင်း ၁၇ဝဝသက်တမ်းရှိသည်ဟုယူဆရသော ပျူကျောက်စာတစ်ချပ်တွေ့ရှိသည်ကို သက်ဆိုင်ရာဌာနသို့ အဆင့်ဆင့်အကြောင်းကြားသော်လည်း လာရောက်လေ့လာခြင်းမရှိ၍ တွေ့ရှိသူက အဝတ်လျှော်ကျောက်ပြားအဖြစ် အသုံးပြုခဲ့သည်မှာ ရှစ်နှစ်ပင်ကြာမြင့်ခဲ့ပြီဟုဆို

ရန်ကုန်၊ မေ ၂၅
Yangon Media Group's photo.

 နှစ်ပေါင်း ၁၇ဝဝ ခန့် သက်တမ်းရှိသည်ဟုယူ ဆရသော ပျူကျောက်စာတစ်ချပ် ရှာဖွေတွေ့ရှိခဲ့ခြင်း အား တွေ့ရှိသူက ရပ်ကွက်တာဝန်ရှိသူများမှတစ်ဆင့် မြို့နယ်သို့ ထူးခြားဖြစ်စဉ်အဖြစ် တင် ပြခဲ့သော် လည်း မည်သူမျှလာရောက် လေ့လာခဲ့ခြင်းမရှိသည့်အတွက် ကျောက်စာတွေ့ရှိသူက အဝတ်လျှော် ကျောက်ပြားအဖြစ် အသုံးပြုခဲ့သည် မှာ နှစ်ပေါင်းရှစ်နှစ်နီးပါးပင် ကြာမြင့် ခဲ့ပြီဖြစ်ကြောင်း အဆိုပါဖြစ်ရပ်အား သွားရောက်လေ့လာခဲ့သူ မန္တလေး မှ ရှေးဟောင်းသုတေသနပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောကြားသည်။

အဆိုပါကျောက်စာကို လွန်ခဲ့ သည့် ၂ဝဝ၇ ခုနှစ်ခန့်က သာစည် မြို့နယ်အတွင်းရှိ ဆင်ရွာမှ တောင် သူတစ်ဦးက လယ်ထွန်ရင်း တွေ့ရှိ ခဲ့ခြင်းဖြစ်ကာ ယင်းသို့တွေ့ရှိခြင်းကို လည်း ရပ်ကွက်လူကြီးထံအသိပေး ခဲ့ပြီး ၄င်းမှမြို့နယ်သို့ ထူးခြားဖြစ်စဉ် သတင်းအဖြစ်ရေးသားတင်ပြခဲ့ကာ မြို့နယ်မှတစ်ဆင့် သက်ဆိုင်ရာဌာန သို့ ဆက်လက်တင်ပြခဲ့သော်လည်း အဆိုပါကျောက်စာကို လာရောက်လေ့ လာကြည့်ရှုသူ မရှိခဲ့သောကြောင့် တွေ့ရှိခဲ့သည့် တောင်သူက အဝတ် လျှော်ကျောက်ပြားအဖြစ်ရှစ်နှစ်နီး ပါးအသုံးပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် ၄င်းကျောက် စာတွေ့ရှိထားသည်ကို ယခုလ ၂ဝရက်ကမှသိရှိပြီး သွား ရောက်လေ့လာကြည့်ရှုခဲ့ရာပျူစာရေး ထိုးထားသောပျူကျောက်စာချပ်ဖြစ် ကြောင်း သိရှိရခြင်းဖြစ်သည်။
''ဆင်ရွာက တောင်သူက လယ် ထွန်တော့ ထွန်သွားနဲ့ချိတ်မိပြီးတွေ့ ခဲ့တာ။ ကျောက်စာကိုစမ်းကြည့်တော့ စာတွေ့တာနဲ့ပဲ တွေ့တဲ့အချိန်က အဆင့်ဆင့် အကြောင်းကြားခဲ့တယ် ဆိုတာကို ရွာလူကြီးကသူ့ရဲ့မှတ်စုထဲ မှတ်ထားတာပြလို့သိရတာပါ။ အ ကြောင်းကြားပေမယ့် ဘယ်သူမှမလာ တော့ သူတို့ကပေါ့ပြီး အဝတ်လျှော် ပစ်ကြတယ်။ ဒါနဲ့ကျွန်တော်တို့သွား တော့မှ ဒီလိုမလုပ်ဘဲ သေချာထိန်း သိမ်းပါလို့ပြောခဲ့တယ်။ ပြီးတော့ ဓမ္မာရုံပရဝဏ်ထဲမှာပဲ စိုက်ထောင် ထားဖို့ပြောတယ်။ ဘိလပ်မြေဖိုးပါလှူ ခဲ့လိုက်တယ်''ဟု ပျူကျောက်စာတွေ့ ရှိသည့် ဆင်ရွာသို့ သွားရောက်လေ့ လာခဲ့သည့် ရှေးဟောင်းအဖွဲ့တွင်ပါ ဝင်သောကိုစိုးနိုင်က ဆိုသည်။
အဆိုပါပျူကျောက်စာမှာ နှစ် ပေါင်း ၁၇ဝဝ ခန့်သက်တမ်းရှိပျူ ကျောက်စာဟု ရှေးဟောင်းသုတေ သနပညာရှင်အချို့နှင့် ကျောက်စာ ပညာရှင်မစ္စတာမစ်ကီတို့က ခန့်မှန်း ထားကြောင်းလည်း သိရသည်။
''လွန်ခဲ့တဲ့သုံးနှစ်လောက်က အသိ တစ်ယောက်ပြောလို့သိခဲ့တာ။ အခု မှပဲ တကယ်ရှိမရှိစုံစမ်းရင်းကနေ တကယ်ရှိတာသိရတာပါ။ ကျောက် စာကို လေ့လာလိုက်တော့ ရှေးကျတဲ့ ပျူစာနဲ့ရေးထိုးထားတဲ့ ပျူကျောက်စာ ဖြစ်နေတယ်။ ဒါကိုမသိကြတော့ တွေ့ တဲ့သူကအိမ်မှာ အဝတ်လျှော်ကျောက် ပြားလုပ်ထားတယ်။ ကျွန်တော်တို့မ သွားခင်အချိန်ထိပေါ့။ ဒါ့ကြောင့် ဒီလိုတော့ မလုပ်ပါနဲ့။ ကျောက်စာကို လုံလုံခြုံခြုံထားဖို့ပြောခဲ့တယ်။ ထိန်း သိမ်းဖို့လဲ ပြောခဲ့တယ်။ သူတို့လဲသ ဘောပေါက်သွားကြတယ်''ဟု တမ္ပဝတီ ဦးဝင်းမောင်က ဆိုသည်။
အဆိုပါပျူကျောက်စာတွေ့ရှိ ခြင်းနှင့်ပတ်သက်၍ ယဉ်ကျေးမှုဝန် ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာမှလည်း မေ ၂၂ ရက်က သွားရောက်လေ့လာ ခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးရှေး ဟောင်းသုတေသနဌာနသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် ၍မရခဲ့ပါ။
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yangon Media Group ----------──────-|
www.facebook.com/democracytodaynewspaper
www.myanmarnewsnetwork.com
|─────----------------Yangon Media Group ----------──────-|
Yangon Media Group's photo.

No comments:

Post a Comment