'' စစ် ''
ဒုံးဒုံး… ဒက်ဒက်…
တုံးလုံး ပက်လက် … !
ဒုံးဒုံး… ဒက်ဒက်…
တုံးလုံး ပက်လက် … !
ဆရာချစ်ဦးညို စင်္ကာပူ စာပေဟောပြောပွဲမှာ ရွတ်သွားတဲ့ကဗျာတိုလေးကို ဒီနေ့
လောက်ကိုင် စစ်ပွဲအခြေအနေနဲ့တွေးပြီး ရင့်နစ်စွာနဲ့ အမှတ်ရနေဖြစ်တယ်။
စစ်ပွဲမှာ သေလိုက်ကြတာ သောက်သောက်လဲ !
ဗမာ စစ်သားပဲသေသေ တိုင်းရင်းသား စစ်သားပဲသေသေ… ။မြန်မာလူမျိုးတွေ ဆုံးရှုံးနေရတာလို့ သမ္မတကြီးစကားလည်း
ယခုတော့ ဆွံ့အ တိတ်ဆိတ်နေသည်။
ကိုးကန့်ရန်သူ့အင်အား တိုက်ခိုက်ရေးစွမ်းရည် ကောင်းလွန်းလို့ယခုလို စစ်ပွဲသက်ကြာရှည်အောင် ခုခံနိုင်ခြင်းမျိုးမဟုတ် ပဲ… နောက်ခံဘက်ဂရောင်း မီးစတစ်ဘက် ရေမှုတ်တစ်ဖက် … တရုတ်ရဲ့စစ်နည်းဗျူဟာ ကျားကွက်အလျော့အတင်းအောက်မှာ မြန်မာလူမျိုးတို့
အသက်ချွေးတွေ အလကားဆုံးရှုံးပေးနေရသည်ဟု မြင်မိသည်။
စစ်ပွဲက စမိနေပြီ… မထူးတော့ အပြီးပိုင် ချေးမှုန်းနိင်ရမည်။
ဤ စစ်ပွဲ…အောင်မြင်စွာနဲ့
မထိန်းချုပ်နိင်လျှင် တရုတ်ဘောကို မ,ပေးနေရတဲ့လက်ရှိအခြေအနေမှ နောင်အခါ ကတီပါလက်အိတ်ဝတ်ပြီး တယုတယ မ,ပေးရတဲ့
ဘဝမျိုးကို ထပ်ဆင့်ရောက်သွားနိင်သည်။
လူနှစ်ဦး ရန်ဖြစ်လျှင် သတ်ပုတ်လျှင်…
ဒဏ်ရာအနာတွေကြောင့် ဆေးရုံ ဆေးခန်းရောက်မည်။
ရုံးတွေ ဂတ်တွေရောက်မည် ။ပဋိပက္ခဖြစ်တာ ကြီးကျယ်သည်နှင့်အမျှ အကုန်အကျ စရိတ်တွေများသည်။
ကြားက ရဲ / တရားသူကြီး / ဆေးရုံဆေးခန်းက အမြတ်ငွေ ရသွားကြသည်။
ပြဿနာဖြစ်သူ ကာယကံရှင် နှစ်ဦးကတော့ လူမှုရေး စီးပွားရေး ကျန်းမာရေး ကဏ္ဍစုံ ယုတ်လျော့ပြီး အားအင်လည်းလျော့နည်းကုန်သည်။
ဘေးလူတွေကတော့ မြောက်ပေးကြမှာမဆန်းကြယ်။
ဒါကို …နှလုံးရည်မသုံးပဲ မင်းဘာလည်း ငါဘာလည်း
လက်ရုံးသုံး နောက်တစ်ပွဲထပ်ကိုက်နေကြဦးမည်ဆိုလျှင်
နောက်ကားတွေကပျော်ရွှင်စွာနဲ့ကျော်တက်နေဦးမှာပါပဲ။
သေဆုံးသူ စစ်သည်များရဲ့မိသားစု နောက်ဆက်တွဲအခြေအနေတွေက အုပ်ချုပ်စီမံကွပ်ကဲမှု
ညံ့ဖျင်းသော အစိုးရ အခြေနေကြောင့် ပေးဆပ်ရတာ မတန်လိုက်တာ …ဟုလည်း ယုံကြည်မိသည် ။

No comments:
Post a Comment