မနက်ဖြန်ဆိုရင် အကြိုနေ့။
ဘယ်တော့ မှ ရိုးအီနေပါပြီလို့ ပြောမထွက်တဲ့ သင်္ကြန် က တကြော့ပြန်လာချေပြီလေ။
မိုးလင်းပြီဆိုကတည်းက လူတွေ တရုန်းရုန်း၊
လမ်းပေါ်မှာ ကားတွေ အပြည့်၊
ဝယ်ကြ၊ခြမ်းကြ၊ဈေးထဲမှာလည်း အော်သူအော်၊
ပျော်သူပျော်၊။
တချို့ဆို ပြုံးပြုံး ပြုံးပြုံးနဲ့ ၊စိတ်ထဲမှာကြိတ်ပျော်နေကြတာလေ။
မသိတာမှတ်လို့။
အရင်နှစ်ကလည်းပျော်လိုက်တာ ၊ဒီနှစ်လည်း အရင်နှစ်လိုပျော်ဦးမှာပဲပေါ့။
တယောက်နဲ့ တယောက်လည်း အပျော်တွေ ကူးစက်ကုန်ကြတယ်။
အပျော်ဆုံးကတော့ နှစ်တိုင်း ရှေ့ဆုံးကတက်ကြွတဲ့ ကလေးတွေပဲပေါ့။
ရေအရင်ဆုံး ပက်ခွင့် ပါမစ်ရထားသူတွေ။
နောက်မှပဲ တဖြည်းဖြည်းနဲ့ လူကြီးတွေလည်းပျော်ကုန်ကြတယ်။
ကလေးရှိသူများကလည်း ကလေးထိန်းသလိုလို ဘာလိုလိုနဲ့ သူတို့ပါရောဝင်ပျော်ကုန်ကြတယ်။
ပုံစံမတူ မြူးကြွတဲ့ သီချင်းသံတွေကလည်း စိတ်တက်ကြွ အောင် တနိုင်ငံလုံးပျံ့လွင့်နေခဲ့တယ်။
ဝန်ထမ်းတွေ ရေရှောင်သူတွေက ဒီရက်ကလေးမှာ ရိပ်သာတွေ ရောက်ကုန်တယ်။
ခေတ်လူငယ်၊ခေတ်လူကြီးတွေ ကလည်း သင်္ကြန် ဖက်ရှင် တွေနဲ့ပေါ့။
ရိုးရာနှစ်သစ်ကူးမှာ တနိုင်ငံလုံး ပျော်မဆုံးကြတဲ့ အချိန်။
အားလုံးကို မေ့နိုင်သလောက် မေ့ထားလိုက်ကြတယ်။
သောကတွေ ငြိမ်းအေး ရေလိုအေးလို့ ပန်းလိုမွေးတဲ့ ကာလ ကလေးပေါ့။
မိုးမရွာသေးလို့ ခါတော်မီပွင့်လာမယ့် ပိတောက် ပန်းတွေ ကိုလည်း မျှော်နေကြတယ်။
အခုတော့ ပိတောက်တုတွေ နဲ့သင်္ကြန်စင်မြင့်မှာ တင့်သင့်အောင်လည်း ပြင်ဆင်ခဲ့ကြပြီးပါပြီ။
သင်္ကြန်ရေ....
ယိမ်းအကတွေ နဲ့ ချဉ်းကပ်လှမ်းလာခဲ့ပါလှည့်။
မွန်မြတ် သန့်ရှင်း မြင့်မြတ် ဖြူစင်သော စိတ်တွေနဲ့ မြန်မာပြည်သားများကို လွမ်းခြုံ ပေးလိုက်ပါ။
ပျော်ရွှင် သာယာ ချမ်းသာသော နှစ်သစ်ကို အားလုံး ထိတွေ ပေါင်းစပ် ခံစားနိုင်ကြပါစေလို့ မေတ္တာ ပို့သပေးလိုက်ပါတယ်။
"ပက်လိုက်ပြီဗျာ.....ဗွမ်း""
12-4-2015

No comments:
Post a Comment